Latest News

Tuesday, April 11, 2017

သျှောင်ပေစူးလေးတွေပါဝင်ဖျော်ဖြေမယ့် ကျော်သူရဲ့ သံချပ်အဖွဲ့

သျှောင်ပေစူးလေးတွေပါဝင်ဖျော်ဖြေမယ့် ကျော်သူရဲ့ သံချပ်အဖွဲ့

မန္တလေးမြို့တွင် ဖျော်ဖြေ မည့် ကျော်သူပရဟိတကွန်ရက်အ ဖွဲ့၏  ချိတ်သံချပ်အဖွဲ့၌ စက် စက်ယိုကျေးရွာမှ သျှောင်ပေစူး ကလေးငယ်များလည်း ပါဝင်ဖျော် ဖြေမည်ဖြစ်ကြောင်း ကျော်သူက ပြောသည်။

‘‘ပရဟိတအသင်းအဖွဲ့တွေ နဲ့ ချိတ်ဆက်ပြီး ‘ချိတ်’သံချပ်လုပ် တယ်။ လုပ်တဲ့အချိန်မှာ စက်စက် ယိုရွာက ကလေးတွေကလည်း ပါချင်တယ်။ သူတို့ကလည်း ပရ ဟိတစိတ်ရှိတဲ့ မျိုးဆက်သစ်လေး တွေဆိုတော့ တွဲခေါ်ပြီး သံချပ်အဖွဲ့ထဲမှာ ထည့်ထားတာပါ။ သူတို့ ကတော့ ယိမ်းအကအနေနဲ့ပါမှာ ပါ’’ဟု ၎င်းက ပြောသည်။

ပရဟိတအသင်းအဖွဲ့များ နှင့်  ချိတ်ဆက်ပြုလုပ်ခြင်းဖြစ် သောကြောင့် ၎င်းတို့၏ အဖွဲ့အမည်ကို ‘ချိတ်’ဟုပေးခဲ့ကြောင်း ကျော်သူက ရှင်းပြသည်။

ချိတ်သံချပ်အဖွဲ့အနေဖြင့် သင်္ကြန်ကာလတွင် ၎င်းတို့ကို ဖိတ်ခေါ်သည့် မဏ္ဍပ်များသို့ သွား ရောက်ဖျော်ဖြေမည်ဖြစ်ပြီး လက်ရှိတွင် မြို့တော်ဝန်မဏ္ဍပ်က ဖိတ်ခေါ်ထားသောကြောင့် သွားရောက်ဖျော်ဖြေရန် အစီအစဉ်ရှိကြောင်းကျော်သူက ပြောသည်။

‘‘နိုင်ငံရေးလည်း နည်းနည်း တော့ပါမှာပေါ့။ ပရဟိတသမား ဆိုတာ ပြည်သူလူထုနဲ့ ထပ်တူခံ စားနေရတာ။ ဘာပဲဖြစ်ဖြစ် ခံစား ရတဲ့ကိစ္စတွေ၊ သံချပ်စကားလုံး တွေမှာပါမှာပေါ့။ သံချပ်ဆိုတာ ဟစ်တိုင်ပဲ။ ပြီးတော့ ပရဟိတစိတ်ဓာတ်တွေရှင်သန်ဖို့အတွက် လည်း ပါမယ်’’ဟု ကျော်သူက ပြောသည်။ ယခင်နှစ်များက နာရေးကူညီမှုအသင်း ရန်ကုန်က ‘ပေးဆပ်သူများ’ သံချပ်အဖွဲ့အနေဖြင့် ရန်ကုန်မြို့တွင် ဖျော်ဖြေလေ့ရှိပြီး ယခုနှစ် သံချပ်အဖွဲ့ကိုမူကျော်သူ ကွန်ရက်အဖွဲ့က ပြုလုပ်ခြင်းဖြစ် သည်ဟု ၎င်းက ဆိုသည်။
(7Day News)



No comments:

Post a Comment