Latest News

Sunday, May 28, 2017

** ​ဆိုင်​ကယ်​စီးလာသူနှစ်​ဦး မိုးကြိုးပစ်​ခံရ**

** ​ဆိုင်​ကယ်​စီးလာသူနှစ်​ဦး မိုးကြိုးပစ်​ခံရ**

၂၉ရက် မေလ ၂၀၁၇
Ko Yan Naing(Hinthada)

   ဧရာဝတီတိုင်း​ဒေသကြီး ပုသိမ်​​-​မော်​တင်ကားလမ်း ကိုင်း​ချောင်းတံတားအနီးတွင်​​ မေ၂၈ရက်​​ ည​နေ ၄နာရီခွဲခန့်​ ဆိုင်​ကယ်​စီးလာလူနှစ်​ဦး မိုးကြိုးပစ်​ခံရ၍ တဦးမှာ အခင်းဖြစ်​ရာ​နေရာတွင်​ ​သေဆုံးပြီး ကျန်​တဦးမှာ ​အောက်​ပိုင်းလှုပ်​မရ​ကြောင်း သတင်း ရရှိသည်​။
  ဖြစ်​စဉ်​မှာ ငပု​တောမြို့နယ်​ ကမ်းနီတမန်​​ချောင်းရွာ​နေသူနှစ်​ဦးဖြစ်​သည့်​ မင်းထက်​​အောင်​(ခ)ထက်​ထက်​ ၁၇နှစ်​ ​မောင်းနှင်​၍ ​နေမျိုးနိုင်​(၁၇)​နောက်မှထိုင်​၍ စီးလာ​သော ဆိုင်​ကယ်​သည်​ ပုသိမ်​မှ ကမ်းနီ​ကျေးရွာသို့ ပြန်​စဉ်​ ပုသိမ်​​ ​မော်​တင်​ကားလမ်းမိုင်​တိုင်​အမှတ်​(၁၆/၆-၁၆/၇)ကြားကိုင်း​ချောင်းတံတာအနီးတွင်​လျှပ်​စီးလက်​၍မိုးကြိုးပစ်​သဖြင့်​ ဆိုင်​ကယ်​တိမ်း​မှောက်​ကာ မိုးကြိုးပစ်​သည့်​ လျှပ်​စီး​ကြောင့်​ ​​နေမျိုးနိုင်​ မှာ ​သေဆုံးခဲ့ပြီး မင်းထက်​​အောင်​​(ခ)ထက်​ထက်​မှာ ခါး​အောက်​ပိုင်းလှုပ်​ရှားမရ/ဝဲဒူးပွန်းပဲ့ ဒဏ်​ရာများရရှိ၍ ပုသိမ်​​ဆေးရုံကြီးသို့ ပို​ဆောင်​ခဲ့ရ​ကြောင်း သိရသည်​။
   ပုသိမ်​မြို့နယ်​ သလပ်​ခွာနယ်​​မြေရဲစခန်းမှ ​သေမှု့​သေခင်း အမှတ်​စဉ်​ (၃/၂၀၁၀၇)အရ အမှုဖွင့်​​ဆောင်​ရွက်​လျှက်​ရှိ​ကြောင်း တာဝန်​ခံနယ်​ထိန်း ကိုစိုးမိုးမှ ​ပြောသည်​။
      ယခုနှစ်​မိုးဦးရာသီတွင်​ မြန်​မာနိုင်​တွင်​ လျှပ်​စီးမိုးကြိုးအများအပြားဖြစ်​နိုင်​​ကြောင်းကို ​ဒေါက်​တာထွန်းလွင်​မှ​အသိ​​ပေးကြားထားသလို မြန်​မာပြည်​အနှံအပြားတွင်​ မိုးကြိုးထိမှန်​၍​သေဆုံးသူများလည်​ရှိ​နေ​ကြောင်းသိရသည်​။
Photo - ငွေဆောင်(MJN)

No comments:

Post a Comment