Latest News

Tuesday, April 11, 2017

ထိုင်းနိုင်ငံတွင် ကွန်တိန်နာ ကားအတွင်း အသက်ရှူကျပ် သေဆုံးခဲ့သွားသည့် မြန်မာလုပ်သား ၃၉ယောက် ၏ နစ်နာကြေး ကိုးနှစ်ကျော်ကြာ မှ ရရှိ

ထိုင်းနိုင်ငံဖူးခက်သို့အလုပ်ရှာဖွေရန်သွားရောက်သည့် မြန်မာအလုပ်သမား တွေ ကို လွန်ခဲ့သည့် ၂၀၀၈ ခုနှစ်က အအေး ခန်း ကွန်တိန်နာ ကားနဲ့ တင်ခေါ်သွားခဲ့ရာမှ လေအေးပေးစက် ပျက်ကာ အသက်ရှု ကြပ်ပြီး သေဆုံးခဲ့သည့် မြန်မာေ ရွှ့ ပြောင်းလုပ်သား ၃၉ ဦး အတွက် နစ်နာကြေး ကိုးနှစ်ကျော်ကြာမှ ရရှိကြောင်း မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးနှိမ်နှင်းေ ရးရဲတပ်ဖွဲ့ ထံမှ သိရပါတယ်။

၂၀၀၈ခုနှစ် ဧပြီ ၉ရက်တွင် ထိုင်း နိုင်ငံသား လေးဦးတို့က မြန်မာနိုင်ငံ သားအယောက် ၁၂ဝကို ထိုင်းနိုင်ငံ ရနောင်းမြို့မှ ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်ဒေသသို့ အအေးခန်းကွန်တိန် နာကားဖြင့် တရားမဝင်ပို့ရာမှ လမ်း တွင် အဲကွန်းပျက်ကာ အသက်ရှူ ကျပ်ပြီး မြန်မာရွှေ့ပြောင်း အလုပ်သ မား ၅၄ ဦးသေဆုံးခဲ့ ကာ သေဆုံးသွားသူများ ထဲမှ ထိုင်းနိုင်ငံတွင် တ ရားဝင်နေထိုင် ကြောင်း အထောက်အထားရှိသည့် အလုပ်သမားများ လျော်ကြေး ရရှိရေး အတွက် ထိုင်းရှေ့နေကောင်စီ က လေဘာတီအသက်အာမခံကုမ္ပဏီ ကို တရားစွဲဆိုကာ လိုက်ပါဆောင်ရွက် ပေးသဖြင့် အထောက်အထား ခိုင်လုံသည့် မြန်မာရွှေ့ပြောင်းအလုပ် သမား ၃၉ဦးမှာ ယခုကဲ့သို့ လျော်ကြေး ရရှိခဲ့ခြင်း ဖြစ်ပါတယ်။

”သေဆုံးခဲ့တာ က ၅၄ ယောက် ဒီအထဲက အချက်အလက်စုံလင်တဲ့ လုပ်သား ၃၉ ယောက်ကို လာမဲ့ ဧပြီလ ၂၈ရက် နေ့ကျရင် ကော့သောင်း မြို့တော်ခန်းမ ဘက်မှ ထိုင်း အစိုးရ က နစ်နာကြေးပေးသွားမှာပါ။

ကျွန်တော်တို့ လူကုန်တား ရဲတပ်ဖွဲ့ အနေနဲ့ ကျန်ရစ်ခဲ့တဲ့ မိသားစုတွေ ကို လိုက်လံစုံစမ်းပြီးတော့ နစ်နာကြေး လာရော က်ယူဖို့ အတွက် စီစဉ်ဆောင်ရွက်နေ ပါတယ်”ဟု မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့စု(ကော့သောင်း)မှ ဒုရဲမှုး ကံဝင်း က့ ပြောပါတယ်။

မြန်မာ ရွှေ့ပြောင်းအလုပ်သမား ၃၉ဦးသည် မွန်ပြည်နယ်မှ ၂၈ဦး၊ ကရင်ပြည်နယ် (ဘားအံ)နှင့်ရန်ကုန် တိုင်းဒေ သကြီး မှ တစ်ဦးစီ၊ မကွေးတိုင်းဒေသကြီးမှ နှစ်ဦးနှင့်တနင်္သာ ရီတိုင်းဒေသကြီး (ထားဝယ်) မှ ခုနစ်ဦးဖြစ်ပြီး ယင်း သဆုံးခဲ့သူ များ အတွက် နစ်နာကြေး ကို တစ်ဦးလျှင် ကျပ်၇သိန်းမှ ၉သိန်း ၀န်းကျင် ရရှိမည် ဖြစ်ကြောင်းသိရပါတယ်။

PWA
ဓာတ်ပုံ-CAAI News Media

No comments:

Post a Comment