Latest News

Sunday, April 2, 2017

လားရှိုးတွင် ၂၂ ဘီးယာဉ်နှင့်ဆိုင်ကယ်တိုက်မှုဖြစ်ပွား၊ ၂ ဦး ဒဏ်ရာရ

လားရှိုးတွင် ၂၂ ဘီးယာဉ်နှင့်ဆိုင်ကယ်တိုက်မှုဖြစ်ပွား၊ ၂ ဦး ဒဏ်ရာရ


လားရှိုး ရှန်ခိုက်လမ်းခွဲမှာ ဧပြီ ၁ ရက်နေ့က ၂၂ ဘီးယာဉ်နဲ့ဆိုင်ကယ်တစီး ယဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ဧပြီ ၁ ရက်နေ့ ညနေ ၅ နာရီခွဲ အချိန်လောက် ယာဉ်တိုက်မှုဖြစ်ပွားခဲ့တာ ဖြစ်ပြီး ဒဏ်ရာရသူနှစ်ဦးလုံး အသက်အန္တရာယ်စိုးရိမ်ရတယ်လို့  လားရှိုး လူငယ်များလူမှုကူညီရေးအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

“ယဉ်တိုက်မှုဖြစ်တော့ အမှတ် ၁၁၉ ယဉ်ထိန်းရဲတပ်ဖွဲ့ ရဲအုပ်စောဝင်းက ဖုန်းဆက်လာတယ်။ အဲဒါကို တာဝန်သိပြည်သူတဦးက လိုက်ထရက်ကားနဲ့ လူနာ ၂ ဦးကို သယ်လာပြီးတော့ အဲမှာကားပြောပြီးတော့ ခုလားရှိုးဆေးရုံ ကြီးကို ပို့ထားတယ်။”

ယဉ်တိုက်မှုကြောင့် ဒဏ်ရာရရှိသူ ၂ ဦးမှာ ဒဏ်ရာပြင်းထန်ပြီး အသက် အန္တရာယ် ဆိုးရိမ်ရကြောင်း သူတို့ ၂ ဦးရဲ့ နေရပ်လိပ်စာကိုလည်း မသိရှိ ရသေးကြောင်း ပြောပါတယ်။

၂၂ ဘီးကား မောင်းသူဟာ ယဉ်တိုက်မှုဖြစ်ပြီးနောက် ကားကိုသော့ခတ်ပြီး ထွက်ပြေးသွားလို့ ရဲတွေက ရှာဖွေစစ်ဆေးနေတယ်လို့ သိရပါတယ်။

နိုင်နိုင်(DVB)

No comments:

Post a Comment