Latest News

Tuesday, April 4, 2017

" ပြည်သူ့ငွေကို အလွဲသုံးစားလုပ်မိမှာ ကျွန်တော်တို့ ကြောက်တယ်၊ နိုင်ငံရေး လုပ်တာ ကြောက်စရာမရှိပါဘူး"ဟု မန္တလေးတိုင်း ၀န်ကြီးချုပ်ပြောကြား

" ပြည်သူ့ငွေကို အလွဲသုံးစားလုပ်မိမှာ ကျွန်တော်တို့ ကြောက်တယ်၊ နိုင်ငံရေး လုပ်တာ ကြောက်စရာမရှိပါဘူး"ဟု မန္တလေးတိုင်း ၀န်ကြီးချုပ်ပြောကြား


"ပြည်သူ့ငွေကို အလွဲသုံးစားလုပ်မိမှာ ကျွန်တော်တို့ ကြောက်တယ်။
နိုင်ငံရေးလုပ်တာ ကြောက်စရာမရှိပါဘူး" ဟု မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောဆိုခဲ့ သည်။

မန္တလေးမြို့ ခုတင် ၅၅၀ -ဆံ့ ဆေးရုံတွင် ဧပြီလ ၁ ရက်က ပြုလုပ်သည့် ဧဒင်အုပ်စုကုမ္ပဏီများက ဆေးဝါးနှင့် ကုသမှုဆိုင် ရာ စက်ပစ္စည်းများ လှူဒါန်းပွဲတွင် ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

"လုပ်ငန်းတွေ ချပေးရာမှာ ဒေသခံတွေ အလုပ်ရမှာလား၊ ပတ်ဝန်းကျင် ပျက်စီး တာတွေရှိလား၊ မြို့ပြ ဖွံ့ဖြိုးမှုရှိလား ဆိုတာတွေ ကြည့်တယ်။
ကျွန်တော်တို့ လုပ်ဆောင်ရာမှာ အဂတိ တရားကင်းအောင် လုပ်တယ်"ဟု ၎င်းက ဆက်လက်၍ ပြောဆိုခဲ့သည်။

"ပြောချင်တာက ပြည်သူအပေါ် မေတ္တာ ထားမယ်။ နိုင်ငံတော်ကို သစ္စာထားမယ်။ ဒီအစိုးရက ယုံကြည်မှုနဲ့ ပြည်သူတို့ ပူးပေါင်းမှုနဲ့ လုပ်ခဲ့ကြတယ်။

ပြည်သူတွေ စားဝတ်နေရေး လုံလောက် အောင်လုပ်ပေးရမယ်။ လူမှုဘ၀မြှင့်တင် မယ်။ လမ်းတံတားတွေ တည်ဆောက်
ပေးရမယ်။ အစိုးရချည်း မလုပ်နိုင်ဘူး။ နိုင်ငံသားကောင်းဖြစ်ဖို့ ၀င်ငွေခွန်ဆောင် တယ်။ ကျွန်တော်တို့က အဂတိကင်း အောင် ဆောင်ရွက်နေတယ်" ဟု ၎င်းက ပြောဆိုခဲ့သည်။

နိုင်ငံ၏ ဆင်းရဲနွမ်းပါးမှု ၁၆ ရာခိုင်နှုန်း အောက် လျှော့ချ သွားနိုင်ရေးအတွက် ဒေသခံပြည်သူများ အလုပ်အကိုင်ရှာဖွေ
ပေးနိုင်ရန် လမ်းတံတားနှင့် လျှပ်စစ်မီး ရရှိရေးတို့တွင် တင်ဒါလုပ်ငန်းများမှ ပိုလျှံ ငွေများဖြင့် ဆောင်ရွက်သွားမည် ဖြစ်ပြီး လုပ်ငန်းတင်ဒါများ၌ သေချာစိစစ်၍ ဒေသပေါက်ဈေးနှင့် စနစ်တကျ ချထားပေးခြင်းဖြစ်ကြောင်း သိရသည်။

စီးပွားရေးမူဝါဒ ၁၂ ရပ်ချမှတ်ဆောင်ရွက် လျှက် ရှိရာတွင် စီးပွားရေး လုပ်ငန်းရှင် များအား ဖိတ်ခေါ်ထားပြီး လုပ်ငန်း အကျိုးအမြတ်များထဲမှ ရာခိုင်နှုန်း အချို့ ကို CorporateSocial Responsiblilty-CSR အဖြစ်ပြည်သူအတွက် အသုံးပြုခြင်း နှင့် ကျသင့်သည့် အခွန်ပေးဆောင်ကြရန် လိုကြောင်းနှင့် ပြည်သူများ၏ အခက်အခဲ များကို အတတ်နိုင်ဆုံးဖြေရှင်း ဆောင်ရွက်နေကြောင်း သိရသည်။

အစိုးရသစ်အနေဖြင့် အခက်အခဲပေါင်း များစွာ ဖြတ်ကျော်၍ ပြည်သူများ၏ ယုံကြည်မှုနှင့် စီမံခန့်ခွဲလုပ်ဆောင်နေပြီး ပြည်သူများအပေါ်မေတ္တာထားကာ နိုင်ငံအပေါ်သစ္စာရှိစွာဖြင့် အဂတိတရား ကင်းစွာ ပြည်သူများ၏ လူနေမှုဘ၀တွေ မြှင့်တင်ရေးကို ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း ၀န်ကြီးချုပ်က ပြောဆိုခဲ့ သည်။
အောင်သန့်ခိုင်(Credit)
D M C.

The Myanmar Times Daily Newspaper - Myanmar Version

No comments:

Post a Comment