Latest News

Sunday, May 28, 2017

''သတိ - Mora လာမည်''

''သတိ -  Mora လာမည်''

နောက်(၂၄)နာရီအတွင်းအားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “ မိုရာ”(Mora) အဖြစ်သို့ ---

 ယနေ့မြန်မာစံတော်ချိန် (၀၆:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတွင်ဖြစ်ပေါ်နေသော အားကောင်းသောမုန်တိုင်းငယ်သည် အရှေ့မြောက် ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ပိုမိုအားကောင်းလာကာ ဆိုင်ကလုန်းမုန်တိုင်း “ မိုရာ”(Mora) အဖြစ်သို့ ရောက်ရှိ ခဲ့ပြီး၊ မြန်မာနိုင်ငံ၊ ပုသိမ်မြို့၏ အနောက်ဘက်မိုင်(၁၉၀)ခန့်၊ စစ်တွေမြို့၏ အနောက်တောင်ဘက် မိုင်(၂၂၀) ခန့်၊ ကျောက်ဖြူမြို့၏ အနောက်တောင်ဘက် မိုင်(၂၀၀)ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းမြို့၏ တောင်-အနောက်တောင်ဘက် မိုင်(၃၄၀)ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ အဆိုပါ ဆိုင်ကလုန်း မုန်တိုင်းသည် နောက်(၂၄)နာရီအတွင်း အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “ မိုရာ”(Mora) အဖြစ်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။

Source/ မိုးဇလမှ ယနေ့ နံနက်(၀၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်
Ko Kyaw Swar Min

No comments:

Post a Comment