Latest News

Tuesday, April 4, 2017

ဘ၀တကွေ့ မမေ့နိုင်သူတွေ

ဘ၀တကွေ့ မမေ့နိုင်သူတွေ


လူ့တခွင် တုယှဉ်ကာပြိုင်စံရှား
နုယဉ်ပန်းချီဟာနိုင်ငံတလွားမှာ
အပိုင်ပိုင်ကြွားလောက်အောင်
ပြောင်မြောက်တဲ့ သူ့လက်ရာ
အဟုတ်ကိုပင် အသက်ဝင်လှစွာ
ဆွဲထားတဲ့ပုဂ္ဂိုလ်တွေဟာလဲပဲ
ပြည်သူအကြား လူအများကြားမှာ
မေ့မသွားနိုင်တဲ့ပုဂ္ဂိုလ်တွေပါ
ခန္ဓာပြောင်းကြွလို့
သေလွန်သွားကြသော်လည်း
လူအများရဲ့အသည်းဘ၀င်မှာ
အမြဲရှင်နေကြတဲ့သူတွေပါ
နုယဉ်ရေးခြယ်လို့အတွေးနယ်မှာ
ထိုထိုပုဂ္ဂိုလ်တွေရဲ့တွေးစဖွယ်လေး
တရေးရေး ပြန်ပေါ်လာ
သေသောသူဟာ ကြာလျှင်မေ့ပေတဲ့
ဘ၀တကွေ့တွေ့လာတဲ့သူတွေထဲမှာ
သူတို့တတွေကိုတော့ မမေ့နိုင်ပါ…။

တက္ကသိုလ်ဘုန်းကြွယ်(ဧပြီ ၄ ၁၇)

ပန်းချီအနုပညာမှာ တုယှဉ်စရာဝေးတဲ့
နုယဉ်ပန်းချီဆရာမလေး တင်ပေးလှာတဲ့
ခဲပန်းချီပုံများစွာကို ကဗျာစာသားနဲ့ ဂုဏ်ပြု
ရေးသားပေးလိုက်ပါတယ်…။

Credit - Victor K Tan

No comments:

Post a Comment