သံတောင်မြို့(13)မိုင်အများပြည်သူအသုံးပြုသောခြံသွားလမ်းတွင်ခင်မောင်အေးပိုင်ခြံလုပ်သားများ မှအပန်းဖြေလာလည်သောခရီးသွားထမှအဆမတန်ငွေကြေးကောက်ခံမှုအား
တာဝန်ရှိသူများမှအရေးယူပေးပါရန်တိုင်ကြားအပ်ပါသည်။
.....................................
နှစ်စဉ်ဖြစ်နေကြ ဆင်ဖြူတော်ဆိုတဲ့ပသိချောင်းကိုမှီပြီး ကြံစုပ်တဲ့ဥယျာဉ်ခြံတွေရဲ့အဖြစ်ပျက်လေးပါ ။
နှစ်ပေါင်းတော့ကြာခဲ့ပါပြီ။
ဒီစာရွက်လေးကကျွန်တော်တို့သံတောင်မြို့သစ်(ပသိချောင်း)အတွက်တော့ရုပ်ဆိုးအကျည်းတန်လှပါတယ်။
နှစ်စဉ်နွေရာသီရောက်ပြီဆိုရင် အပူသက်သာဖို့အတွက်ရော အပန်းဖြေဖို့အတွက်ရော ကရင်ပြည်နယ်
သံတောင်မြို့သစ် ပသိချောင်းက်ုလာရောက်လည်ပတ်တဲ့သူတွေများလှပါတယ်။
ချောင်းကိုသဘောကျပြီရေချိုးကြ အပေါင်းသင်းတွေနဲ့ပျော်ကြပါးကြပေါ့ ။
သင်္ကြန်အခါရောက်ပြီဆိုရင်တော့ တောင်ငူပတ်ဝန်းကျင်အပြင်အုတ်တွင်းမြို့ ဖြူးမြို့ ရေတာရှည်မြို့နယ်ကလူတွေပါလာရောက်ပျော်ကြပါးကြရေချိုးကြအပန်းဖြေကြပါတယ်။အဲဒီအခါမှာ ဒီစာရွတ်လေးဟာ ဒေသအတွက်တော့အများပြောစရာအကျည်းတန်ရုပ်ဆိုးစရာဖြစ်ပေမဲ့ပသိချောင်းခြံ ဇေကမ္ဘာ တို့အတွက်တော့ငွေငွေကောင်းကောင်းရစရာပဲပေါ့ ။
ဘယ်လိုလုပ်ထုံးလုပ်နည်းနဲ့ငွေကြေးကောက်ခံလဲမသိဘူး။
သက်ဆိုင်ရာ မြို့ နယ် ခရိုင် ပြည်နယ် တို့ကခွင့်ပြုမိန့်ရထားလားအောက်မေ့ရတယ်။
ဒေသခံအဖိုကတော့ ဒီပျော်ပါးလာရောက် အပန်းဖြေတယ်လူတွေရဲ့ ဒုက္ခသုက္ခအပြင် သည်ချောင်းကိုမှီတင်းသုံးစွဲတဲ့သောက်သုံးရေပြသနာကလဲ ဒေသခံတွေကိုအခက်အခဲဖြစ်စေပါတယ်။
ဒီနေ့ဆိုရင်ပသိချောင်းက ရေလည်းအနတရယ်နည်းပါးပြီး နောင်၎နှစ်၅နှစ်ဆိုရင်ဒီရေချိုးပသိချောင်းအတွက်အင်မတန်စိုးရိမ်ရပါတယ်။ ဒီအတွက်ကြေင့် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်လူထုလူတန်းစားများ၊
မြို့နယ်ခရိုင် ပြည်နယ်အဆင့်ဆင့်အသီးသီးက ဒေသခံများအတွက်ဝန်းဝံအကြံဥာဏ်ကောင်းများပေးကြပါရန်တိုက်တွန်းနိုးဆော်ပါသည်။
Tin Win Myint
https://www.facebook.com/permalink.php?story_fbid=412742062427341&id=100010746525580................................
No comments:
Post a Comment