Latest News

Sunday, April 2, 2017

မန်းကျုံးဘေးက လမ်းလျှောက်သင်္ကြန်

မန်းကျုံးဘေးက လမ်းလျှောက်သင်္ကြန်

ပြောင်းလဲချိန်တန်ပြီးဆိုတဲ့ ကြွေးကြော်ချက်နဲ့ တာဝန်ယူလာတဲ့ ပြည်သူ့အစိုးရသစ်က အပြောင်း အလဲတွေကို စတင်ဖော်ဆောင် နေပြီ ဖြစ်ပါတယ်။ ဖော်ဆောင် လာတဲ့ အပြောင်းအလဲတွေထဲမှာ သရုပ်ပျက်တယ်လို့ မနှစ်မြို့စွာ အဝေဖန်ခံနေရတဲ့ သင်္ကြန်ပွဲတော် ကိုလည်း ရိုးရာဆန်ဆန် ယဉ် ကျေးသိမ်မွေ့စွာ ကျင်းပဖို့စီစဉ် တာလည်း တစ်ခုပါပါတယ်။

ထူးထူးခြားခြား စီစဉ်ဆောင် ရွက်နေကြတာတွေထဲက တစ်ခု ကတော့ မန္တလေး နန်းမြို့ကျုံး တောင်ဘက်ဘေးမှာ ပြုလုပ်မယ့် လမ်းလျှောက်သင်္ကြန်ပါ။

မန္တလေးရဲ့ ရိုးရာသင်္ကြန်နဲ့ ပတ်သက်ပြီး ပြောစမှတ်တွင်ကျန် နေရစ်တာတွေကတော့ သင်္ကြန် ကာလရောက်တိုင်း ရုပ်မြင်သံ ကြားဖန်သားပြင်မှာသာ မြင်ရပြီး လွမ်းနေကြရတဲ့ ‘သင်္ကြန်မိုး’ရုပ် ရှင်ကား၊ မြို့သူမြို့သားတွေရဲ့ နှလုံးသားထဲက မြတ်မြတ်နိုးနိုး တန်ဖိုးထားခံရတဲ့ နိုင်ငံချစ်အဆို တော် ရုပ်ရှင်မင်းသား၊ စာရေးဆရာ ‘၀င်းဦး’နဲ့ ‘မြို့မ’တူရိယာအ သင်းကြီး၊ ပြည်သူလူထုရဲ့ လက် ခုပ်သံတွေ ဘ၀ဂ်လျှံအောင်အား ပေးခံရတဲ့ ‘ဗိုလ်၊ သခင်၊ ဆရာ’တို့ လို သံချပ်တွေနဲ့ သင်္ကြန်ညတွေ မှာ‘ဈေးချိုသူ’လို မြို့အနှံ့မှာ လှည့်ကြည့်ရတဲ့ အကအလှမဏ္ဍပ်တွေ ပါ။

ယခုတော့ မြို့မကလွဲပြီး အားလုံးကွယ်ပျောက်သလောက် ဖြစ်သွားခဲ့ပါပြီ။ မြို့မကတော့ ကျန်ကောင်းကျန်ရာ ထိန်းသိမ်း ကျန်ရှိနေသေးတာ ဖြစ်ပါတယ်။ မတ်လ ၂၀ ရက်က မန္တလေးမြို့ တော်စည်ပင်သာယာရေးကော်မ တီက မြို့မတူရိယာအသင်းကြီး ကို ဂုဏ်ပြုငွေကျပ်သိန်း ၅၀ ပေး အပ်ပါတယ်။ ဒီလိုပေးအပ်တဲ့ အခမ်းအနားမှာ မြို့တော်စည်ပင် သာယာရေးကော်မတီဝင်တစ်ဦး က ‘‘မန္တလေးသင်္ကြန်ရဲ့ အနှစ်သာ ရ အမြုတေအနေနဲ့ ကျန်နေသေး တာက မြို့မပဲ ရှိပါတယ်။ ယခု နှစ်ကစတင်ပြီး မန်းဆန်တဲ့ မန်း သင်္ကြန်ကို ပြန်လည်ဖော်ဆောင် ရာမှာ မြို့မရဲ့ သန္ဓေကိုယူပြီး ပြန် လည်ပွားစည်းထူထောင်လိုပါ တယ်။ ဒါကြောင့်လည်း အမြု တေကို ထိန်းသိမ်းထားတဲ့ မြို့မ ကို ဂုဏ်ပြုရတာ ဖြစ်ပါတယ်’’လို့ ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ပိုင်းမှာ မန္တလေးသင်္ကြန်ကို ကျုံး ဘေးရွှေ့ပြောင်းပါတယ်။ ကျုံးကို ကျောပေးပြီး မဏ္ဍပ်ကြီးတွေ ဟည်းနေအောင်ဆောက်တယ်။ ကုမ္ပဏီ ကြော်ငြာနောက်ခံဘုတ်ကြီးတွေ ထောင်တယ်။ တစ်ဖွဲ့နဲ့တစ်ဖွဲ့ စီးပွားချင်းအပြိုင်အဆိုင်လုပ်ရင်း မဏ္ဍပ်ကို လူစည်အောင်နာမည်ကျော်တဲ့ အဆိုတော်တွေကို ငှားပြီး စတိတ်ရှိုးပွဲတွေ အပြိုင်လုပ်ပါတယ်။

