Latest News

Thursday, May 18, 2017

တောင်ကိုရီးယားက မြန်မာအတွက် အကူအညီ ဆန်တန်ချိန် ၅၀၀ ပေးပို့

တောင်ကိုရီးယားက မြန်မာအတွက် အကူအညီ ဆန်တန်ချိန် ၅၀၀ ပေးပို့

တောင်ကိုရီးယားနိုင်ငံက  မြန်မာနိုင်ငံကို ဆန်တန်ချိန် ၅၀၀ အကူအညီပေးပို့မယ်လို့ တောင်ကိုရီးယားစိုက်ပျိုးရေး ၀န်ကြီးဌာနရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ကိုရီးယား ယွန်ဟပ် သတင်းမှာ ဖော်ပြပါတယ်။

နိုင်ငံတကာ စားနပ်ရိက္ခာ အကူအညီပေးရေးအစီအစဉ်အရ အရှေ့တောင်အာရှက ဖွဲ့ဖြိုးဆဲ နိုင်ငံတွေကို ပထမဆုံးအကြိမ် ပေးပို့တာဖြစ်ပြီး ဆန်တန်ချိန် ၂၅၀ တင်ဆောင်ထားတဲ့ ကုန်တင်သင်္ဘောဟာ   ကြာသပတေးနေ့မှာ  ကမ္ဘောဒီးယားနိုင်ငံကို သွားရောက်မှာဖြစ်သလို ဆန်တန်ချိန် ၅၀၀ ကတော့ မြန်မာနိုင်ငံကို သောကြာနေ့မှာ ပို့ဆောင်မယ်လို့  ကိုရီးယား စိုက်ပျိုးရေး၊ အစားအစာနဲ့ ကျေးလက်ရေးရာဝန်ကြီးဌာနက ပြောပါတယ်။

အာဆီယံနဲ့ တရုတ်၊ ဂျပန်၊ ကိုရီးယား၃ နိုင်ငံ ASEAN+3 အစည်းဝေးရဲ့ အတည်ပြုချက်အရ တောင်ကိုရီးယားအစိုးရရဲ့ ဒေသတွင်း စားနပ်ရိက္ခာ အကူအညီပေးရေး အစီအစဉ် အစိတ်အပိုင်းတခုအဖြစ် ခုလို အကူအညီပေးအပ်တာလည်း ဖြစ်ပါတယ်။

အစိုးရက သိုလှောင်ထားတဲ့ ဆန်တွေကို  နိုင်ငံတကာမူဘောင်တွေနဲ့အညီ ဆင်းရဲတဲ့ တတိယနိုင်ငံတွေကို ပထမဆုံးအကြိမ် လှူဒါန်းမယ်လို့  တောင်ကိုရီးယားဝန်ကြီးဌာနက ပြောပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာ ဆန်စားသုံးမှုတွေ သိသိသာသာ ကျဆင်းနေရာကနေ  ဆန်ထုတ်လုပ်မှု ကာလရှည်ပိုလျှံနေတာ ဖြစ်ပါတယ်။

မနှစ်က တောင်ကိုရီးယားမှာ ဆန်ထုတ်လုပ်ထွက်ရှိမှု တန်ချိန် ၄ ဒသမ၂သန်း ရှိခဲ့ပြီး သုံးစွဲမှုတန်ချိန်၃ ဒသမ ၉ သန်း ရှိခဲ့လို့ ဆန်တန်ချိန်ပေါင်း ၃ သိန်း ပိုလျှံခဲ့တာပါ။ အခု ၂၀၁၇ နှစ်မှာလည်း ဆန်တန်ချိန်ပေါင်း ၂ သိန်းလောက် ပိုလျှံဖို့ရှိတယ်လို့ ယွန်ဟပ် သတင်းမှာ ဖော်ပြပါတယ်။
ဓာတ်ပုံ- Yonhap
DVB

No comments:

Post a Comment