Latest News

Tuesday, April 4, 2017

မန္တ​လေးမြို့အတွင်း ယာဉ်​စည်းကမ်း မလိုက်နာသည့်မော်တော်ယာဉ်များကို CCTV ဖြင့်​ (၂၄)နာရီစောင့်ကြည့်​ အရေးယူမှုများ စတင်

မန္တ​လေးမြို့အတွင်း ယာဉ်​စည်းကမ်း မလိုက်နာသည့်မော်တော်ယာဉ်များကို CCTV ဖြင့်​ (၂၄)နာရီစောင့်ကြည့်​ အရေးယူမှုများ စတင်

မန္တ
လေးမြို့အတွင်း ယာဉ်​စည်းကမ်း မလိုက်နာသည့်မော်တော်ယာဉ်များကို မန္တ​လေးမြို့တော်စည်ပင်သာယာ​ရေး​ကော်​မတီရုံးရှိ CCTV ထိန်းချုပ်​​ရေးရုံးခန်းမှ (၂၄)နာရီစောင့်ကြည့်ပြီး မှတ်တမ်းရယူ၍ စည်းကမ်းမဲ့မော်တော်ယာဉ်များအား ဖမ်းဆီးအရေးယူမှုများ စတင်ပြုလုပ်နေပြီကြောင်း သိရသည်။

ထို့အပြင် အများပြည်​သူများအ​နေဖြင့်​  ဖုန်းနံပါတ် ၀၉-၂၆၅၅၁၂၂၄၃ သို့ Viber မှတဆင့်​ ဆက်​သွယ်​ကာ ယာဉ်​စည်းကမ်း ဖောက်ဖျက်သည့်မော်တော်ယာဉ်များကို သက်သေခံဓာတ်​ပုံမှတ်​တမ်း အထာက်အထားဖြင့် အရေးယူနိုင်ရန် ပေးပို့တင်ပြနိုင်ကြောင်း ထပ်​မံသိရသည်။

ယာဉ်စည်းကမ်း ဖောက်ဖျက်သည့်မော်တော်ယာဉ်များအနေဖြင့် ကျပ်သုံးသောင်းထက်မပိုသော ဒဏ်ငွေအား မော်တော်ယာဉ် ဥပဒေပုဒ်မ  ၅၄(စ)အရ ပေးဆောင်ရမည်ဖြစ်သည်။

MKK( မန္တလေးသတင်းဂျာနယ် )

No comments:

Post a Comment