နာမည်ကြီး အဆိုတော်တွေ ရှိတာကြောင့် စတိတ်ရှိုးကြည့်သူ တွေက မိုးလင်းမိုးချုပ် သင်္ကြန် မဏ္ဍပ်ရှေ့မှာ ကားတွေပုံသေထိုး ကြည့်တော့ သင်္ကြန်ကနေပူခံ သင်္ကြန်ဖြစ်သွားတယ်။ မရွေ့သူ တွေ နောက်ရောက်သူတွေနဲ့ တိုး မပေါက်အောင် ဖြစ်ကုန်တယ်။ မဏ္ဍပ်တွေပေါ် တက်ဖျော်ဖြေသူ မိန်းကလေးတွေရဲ့ ၀တ်စားဆင် ယင်မှုကလည်း ခေတ်လွန်တွေ ဖြစ်လို့ ဖေ့စ်ဘွတ်ခ်တွေပေါ်မှာ သရုပ်ပျက်သင်္ကြန်အဖြစ် ပျစ်ပျစ် နှစ်နှစ် အပြစ်တင်ဝေဖန်ကြတယ်။  မဏ္ဍပ်ကြီးတွေကို လူတစ်ရပ် ကျော်ကျော် အမြင့်ကြီးဆောက်၊ မဏ္ဍပ်အောက်မှာ အမျိုးသမီးအ ၀တ်လဲခန်း အမည်တပ်ထားတဲ့ အလုံခန်းတွေလုပ်ထား၊ အလုံ ခန်းထဲမှာ လူ့တော်သလင်းဇာတ် ထုပ်တွေ ရှုပ်ကြ၊ ဆေးချ၊ မူး ယစ်သောက်စားပျော်ပါးကြတယ် လို့ မီဒီယာတွေမှာ အုတ်အော် သောင်းတင်း ဖြစ်လာတယ်။

ပုံပျက်ပန်းပျက်သင်္ကြန်ကို မန်းဆန်တဲ့ မန်းသင်္ကြန်အဖြစ် ယခုနှစ်မှာ စတင်ပြောင်းဖို့ ကြိုး ပမ်းလာကြပါတယ်။ ကားတွေအ သေရပ်၊ လူတွေတောင်ပြုန်းနတ် ပွဲလို တိုးဝှေ့တွန်းထိုးနေတာမျိုး မဖြစ်စေဖို့ ကျုံးတောင်ဘက်မျက် နှာစာ ၂၆ အာဇာနည်လမ်းမကို လမ်းလျှောက်သင်္ကြန်အဖြစ် ယခု နှစ်က စတင်ပြောင်းလဲပါတယ်။

‘Songkran’ လို့ဆိုရင် ထိုင်း သင်္ကြန်လို့ နိုင်ငံတကာကသိကြ ပါတယ်။ နိုင်ငံတကာက အရှေ့ တိုင်းနှစ်သစ်ကူးရိုးရာယဉ်ကျေး မှုတွေကို စိတ်ဝင်စားပြီး ပါဝင်ဆင်နွှဲလိုသူတွေ ဆွန်ခရမ်ကိုလာ ရောက်ဆင်နွှဲတယ်။ ဆွန်ခရမ် ကြောင့် ထိုင်းသင်္ကြန်ယဉ်ကျေးမှု ကို နိုင်ငံတကာက သိသလို ထိုင်း နိုင်ငံရဲ့ ခရီးသွားလုပ်ငန်းဝင်ငွေ လည်း အမြောက်အမြား ရကြပါ တယ်။

