Latest News

Tuesday, April 4, 2017

လူ့ အတန်းပညာ နှင့် ဘုန်းကြီးစာ

လူ့ အတန်းပညာ နှင့် ဘုန်းကြီးစာ

တချို့က လူတွေရဲ့အတန်းပညာ ကိုသာ တန်ဖိုးထားကြတယ်

ရဟန်းတော် တွေရဲ့ စာပေတွေကိုတော့ ဘယ်လောက်ထိ တန်ဖိုးကြီးတယ်

ရဟန်း စာမေးပွဲတွေ ဘယ်လိုခက်ခဲတယ်ဆိုတာ
မသိကြဘူး မတူပေမဲ့ နှိုင်းယှဉ်ပြပါ့မယ်

လူ တွေ ဆယ်တန်း မှာ တဘုန်း၂ကျသလို
ရဟန်းတော်တွေလည်း အကြီးတန်းမှာ တဘုန်း၂ပါပဲ

လူတွေရဲ့ခဲယဉ်းတယ်ဆိုတဲ့ ဆယ်တန်းစာပေဟာ ရဟန်းတော်တွေရဲ့ အကြီးတန်းစာပေကို ဖြေဖျားတောင်မမှီပါဘူး

ရဟန်းတော် တွေရဲ့ စာချတန်းအောင်တယ်ဆိုတာ လူတွေမှာ တက္ကသိုလ်က ကျူတာတွေထက်တော်လို့ပါ

ရဟန်းတော် တွေရဲ့ဘွဲ့တော်နောက်မှာ အလင်္ကာရ ,အဘိဝံသ တို့, သစအ တို့, ဝဋံသကာ တို့ ပါလာပြီဆိုရင်

လူ့လောကမှာ အထင်ကြီးလေးစားနေကြတဲ့ ဆရာဝန်ကြီး အင်ဂျင်နီယာကြီးတို့ ရေကြောင်းတို့ ကွန်ပြူတာတို့ထက် အဆပေါင်းများစွာ ကြိုးစားခဲ့ရတယ်ဆိုတာ မှတ်ထားလိုက်ကြပေတော့

အဲဒီလိုပြောလို့ မယုံမရှိနဲ့
ဒီနေ့ထိ တစ်နိုင်ငံလုံးကို #ဘိဝံသ အပါး(၃၀၀)ကျော်ပဲ ပေါ်ထွက်သေးတယ်

#သစအ ဆိုတာ ဒီနေ့ထိ ရာဂဏန်း မကျော်သေးဘူး

#ဝဋံသကာ ဆိုတာကတော့ နှစ်ဆယ် မကျော်သေးဘူး

အဲဒါ တစ်နိုင်ငံလုံး အတိုင်းအတာကို ပြောတာပါ

တိပိဋ က ဆရာတော်တွေဖြစ်ဖို့ကတော့ မမေးနဲ့
တစ်နေ့ကို ခုနှစ်နာရီနှုန်းနဲ့ (သုံးနှစ်) လောက်ကျက်ခဲ့ရတယ်လို့ မော်ကျွန်းဆရာတော် မိန့်ဖူးတယ်

တိပိဋက ကောဝိဓ ဆိုတာကတော့ အာဂုံဆောင်တဲ့အပြင် အကျယ်ဖွင့်ထားတဲ့ စာအုပ်ပေါင်း တစ်ထောင်ကျော်ကို
ရေးဖြေ (၇၅)မှတ်ရမှ အောင်သတဲ့

“ဗုဒ္ဓ” ကိုယ်တိုင် သုတဗုဒ္ဓဆိုပြီး ချီးကျူးခဲ့တဲ့ ကိုယ်တော်ကြီးတွေပေါ့

ဒါကြောင့်လည်း ပိဋကတ်သုံးပုံဆောင်တွေကို
ကမ္ဘာ့အံ့သြစရာပုဂ္ဂိုလ်တွေဆိုပြီး
ကမ္ဘာ့ ဂရင်းနစ်မှတ်တမ်းစာအုပ်ကြီးထဲမှာ ဖော်ပြခံခဲ့ရတယ်လေ

READ  မိန်းကလေးများ ယောင်္ကျားတွေရဲ့ ခန္ဓာကိုယ်က ဘာတွေကို စိတ်ဝင်တစားကြည့်ကြသလဲ?
လူတွေက #ပညာလေးနည်း၂တတ်တာနဲ့
ရဟန်းတော်တွေကို အထင်သေးလို့ ရေးပေးရတာပါ

သူတို့ဖြေရတာလည်း မလွယ်လှပါဘူး
ပါဠိလိုတွေ ဖြေရတာပါ

#ခေတ်ပညာတတ်ရုံနဲ့ သွေးနားထင်ရောက်သူတွေ နားလည်နိုင်ပါစေ ။

လေးစားစွာဖြင့်
Credit : ဦးမြင့်ခိုင်

No comments:

Post a Comment