Latest News

Sunday, May 28, 2017

သိမ်းဆည်မြေယာတွေ ပြန်ရအောင် အစွမ်းကုန်ဆောင်ရွက်ပေးမယ်လို့ မန္တလေးတိုင်း ဝန်ကြီးချုပ်ပြော

သိမ်းဆည်မြေယာတွေ ပြန်ရအောင် အစွမ်းကုန်ဆောင်ရွက်ပေးမယ်လို့ မန္တလေးတိုင်း ဝန်ကြီးချုပ်ပြော

မေလ ၂၈ ရက်က မြေသိမ်းခံတောင်သူတွေနဲ့ တွေ့ဆုံတုန်းမှာ ပြောခဲ့တာပါ။

တောင်သူတွေရဲ့ သားသမီးများ ပညာရေး၊ စီးပွားရေးများ ကျေးလက်ဒေသဖွံ့ဖြိုးရေး မနှောင့်နှေးစေဖို့အတွက် သိမ်းဆည်မြေယာတွေ ပြန်လည်ရရှိအောင် အစွမ်းကုန်ဆောင်ရွက်ပေးသွားမယ်လို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြောဆိုလိုက်ပါတယ်။

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ရှင်တော်ကုန်းကျေးရွာမှာ မြေသိမ်းခံတောင်သူတွေနဲ့ ၀န်ကြီးချုပ်တို့ မေလ(၂၈)ရက်နေ့က တွေ့ဆုံတဲ့အချိန် ၀န်ကြီးချုပ်က အဲဒီလိုပြောခဲ့တာဖြစ်တယ်လို့ တောင်သူတွေဆီက သိရပါတယ်။

ရှင်တော်ကုန်းကျေးရွာက မြေဧက ၁၇၃.၃၁ အပေါ် မြန်မာနိုင်ငံစစ်မူထမ်းဟောင်းအဖွဲ့က မေလ (၂၇) ရက်နေ့မှာ ဝင်ရောက်လုပ်ကိုင်ခဲ့တာကြောင့် တောင်သူတွေက တားဆီးခဲ့ပြီး အချင်းဖြစ်ပွားခဲ့တာကြောင့် ၀န်ကြီးချုပ်နဲ့ တောင်သူတွေ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

အဲဒီ မြေဧက ၁၇၃.၃၁ ဟာ တောင်သူ ၂၅ ယောက်ပိုင်တဲ့နေရာဖြစ်ပြီး ၁၉၉၆ ခုနှစ်ဝန်းကျင်မှာ ဗဟိုမီးသတ် သင်တန်းကျောင်းက သိမ်းဆည်းခဲ့ပြီးတဲ့နောက် မြန်မာနိုင်ငံ စစ်မူထမ်းဟောင်းအဖွဲ့ကို လွှဲပြောင်းပေးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီ မြေယာတွေမှာတော့ တစ်သျူးစက်ရုံ၊ ပလတ်စတစ်စက်ရုံနဲ့ ကြက်ခြံတွေရှိပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် အနေနဲ့ စာထုတ်ပြီး အဲဒီစက်ရုံတွေနဲ့ ကြက်ခြံတွေကို တားဆီးပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။
Source & Photos : MMk:Duwun

No comments:

Post a Comment