Monday, April 3, 2017
ပြုတ်ကျတော့မယ့် အိမ်ဖော်အမျိုးသမီးကို မကယ်ဆယ်ဘဲ ဗွီဒီယိုရိုက်နေတဲ့ အိမ်ရှင်
အမည်ဖော်ပြထားခြင်းမရှိတဲ့ အိမ်ရှင်မတစ်ယောက်ဟာ သူမတို့အခန်းတည်ရှိတဲ့ လူနေတိုက်ခန်းကနေ အောက်ကို တွဲလောင်းအနေအထား ဖြစ်နေတဲ့ အိမ်ဖော်အမျိုးသမီးကို မကယ်ဆယ်တဲ့အပြင်၊ ပြုတ်မကျခင်မှာ ဗွီဒီယိုတောင် အေးအေးဆေးဆေး မှတ်တမ်းတင်ခဲ့လို့ ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်။ (အောက်ဆုံးတွင် ဗီဒီယိုဖိုင်တွဲတင်ပေးပါသည်)
တရားခံအမျိုးသမီးတို့ တိုက်ခန်းဟာ 7 လွှာအမြင်မှာ တည်ရှိပြီး၊ သူမရဲ့ လူသားမဆန်တဲ့အပြုအမူဟာ ဥပရေအရော၊ လူမှုရေးအရပါ ခွင့်လွှတ်ရမယ့် လုပ်ရပ်မဟုတ်ပါဘူး။ အဆိုပါအမျိုးသမီး ရိုက်ကူးခဲ့တဲ့ ဗွီဒီယိုဖိုင်ထဲမှာ သူမက ” အို သောက်ရူးမ ပြန်တက်ခဲ့စမ်း … “ဆိုပြီး ပြောခဲ့တာကို ကြားရပါတယ်။
တွဲလောင်းကျနေတဲ့ အိမ်ဖော်အမျိုးသမီးက ” ကျွန်မ လက်ကို ကိုင်ထားပါ ကိုင်ထားပါ “လို့ အော်ဟစ် တာင်းပန်ခဲ့ပေမယ့် အိမ်ရှင် အမျိုးသမီးကတော့ အေးအေးဆေးဆေး ဗွီဒီယိုမှတ်တမ်းတင်နေခဲ့ပါတယ်။ အိမ်ဖော်အမျိုးသမီးဟာ အီသီယိုးပီး ယားနိုင်ငံမှ ကူဝိတ်ကို လာရောက် အလုပ်လုပ်ကိုင်နေသူလို့ သိရပါတယ်။
နောက်ဆုံးမှာတော့ အိမ်အကူအမျိုးသမီးဟာ လက်အံသေပြီး၊ အောက်ကို ပြုတ်ကျသွားတာကို တွေ့ခဲ့ရပါတယ်။ ဒါပေမယ့် အသက်အန္တရာယ်ကိုတော့ ထိခိုက်မှု မရှိခဲပါဘူး။ အိမ်ရှင်အမျိုးသမီးဟာ ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးမှုမှာ အကယ်၍ အိမ်ဖော်အမျိုး သမီးသေဆုံးသွားပါက သူမ သတ်တာ မဟုတ်ကြောင်း သက်သေယူခြင်းဖြစ်တယ်လို့ လက်မခံနိုင်စရာ အကြောင်းပြချက် ကို ပေးခဲ့ပါတယ်။
ဒါပေမယ့် ဘာကြောင့် အိမ်ဖော်အမျိုးသမီး တွဲလောင်းအနေအထားကို ရောက်သွားရတယ်ဆိုတာကိုတော့ ဘယ်သူမှ ရှင်းရှင်းလင်းလင်း မသိကြသေးပါဘူး။ ဗွီဒီယိုဖိုင်ကို အိမ်ရှင်အမျိုးသမီးကိုယ်တိုင် လူမှုကွန်ယက်မှာ ဖြန့်ဝေပြီး မကြာမီမှာ ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးမှုကို ခံရတာပါ။ ကူဝိတ်နိုင်ငံဟာ အိမ်အကူနှိက်စက်မှု အမြင့်ဆုံးနိုင်ငံတွေထဲ မှာ တစ်နိုင်ငံ အပါအ၀င် ဖြစ်ပါတယ်။
နတ်စည်တော် (Shwemom)
source : metro.co.uk
Shwemom မှ ကူးယူဖော်ပြသည်
ပြုတ်ကျတော့မယ့် အိမ်ဖော်အမျိုးသမီးကို မကယ်ဆယ်ဘဲ ဗွီဒီယိုရိုက်နေတဲ့ အိမ်ရှင်
Reviewed by timeayeyar
on
4:34 PM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment