Thursday, May 18, 2017
ဧရာဝတီတိုင်းအစိုးရ စီမံဘဏ္ဍာရေးဝန်ကြီးသစ် ခန့်အပ်
ဧရာဝတီတိုင်းအစိုးရ စီမံဘဏ္ဍာရေးဝန်ကြီးသစ် ခန့်အပ်
ဧရာဝတီတိုင်းအစိုးရရဲ့ စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီးအဖြစ် ကျန်းမာရေးစီမံကိန်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် အငြိမ်းစား ဦးဌေးဝင်းကို ဒီကနေ့ ကျင်းပတဲ့ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ပုံမှန် အစည်းအဝေးမှာ ခန့်အပ်ပါတယ်။
ဝန်ကြီးချုပ် မန်းဂျော်နီရဲ့ နာမည်စာရင်း တင်သွင်းမှုအရ လွှတ်တော်ရဲ့ သဘောထားဆန္ဒ ရယူခဲ့ပြီး ကန့်ကွက်သူ မရှိတဲ့အတွက် အတည်ပြုခန့်အပ်ခဲ့တာဖြစ်ပါတယ်။
အရင် စီမံဘဏ္ဍာဝန်ကြီး တာဝန်ယူခဲ့တဲ့ ဦးလှကျော်ဟာ စိုက်ပျိုးမွေးမြူရေး ပြည်ထောင်စုဒုဝန်ကြီးအဖြစ် တာဝန်ယူခဲ့ရတဲ့အတွက် လစ်လပ်နေတဲ့ နေရာကို လျှပ်စစ်၊ စက်မှုလက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ခေတ္တတာဝန်ယူခဲ့ရပြီး ၅ လ အကြာမှ အခုလို ဝန်ကြီးအသစ် ခန့်အပ်နိုင်တာပါ။
ခန့်အပ်ခံရတဲ့ ဝန်ကြီးဦးဌေးဝင်းအနေနဲ့ ကျန်းမာရေး စီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်အဖြစ် ၂၀၁၄ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး တာဝန်က အနားယူချိန်မှာတော့ အန်အယ်လ်ဒီရဲ့ ဗဟိုစီးပွားရေးကော်မတီ အဖွဲ့ဝင်အဖြစ် ဆောင်ရွက်နေတာပါ။
DVB
ဧရာဝတီတိုင်းအစိုးရ စီမံဘဏ္ဍာရေးဝန်ကြီးသစ် ခန့်အပ်
Reviewed by Ar Ti
on
12:05 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment