Latest News

Wednesday, April 5, 2017

ဒေါ်အောင်ဆန်းစုကြည် နှင့် ကချင်လူထု ခေါင်းဆောင်များ တွေ့ဆုံခဲ့မှု ကချင် အမျိုးသားများ အတိုင်ပင်ခံ အဖွဲ့ သဘောထား ထုတ်ပြန်

ဒေါ်အောင်ဆန်းစုကြည် နှင့် ကချင်လူထု ခေါင်းဆောင်များ တွေ့ဆုံခဲ့မှု ကချင် အမျိုးသားများ အတိုင်ပင်ခံ အဖွဲ့ သဘောထား ထုတ်ပြန်

ဖိုးစိုးသူ

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် ကချင် လူထု ခေါင်းဆောင်များ တွေ့ဆုံခဲ့မှု အပေါ် ကချင် အမျိုးသား အတိုင်ပင်ခံ အဖွဲ့က ဧပြီ ၃ ရက်တွင် သဘောထား ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့သည်။

ပြည်ထောင်စု မြန်မာနိုင်ငံသည် ၁၉၄၇ ပင်လုံ စာချုပ်ကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည့် အတွက် ပင်လုံ စာချုပ်ကို အခြေခံသည့် ဖက်ဒရယ် ပြည်ထောင်စုနှင့် ပတ်သက်သည့် ဆွေးနွေးမှုသည် တိုင်းရင်းသား အားလုံး အကျုံးဝင်ကြောင်း ဆိုသည်။

ကချင် လူထု ခေါင်းဆောင် များသည် စစ်မှန်သော ငြိမ်းချမ်းရေးကို လိုလားပြီး တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု စာချုပ်သည် နက်နဲသော ကိစ္စ တစ်ခု ဖြစ်သည့် အတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဆက်လက် ဆွေးနွေးပြီး ထာဝစဉ် တည်တံ့ ခိုင်မြဲသော သဘောတူညီမှုများ ရရှိရေးသည် အဓိက ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

"နိုင်ငံတော် အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကြား ယုံကြည်မှု တည်ဆောက်နိုင်မှ သာလျှင် စစ်မှန်သော ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အောင်မြင်မည် ဟု
လေးလေးနက်နက် ယုံကြည်ပါသည်" ဟု ကချင် အမျိုးသား အတိုင်ပင်ခံ အဖွဲ့၏ ကြေညာချက်တွင် ဖော်ပြထားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် မတ် ၂၈ ရက်က ကချင်ပြည်နယ်သို့ သွားရောက် ခဲ့ပြီး ကချင် လူထု ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ကာ ငြိမ်းချမ်းရေး ကိစ္စနှင့် ဆိုင်သော ကိစ္စများကို ဆွေးနွေးခဲ့ကြသည်။

The Myanmar Times Daily Newspaper - Myanmar Version

No comments:

Post a Comment