မန္တလေးသင်္ကြန်ကို မန်းဆန် တဲ့ ရိုးရာသင်္ကြန်အသွင်ကို ပြောင်း ရာမှာ မြန်မာ့ခရီးသွားလုပ်ငန်း မြှင့်တင်ဖို့လည်း ရည်ရွယ်ချက် တစ်ခုအနေနဲ့ ပါဝင်ပါတယ်။ ဒါ ကြောင့် မန္တလေးခရီးသွားလုပ်ငန်း မြှင့်တင်ရေးအဖွဲ့က ၂၆ လမ်း အ ရှေ့ထိပ်နှစ်ပြကျယ်တဲ့နေရာမှာ မြန်မာ့ရိုးရာ ရေကစားမဏ္ဍပ်၊ တိုင်းရင်းသားရိုးရာ ရေကစား မဏ္ဍပ်၊ ဖျော်ဖြေရေးမဏ္ဍပ်၊ ရိုး ရာအစားအစာအရောင်းဆိုင်၊ အမှတ်တရပစ္စည်းအရောင်းဆိုင် တွေ ပါဝင်မယ့် အစီအစဉ်တစ်ခု ကို အကောင်အထည်ဖော်ဆောင် ရွက်ပါတယ်။

 ၂၆ လမ်း လမ်းလျှောက် သင်္ကြန်ကို နိုင်ငံတကာအမြင်နဲ့ စနစ်တကျဖြစ်အောင် ဦးမြင့်ဇော် ဦးဆောင်တဲ့ PMA (Professional Market Association) က မေတ္တာ ဖြင့် ခေတ်မီဒီဇိုင်းတစ်ခု ရေးဆွဲပေးထားပါတယ်။

ဒီဇိုင်းမှာ လမ်းလျှောက် သင်္ကြန်ပြုလုပ်မယ့် အာဇာနည် လမ်းရဲ့ အရှေ့ဘက် ၆၆ လမ်းထိပ်နဲ့ အနောက်ဘက် ၇၈ လမ်းထိပ် မှာ မန်းဆန်တဲ့ နန်းပြာသာဒ်မုခ်ဦး တွေ ရှိမယ်။ အရှေ့ဘက်ထိပ်မှာ ခရီးသွားလုပ်ငန်းက စီစဉ်တဲ့ မဏ္ဍပ်တွေရှိမယ်။ ၆၉ လမ်းနဲ့ ၇၃ လမ်းအတွင်း နေရာမှာတော့ မြို့ တော်စည်ပင်သာယာရေးကော် မတီက စီစဉ်တဲ့ မြို့တော်မဟာ သင်္ကြန်မဏ္ဍပ်၊ ရေပက်မဏ္ဍပ်နဲ့ စတုဒိသာမဏ္ဍပ်တွေ ရှိပါမယ်။ စတုဒိသာမဏ္ဍပ်တွေမှာ ကျွေး မွေးလိုသူတွေ တန်းစီနေကြပြီ ဖြစ်ပါတယ်။ အချို့သူတွေက စေ တနာထက်သန်ပြီး စတုဒိသာလှူ ဒါန်းချင်ပေမယ့် တည်ခင်းကျွေး မွေးပေးမယ့် လူအင်အားတော့ အ ခက်အခဲရှိတယ်။ ဒါကိုလည်း အ ဆင်ပြေအောင် ချမ်းမြသုခ၊ ဗြဟ္မ စိုရ်တို့လို လူမှုကူညီရေးအသင်း တွေက လုပ်အားပေးမောင်မယ် တွေဟာ လုပ်အားနဲ့ ပူးပေါင်းပါ ၀င်ပေးဖို့ အဆင်သင့်ရှိနေကြပြီ ဖြစ်ပါတယ်။

 မြို့တော်စည်ပင်သာယာ ရေးကော်မတီကလည်း စတုဒိ သာမဏ္ဍပ်တွေ အများအပြား ထိုး ပေးထားမှာဖြစ်လို့ လာရောက်ရက် ချိတ်နေကြပြီ ဖြစ်ပါတယ်။ သင်္ကြန်ပွဲဆင်နွှဲမယ့်သူတွေလည်း တပျော်တပါး လာအားပေးကြဖို့ ဖိတ်ခေါ်ထားတယ်။

