Latest News

Wednesday, April 5, 2017

ကျုံပျော်မြို့ တွင် ပါဝါအိတ်ဇောပိုက် အိတ်ဇောပိုက်အပေါက် တပ်ဆင်မောင်းနှင်သည့် ဆိုင်ကယ်များကို ထပ်မံဖမ်းဆီးအရေးယူမည်




ကျုံပျော်မြို့ တွင် ပါဝါအိတ်ဇောပိုက် အိတ်ဇောပိုက်အပေါက် တပ်ဆင်မောင်းနှင်သည့် ဆိုင်ကယ်များကို ထပ်မံဖမ်းဆီးအရေးယူမည်


သင်္ကြန်ကာလမတိုင်မီ ကျုံပျော်မြို့ တွင် အိတ်ဇောပိုက်တပ်ဆင်မောင်းနှင်နေသည့် ဆိုင်ကယ်များ ကိုဖမ်းဆီးအရေးယူမည်ဖြစ်ကြောင်းစခန်းမှုး ဦးခိုင်ကျော်ဦး ထံမှသတင်းရ ရှိသည်။

ကျုံပျော်မြို့ ရှိ လူစည်ကား ရာနေရာများတွင် မတ်လ မှ စတင်၍ မြို့နယ်ဋ္ဌာနဆိုင်ရာများ နှင့် ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး အိတ်ဇော်ပိုက်တပ်ဆင် မောင်းနှင်နေ သည့် ဆိုင်ကယ်များကို ဖမ်းဆီးနေကြောင်း စခန်းမှုး
ဦးခိုင်ကျော်ဦး မှပြောပါတယ်။

"ကျွန်တော်တို့ အခု အိတ်ဇောပိုက်ဖြုတ်ထားတဲ့ ဆိုင်ကယ်တွေပဲ ဖမ်းတာပါ။ အခုဖမ်းဆီးတယ်ဆိုတာ ရှောင်တခင်စစ်ဆေး မှုနဲ့ ဖမ်းဆီးတာပါ။ သင်္ကြန်ရက် ရောက်ရင် ပိုဖမ်းမယ်။ စည်းကမ်းမဲ့ မောင်းနှင်ခြင်းမျိုး ကိုလဲ ထိရောက်စွာ အရေးယူမယ်။"

ဧပြီ ၆ ရက်နှင့်နောက်ပိုင်း ကာလတွင် ဖမ်းဆီးရမိသည့် အိတ်ဇောပိုက်တပ်ဆင်မောင်းနှင် နေသည့် ဆိုင်ကယ်များကို သင်္ကြန်ကာလအပြီး ရုံးဖွင့်ရက်မှသာထုတ်ပေးမည်ဖြစ်ကြောင်း၊ ထိုဆိုင်ကယ်များကို မြို့မ ရဲစခန်း ကျုံပျော် တွင်ယာယီထိန်းသိမ်းထားမည်ဖြစ်ကြောင်း အထက်ပါတာဝန်ရှိသူက ဆိုသည်။

၂၀၁၅ မော်တော်ယာဉ်ဥပ ဒေအရ စည်းကမ်းမဲ့ယာဉ်များကို မောင်းနှင်ပါက ကျပ်သုံးသောင်း ထက်မပိုသော ဒဏ်ငွေ(သို့မ ဟုတ်) ထောင်ဒဏ်တစ်လထက် မပိုသော ပြစ်ဒဏ်ကျခံရမည် ဖြစ်ကြောင်း ဖော်ပြထား
သည်။

No comments:

Post a Comment