Latest News

Wednesday, April 5, 2017

ဂေါ်ရင်ဂျီကျွန်း သာယာလှပရေး အမှိုက်ပုံးများထားရှိမည်

ဂေါ်ရင်ဂျီကျွန်း သာယာလှပရေး အမှိုက်ပုံးများထားရှိမည်

ရန်ကုန်၊ ဧပြီ (၅) ရက်။

ဧရာဝတီတိုင်းဒေသကြီး၊ ငရုတ်ကောင်းမြို့နယ်ရှိ ဂေါ်ရင်ဂျီကျွန်းကမ်းခြေသာယာလှပရေးအတွက် အမှိုက်ပုံး များ ထားရှိရန် စီစဉ်နေကြောင်း ဂေါ်ရင်ဂျီကျွန်း ကမ်းခြေသာယာလှပရေးအဖွဲ့ထံမှ သိရှိရသည်။

ခရီးသွားများ လာရောက်လည်ပတ်မည့် သင်္ကြန်ကာလအတွက် ကြိုတင်ပြင်ဆင်ခြင်းနှင့် ကမ်းခြေ ရေရှည်လှပ ရေးအတွက် အမှိုက်ပုံး အလုံး(၅၀)ခန့် ထားရှိရန်လိုအပ်နေပြီး အလှူရှင်များကိုလည်း ဖိတ်ခေါ်လျက်ရှိကြောင်း သိရသည်။

“အထူးသဖြင့် ခရီးသွားဧည့်သည်အများဆုံးလာတဲ့ ဂေါ်ရင်ဂျီကျွန်းက မြဝတီစေတီတော်၊ လိပ်ဂျိုင်နဲ့ ပလ္လင်ဂျိုင် နေရာ(၃)ခုမှာ အမှိုက်ပုံး(၂၀)လောက်ထားသွားမှာပါ။ နေရာ(၃)ခုနဲ့ ကမ်းခြေနဲ့နီးစပ်တဲ့နေရာတွေမှာဆို အနည်း ဆုံးတော့ အမှိုက်ပုံး(၅၀)လောက်တော့လိုအပ်ပါတယ်။ ကျောက်ဆောင်နဲ့ ပင်လယ်ဆက်စပ်နေတဲ့နေရာတွေ သဘာဝအတိုင်းရှိစေဖို့ ဒေသခံတွေကိုယ်တိုင်ပါဝင်ပြီး အမှိုက်ကောက်တွေလည်း လုပ်သွားဖို့ရှိပါတယ်။”ဟု ကမ်းခြေသာယာလှပရေးအဖွဲ့ဝင် ကိုတူးမိုင်ကပြောသည်။

ကမ်းခြေသာယာလှပရေးအတွက် ထားရှိမည့်အမှိုက်ပုံးများမှာ ဈေးနှုန်းကျပ်(၁၃၀၀၀)မှ ကျပ်(၁၉၀၀၀)အထိရှိ ပြီး လှူဒါန်းလိုသူများလည်း ဆက်သွယ်လှူဒါန်းနိုင်ရန် ဖိတ်ခေါ်ထားကြောင်း သိရသည်။

“လူများတော့ အမှိုက်များမယ်လေ။ ရေသန့်ဘူးတွေ များလာမယ်။ ပင်လယ်ထဲလည်း ပစ်ထည့်လိုက်မယ်။ သန့် သန့်လေးနဲ့မြင်လိုက်ရင် ရှိနေတဲ့သဘာဝတရားကြီးမပျက်သွားအောင် ကျွန်မတို့ဒေသခံတွေက ကြိုတင်ကာ ကွယ်မှုတွေ လုပ်ဆောင်သွားမှာပါ။ ကျွန်းကို စစတက်ချင်း အဝင်ဘုရားမှာထားမယ်။ ဘုရားပေါ်မှာ ဘုရားဖူးများ လာရင် အမွေးတိုင်တုတ်တွေထည့်နိုင်ဖို့ အမှိုက်ပုံးထားပေးမယ်။ လူနဲ့နီးတဲ့နေရာတွေမှာ ထားမယ်။”ဟု ငရုတ် ကောင်းမြို့၊ နံ့သာပုရွာမှဒေသခံ နန့်ချိုပြုံးက ပြောသည်။

ငရုတ်ကောင်းမြို့နယ်ရှိ ကျေးရွာအုပ်စုများမှ ဒေသခံများဖြင့် ဖွဲ့စည်းထားသည့် ဂေါ်ရင်ဂျီကျွန်းကမ်းခြေ သာယာလှပရေးအဖွဲ့အနေဖြင့် သင်္ကြန်ကာလအတွင်း စုပေါင်းအမှိုက်ကောက်သွားရန်ရှိကြောင်း သိရသည်။

အေမီအောင် (မြစ်မခ)

No comments:

Post a Comment