Latest News

Sunday, April 2, 2017

နှင်းခူ နဲ့ အရေပြားဓာတ်မတည့်မှုစတာတွေကို ရှားစောင်းလက်ပတ်နဲ့ ကုသနိုင်

နှင်းခူ နဲ့ အရေပြားဓာတ်မတည့်မှုစတာတွေကို ရှားစောင်းလက်ပတ်နဲ့ ကုသနိုင်


ရှားစောင်းလက်ပတ် aloe vera က အိမ်မှာ ရှိထားသင့်တဲ့ အရေးကြီးဆုံးပစ္စည်းတွေထဲက တစ်ခုဖြစ်ပါတယ်။ တခြားအပင်တွေနဲ့ နှိုင်းယှဉ်ရင် ဒီအံ့မခန်းဖွယ်အပင်က အပူလောင်၊ ရှရာက စလို့ ကင်ဆာရောဂါကုသမှုအဆုံး အမျိုးစုံအသုံးပြုနိုင်ပါတယ်။ ရှားစောင်းလက်ပတ်ရဲ့ အကျိုးကျေးဇူးတွေအကြောင်း အများစု သိကောင်းသိနိုင်ပေမယ့် မကြားဖူးသေးတဲ့ နောက်ထပ်အသုံးပြုနိုင်တဲ့ နည်းလမ်းများစွာ ရှိနေပါသေးတယ်။

ဒီအချက်တွေက aloe vera ရဲ့ အရေးကြီးဆုံးအသုံးပြုနည်းတွေသာ ဖြစ်ပါတယ်။

၁။ မိတ်ကပ်ဖယ်ရှားပေးခြင်း - aloe vera က အသားရေ အေးမြပြီး ချောမွေ့စေပါတယ်။

၂။ အကောင်းဆုံးဆံပင်ပျော့ဆေး - Aloe gel အနည်းငယ်ကို ဆံပင်မှာ လိမ်းပြီး ညင်သာစွာ နှိပ်နယ်ပေးပါ။ ၂ မိနစ်ထားပြီး ရေနဲ့ဆေးချရပါမယ်။

၃။ ဆံပင်ထူးခြားကောင်းမွန်စေဖို့အတွက် Aloe vera gel ကို ခေါင်းလျှော်ရည်ထဲ ထည့်ပေးနိုင်ပါတယ်။

၎။ ဝက်ခြံကုသပေး - Aloe က ဖူးရောင်မှု လျှော့နည်းစေပြီး ဝက်ခြံတွေ ပျောက်ကင်းစေပါတယ်။

၅။ Aloe vera ရဲ့ ပြန်လည်သန်စွမ်းစေနိုင်တဲ့ အစွမ်းသတ္တိတွေက အရေးကြောင်း stretch mark တွေ ကာကွယ်ဖယ်ရှားပေးပါတယ်။

၆။ Aloe က သွားဖုံးရောင် သက်သာစေပါတယ်။ အနာဖြစ်တဲ့နေရာမှာ လိမ်းကျံပေးရုံပါပဲ။

၇။ ဆံပင်ကြီးထွားစေခြင်း - Aloe မှာ ဆံပင်ကြီးထွားမှု လှုံ့ဆော်ပေးတဲ့ အင်ဇိုင်းပါဝင်ပါတယ်။

၈။ Aloe vera က လက်သည်းပျော့ပျောင်းကြွပ်ဆတ်မှုကို ကုသပေးပါတယ်။

၉။ Aloe မှာ ရေယုန်၊ eczema၊ psoriasis၊ dermatitis နဲ့ အရေပြားဓာတ်မတည့်မှု ပျောက်ကင်းစေတဲ့ အံ့ဖွယ်အကျိုးသက်ရောက်မှုရှိပါတယ်။ ရေပြားအတွင်း နက်ရှိုင်းစွာ ထိုးဖောက်ဝင်နိုင်ပါတယ်။

၁၀။ အသားရေစိုပြေစေတဲ့ အလှဆီအဖြစ် ဆောင်ရွက်ပေးတယ် - Aloe က ဆဲလ်တွေကို အောက်ဆီဂျင်ရရှိစေပြီး တစ်သျှူးတွေ အားဖြည့်ပေးပါတယ်။

၁၂။ Aloe မှာ အစွမ်းထက်ပိုးသတ်ဆေးဂုဏ်သတ္တိတွေ ပါဝင်ပါတယ်။

၁၃။ Aloe က တုပ်ကွေးနဲ့ အအေးမိခြင်းကို ခုခံတိုက်ဖျက်ပေးနိုင်ပါတယ်။ သူ့မှာ ကိုယ်ခံအား ကြံ့ခိုင်စေတဲ့ ဗီတာမင်၊ သတ္တုဓာတ်၊ အမိုင်နိုအက်ဆစ်နဲ့ အင်ဇိုင်းတွေပါဝင်ပါတယ်။

၁၄။ ရာသီလာချိန်ကိုက်ခဲနာကျင်မှု လျှော့နည်းသက်သာအောင် Aloe juice သောက်ပါ။ အားနည်းမှုကိုလည်း လျှော့နည်းစေပါတယ်။

Ref: ladiescaretips

Trend Myanmar

No comments:

Post a Comment