Latest News

Sunday, May 28, 2017

“NCA အရ နိုင်ငံရေးဆွေးနွေးမှု ရလဒ်ကို ပထမဆုံး သဘောတူစာချုပ် ချုပ်ဆို”

“NCA အရ နိုင်ငံရေးဆွေးနွေးမှု ရလဒ်ကို ပထမဆုံး သဘောတူစာချုပ် ချုပ်ဆို”

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) အရ နိုင်ငံရေးဆွေးနွေးမှု ရလဒ်များကို ပထမဆုံး သဘောတူစာချုပ် ချုပ်ဆိုခြင်းကို နေပြည်တော်ရှိ ၂၁ရာစု ပင်လုံညီလာခံ ကျင်းပရာ ခန်းမ၌ ပြုလုပ်ရာ မေ ၂၉ရက် နံနက် ၁၁နာရီ ၀၇ မိနစ်တွင် သဘောတူစာချုပ် အစိတ်အပိုင်းတစ်ရပ်အဖြစ် လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့သည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ရာစုပင်လုံ ဒုတိယ အစည်းအဝေးမှ အတည်ပြုလိုက်သည့် နိုင်ငံရေးဆိုင်ရာ မူဝါဒ အဆိုပြုချက် ၁၂ချက်၊ ၊ စီးပွားရေးဆိုင်ရာ မူဝါဒ ၁၁ချက်၊ လူမှုရေးဆိုင်ရာမူဝါဒ ၄ချက်၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာမူဝါဒ ၁၀ချက် စုစုပေါင်း ၃၇ ချက်ကို ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်းတစ်ရပ်အဖြစ် အစိုးရကိုယ်စားလှယ် ၊ တပ်မတော် ကိုယ်စားလှယ် ၊ နိုင်ငံရေးပါတီ ကိုယ်စားလှယ် ၊တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ကိုယ်စားလှယ် နှင့် လွှတ်တော်ကိုယ်စားလှယ်  တို့က လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့သည်။

အသိသက်သေများအဖြစ် ပါဝင်သင့် ပါဝင်ထိုက်သူများ ကိုယ်စားလှယ်များဖြစ်သည့် ဦးကျော်ဝင်း ၊သက္ခာတော်ရ ဆရာတော် သလွန်ကျဲအို၊ မိုင်းထွန်းမြိုင်၊ တိုင်းရင်းသား ကိုယ်စားလှယ်များဖြစ်သည့် ချင်းတိုင်းရင်းသား ကိုယ်စားလှယ် တစ်ဦး၊ ခွန်သန်းမြင့်၊ ဦးထွန်းအောင်ကျော် က လက်မှတ်ရေးထိုး ခဲ့သည်။

ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကျေးဇူးတင်စကား ပြောကြားနေသည်။

7Day News

No comments:

Post a Comment