Latest News
Tuesday, April 4, 2017
လူနှစ်ဦးဝိုင်းရိုက်မှုကိုအမှုမဖွင့်ချင်ရင် ရိုက်တဲ့ သူကို လက်ထိပ်ဖြုတ်ပြန်လွှတ်ပေးမယ် လို့ ရဲတပ်ဖွဲ့ ပြော
လူနှစ်ဦးဝိုင်းရိုက်မှုကိုအမှုမဖွင့်ချင်ရင် ရိုက်တဲ့ သူကို လက်ထိပ်ဖြုတ်ပြန်လွှတ်ပေးမယ် လို့ ရဲတပ်ဖွဲ့ ပြော
By  timeayeyar  11:52 AM  Crime, Pathein
လူနှစ်ဦးဝိုင်းရိုက်မှုကိုအမှုမဖွင့်ချင်ရင် ရိုက်တဲ့ သူကိုလက်ထပ်ဖြုတ်ပြန်လွှတ်ပေးမယ်လို့ ဧပြီလ(၄)ရက်ည (၁၂)နာရီခန့် က 
ပုသိမ်မြို့ မရဲစခန်းကအခင်းဖြစ်နေရာကိုရောက်လာတဲ့ ရဲအုပ်တစ်ဦးကပြောဆိုလိုက်ပါတယ်။
"သူကအမှုမတိုင်ချင်လို့  ပြန်သွားတယ်ဆိုတော့ ငါတို့ ကလက်ထိပ်ဖြုတ် လွှတ်ပေးရုံပဲရှိတယ် "လို့ 
၎င်းကပြောပါတယ်။အဲဒီလိုပြောဆိုမှုကို ရပ်ကွက်အုပ်ချုပ်ရေးမှူးကလည်း "ဒါပေါ့ ဟုတ်တယ်လေ"
လို့ ထောက်ခံပြောဆိုပါတယ်။
"ခုကတော့ ဘာမှမဖြစ်ဘူး။မနက်မိုးလင်းမှတော့ ကျနော့်ဘယ်သူရိုက်လဲလို့ လာမလုပ်နဲ့  "လို့ လည်းအဆိုပါရဲအုပ်ကထပ်မံပြောဆိုပါတယ်။
ဧပြီလ(၄)ရက်နေ့ ည  ၁၁ နာရီ၂၀မိနစ် ခန့် မှာလူငယ်သုံး ဦးအချေတင်စကားများရင်းလူငယ်နှစ်ဦးက 
တစ်ဦးကိုမှန်ကြိုးထည့် ထားတဲ့ အိတ်များနဲ့ ဝိုင်းဝန်းရိုက်နှက်မှုတစ်ခုပုသိမ်မြို့ဈေးလေးလမ်းမှာ ဖြစ်ပွါးခဲ့
တာပါ။
သာပြောတာ။အော်သံကြားတော့ ထွက်ကြည်တော့ မှန်ကြိုးအိတ်တွေနဲ့  ၀ိုင်းရိုက်နေတာ ကျွန်မအော်
လို့ နောက်မို့အဲ့ကောင်လေးသေတယ်" လို့  မျက်မြင်တွေ ရှိသူ အမျိုးသမီးတစ်ဦးကပြောပါတယ်။
စတင်တွေ့ ရှိတဲ့ အဆိုပါမျိုးသမီး၏ တားဆီးမှုကို အနီးပတ်ဝန်းကျင်ကသိရှိကာ အဆိုပါဝိုင်းဝန်းရိုက်နှက်မှု
ကို တားဆီးခဲ့ ပါတယ်။
"လှိမ့်ရိုက်နေတာ။ သူ့ ကိုမကြည့်ပဲထားရင်သေတာပေါ့ ။အဲဒါနဲ့ ဝိုင်းဆွဲတော့ရိုက်တဲ့ ကောင်လေးနှစ်ယောက်က 
တစ်ယောက်ထွက်ပြေးသွားတယ်။ တစ်ယောက်တော့ ကျနော်တို့ က ဆိုင်ကယ်ပေါ်ကအတင်း
လှမ်းဆွဲထားပြီးခေါ်ထားလိုက်ပြီး ရဲစခန်းဖုန်းဆက်လိုက်တာ"လို့ ရန်ပွဲကိုတားဆီးရာမှာပါဝင်သူတစ်ဦး
ကပြောပါတယ်။
ကျနော်  အခင်းဖြစ်နေရာကိုရောက်တဲ့ အချိန်မှာတော့ ရဲတပ်ဖွဲ့ က လူငယ်တစ်ဦးကို လက်ထိပ်ခတ်ဖမ်းဆီး ထားပြီး 
၎င်းနှင့်အတူ TVကော်ဘူးကိုလည်း သိမ်းဆည်းခဲ့ ပါတယ်။ရိုက်နှက်ခံရသူကတော့ သွေးများစွန်း
လျက်လဲကျနေပါတယ်။
"ကျနော်ကွမ်းယာဆိုင်မှာ ကကွမ်းဝယ်နေတော့ သူတို့ နှစ်ယောက် အုတ်ပုံက်ု ကန်ဖြိုနေလို့ ကျနော်က
လည်းသောက်စားထားတော့ မင်းတို့ -ီး  ဖြစ်လို့ ကန်တာလားလို့ ဆဲမိတယ်။အဲတော့ မင်းကဘာကောင်
လည်းဆိုပြီး ကျနော့်ကို ၀ိုင်းရိုက်တာ။ သူတို့မှာလက်နက်ပါတယ်။အဲ့ ကောင်ကိုအသေထိုးလို့ လည်းပြော
တယ်"လို့  လဲကျနေတဲ့  လူငယ်က ပြောပါတယ်။
သင်္ကြန်တွင်းနီးတာကြောင့် ရန်ဖြစ်မှု ရိုက်မှုတွေစခန်းမှာအမှုတွေအများအပြားရှိနေတယ်လို့  လည်း
အဆိုပါရဲအုပ်ပြောပြချက်အရသိရပါတယ်။
မျိုးမင်းပိုင်
No comments:
Post a Comment