Latest News

Thursday, April 6, 2017

ထိုင်း အခြေခံ ဥပဒေသစ် ကို ဘုရင် အသစ် အတည်ပြု

ထိုင်း အခြေခံ ဥပဒေသစ် ကို ဘုရင် အသစ် အတည်ပြု

ထိုင်း နိုင်ငံမှာ ဒီမိုကရေစီ ပြန်လည် ဖော်ဆောင်မှု လို့ ယူဆ ကြတဲ့ အခြေခံ ဥပဒေ သစ် ကို ဘုရင်မင်းမြတ် မဟာ ဝီချရာ လောင်ကွန်း က လက်မှတ် ရေးထိုး အတည်ပြု ပေးလိုက်ပါတယ်။

အတည်ပြု ခဲ့တဲ့ အခြေခံ ဥပဒေ သစ် မှာ စစ်တပ် ကို နိုင်ငံရေး မှာ ထဲထဲ ဝင်ဝင် ပါဝင် ပတ်သက် ခွင့် ပေးထား ကြောင်း လေ့လာသူတွေက သုံးသပ်ကြပါတယ်။

လွန်ခဲ့တဲ့ သုံးနှစ် တုန်းက ထိုင်း စစ်တပ် က အဏာ သိမ်းယူ ခဲ့ပြီးနောက်မှာ အခြေခံ ဥပဒေ ဟောင်း ကိုလည်း ဖျက်သိမ်း ခဲ့တာပါ။

အသစ် ပြဌာန်း လိုက်တဲ့ အခြေခံ ဥပဒေ ဟာ နှစ်ပေါင်း တစ်ရာ အတွင်း အကြိမ် ၂၀ မြောက် ပြဋ္ဌာန်း တဲ့ အခြေခံ ဥပဒေလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ် လမှာတုန်း က ပြည်လုံးကျွတ် ဆန္ဒ ခံယူပွဲ ကျင်းပပြီး အတည်ပြု ခဲ့တာပါ။

BBC

No comments:

Post a Comment