လမ်းလျှောက်သင်္ကြန် ရေ ကစားမဏ္ဍပ်တွေက ကျုံးအလှကို ကွယ်နေအောင် ဟည်းထနေမှာ မဟုတ်ဘူး။ အလျားပေ ၃၀ ရှိပြီး နောက်ခံအမြင့်က ၆ ပေသာ ရှိပါ မယ်။ မဏ္ဍပ်ပေါင်း ၃၅ ခုခန့် နေ ရာချထားပေးဖို့ ဒီဇိုင်းဆွဲထား တယ်။ ကျုံးတောင်ဘက်က လမ်း လျှောက်သင်္ကြန်ကို ပါဝင်ဆင်နွှဲ လိုသူတိုင်းကိုလည်း ၂၆ လမ်း၊ ၇၃ လမ်းနဲ့ ၇၈ လမ်းအတွင်းမှာ မြို့တော်စည်ပင်သာယာရေး ကော်မတီက နေရာချထားပေးနေ ပြီ ဖြစ်ပါတယ်။ လျှောက်ထားလို့ ခွင့်ပြုချက်ရတာနဲ့ နှစ်သက်ရာနေ ရာကို ရွေးချယ်ပြီး မဏ္ဍပ်စ ဆောက်နိုင်တာ ဖြစ်ပါတယ်။

မြို့တော်မဟာသင်္ကြန်မဏ္ဍပ် ကနေ့ပိုင်းမှာ မြူးမြူးကြွကြွခေတ် ပေါ်တေးဂီတတွေကို နာမည် ကျော်အဆိုတော်တွေ၊ MyanmarIdol  မှာ ပြည်သူချစ်လို့နှစ်သက် အားပေးခံထားရတဲ့သူတွေနဲ့ ဖျော် ဖြေနိုင်ဖို့ စီစဉ်ပြင်ဆင်ထားတယ်။

ညပိုင်းမှာတော့ မန်းဆန် ဆန် ဖျော်ဖြေဖို့အစီအစဉ်တွေ ဆွဲ ပါတယ်။ မန်းဆန်ဆန်ဆိုရာမှာ ရွာစားစိန်ဒူးဝါးရဲ့ မြန်မာ့သမား စဉ် ဆိုင်းဖျော်ဖြေခန်းနဲ့ တွဲဖက် ပြီး လူရွှင်တော်များ၊ မြန်မာသံ  အဆိုတော်များရဲ့ ဖျော်ဖြေမှုပါ ၀င်မယ်။ သင်္ကြန်မဏ္ဍပ်တွေက အကအလှတွေပါမယ်။ သံချပ်အ သင်းတွေက သံချပ်ထိုးတာတွေ ပါမယ်။ မြို့မတူရိယာအသင်းကြီး ကလည်း မြို့တော်မဟာသင်္ကြန် မဏ္ဍပ်ကို လာရောက်ဖျော်ဖြေ မယ်။ နိုင်ငံချစ်ပြည်သူ့အဆို တော်ကြီး ဒေါ်မာမာအေးကလည်း မြို့မနဲ့တွဲပြီး အတူပါလာဦးမှာ ဖြစ်ပါတယ်။

အခုလို မန်းဆန်တဲ့မန်း သင်္ကြန်ကို ၂၆ လမ်းပေါ်က စတင် ဖော်ဆောင်ပြောင်းလဲရာမှာ ကြီး မားတဲ့ရည်ရွယ်ချက်တစ်ခု ရှိပါ တယ်။ မြန်မာ့အမွေအနှစ်ဖြစ်တဲ့ ယဉ်ကျေးမှုသင်္ကြန်နဲ့ နိုင်ငံတကာ က တန်ဖိုးထားတဲ့ မြန်မာ့ဂီတအ နုပညာကို ပြန်လည်ဖော်ထုတ် တာဖြစ်ပါတယ်။

ခေတ်အဆက်ဆက်မှာ နိုင်ငံ တကာက ဂီတတွေကို ကော်ပီကူး ချထားတာတွေနဲ့သာ ယဉ်ပါးကြီး ပြင်းခဲ့ရသူ လူငယ်အချို့ကတော့ ဒီလိုယဉ်ကျေးသိမ်မွေ့တဲ့ ဂီတနဲ့ သင်္ကြန်မျိုးကို မကြုံဖူးသေးပါဘူး။ မခံစားဖူးသေးလို့ ခံစားတတ်ဖို့ လည်း ခက်ကောင်းခက်ပါလိမ့် မယ်။

မန်းသင်္ကြန်မှာ လုံခြုံဘေး ကင်းပြီး နိုင်ငံတကာကလည်း လေးစားတန်ဖိုးထားခံရ၊ မြန်မာ နိုင်ငံသားတွေကလည်း ဂုဏ်ယူရ တဲ့ လမ်းလျှောက်သင်္ကြန်ကို စတင်ဖော်ဆောင်လိုက်ပြီဖြစ်ပါတယ်။
( 7Day News )

No comments:

Post a Comment