Latest News

Monday, April 3, 2017

ငွေကျပ် ၇ ဘီလီယံခွဲ ပျောက်ဆုံးမှု မကွေးတိုင်း ဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေကို စစ်ဆေးချက် မကြာမီ ထုတ်ပြန်မယ်


ငွေကျပ် ၇ ဘီလီယံခွဲ ပျောက်ဆုံးနေမှုနဲ့ ပတ်သက်ပြီး အရင် အစိုးရလက်ထက် မကွေးတိုင်း ဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေ ခေါင်းဆောင်တဲ့ တိုင်းအစိုးရကို စစ်ဆေးနေပြီး မကြာမီ သတင်းထုတ်ပြန်မှာ ဖြစ်ပါတယ်။

ဒီဗီဘီ သတင်းဌာနရဲ့ ဒီဘိတ်အစီအစဉ်မှာ ဆွေးနွေးရင်း မကွေးတိုင်းဒေသကြီး အလုပ်သမားနှင့် လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီး ဦးနေမျိုးကျော်က အဲဒီလို စစ်ဆေးနေမှု အခြေအနေကို ထည့်သွင်း ပြောဆိုတာ ဖြစ်ပါတယ်။

ရေနံလက်ယက်တွင်း လုပ်ငန်းရှင်တွေ ဆီကနေ ကောက်ခံထားတဲ့ ကျပ်ငွေ ၂ ဘီလီယံခွဲကျော် ပျောက်ဆုံးမှုကို စစ်ဆေးစဉ်မှာ ပျောက်ဆုံးမှုဟာ ၇ ဘီလီယံခွဲအထိ ရှိကြောင်း တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ဒီအမှုကို လွန်ခဲ့တဲ့ နှစ်လကျော်ကတည်းက အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ စသုံးလုံးက စစ်ဆေးနေခဲ့တာ ဖြစ်ပါတယ်။

အဲဒီလို ကောက်ခံငွေတွေ အစိုးရကို လွှဲပေးခြင်း ရှိ၊ မရှိ မနှစ်က မေလမှာ ပွင့်ဖြူမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်းက မေးမြန်းခဲ့ပါတယ်။ ငွေတွေကို လွှဲပြောင်းပေးခြင်း မရှိကြောင်းနဲ့ ဒေသဖွံ့ဖြိုးရေး လုပ်ပေးခဲ့ခြင်း မရှိဘူးလို့ သိရှိခဲ့ကြတာ ဖြစ်ပါတယ်။
mcntv.biz

No comments:

Post a Comment