Latest News

Friday, March 3, 2017

နှစ်ပေါင်း ၅၀ ကျော်ကြာ ရှုပ်ထွေးနေမှုကို တစ်နှစ်အတွင်း တစ်ကြိမ်တည်းဖြင့် ဖြေရှင်းနိုင်မည်မဟုတ်ဟု သူရဦးတင်ဦးပြော

နှစ်ပေါင်း ၅၀ ကျော်ကြာ ရှုပ်ထွေးနေမှုကို တစ်နှစ်အတွင်း တစ်ကြိမ်တည်းဖြင့် ဖြေရှင်းနိုင်မည်မဟုတ်ဟု သူရဦးတင်ဦးပြော



 အစိုးရသစ်လက်ထက် လုပ်ဆောင်ပေးရမည့် အလုပ်များ စွာရှိပြီး နှစ်ပေါင်း ၅၀ ကျော်ကြာ ရှုပ်ထွေးနေမှုကို တစ်နှစ်အတွင်း တစ်ကြိမ်တည်းဖြင့် ဖြေရှင်းနိုင် မည်မဟုတ်ကြောင်း အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီနာယက သူရဦးတင်ဦးက ပြောကြားသည်။

 ပြောင်းလဲချိန်တန်ပြီဟူ သော ဆောင်ပုဒ်ဖြင့် ၂၀၁၅ ရွေး ကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် ဒီချုပ်အစိုးရလက်ထက်၌ ပြောင်း လဲမှုမရှိကြောင်း ဝေဖန်ပြောကြား ခြင်းများအပေါ် သူရဦးတင်ဦးက အထက်ပါအတိုင်း တုံ့ပြန်ပြီး နိုင်ငံ့ခေါင်းဆောင်များသည် ရှုပ် ထွေးမှုထဲမှ တစ်စစီဆွဲထုတ်ကာ ဖြေရှင်းဆောင်ရွက်နေရကြောင်း မတ်လ ၂ ရက်က ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ် ဒီချုပ်မဲဆွယ်ပွဲ၌ ပြောကြားခဲ့သည်။

‘‘ပြောင်းလဲတာနဲ့ပတ်သက် ပြီး မည်မည်ရရ မရှိဘူး။ ဘာဘူး၊ ညာဘူးနဲ့ ပြောတာရှိပါတယ်။ ဒီ လောက်တောင် နှစ်ပေါင်း ၅၀ ရှုပ်ထွေးနေတဲ့ အမယ်ဘုတ် သူ့ ချည်ခင်ကို ဘယ်လိုလုပ် တစ်နှစ် အတွင်း တစ်ကြိမ်တစ်ခါတည်း လုပ်ပေးနိုင်မလဲဆိုတာ ခင်ဗျားတို့စဉ်းစားကြည့်ပါ။ လုပ်ပေးရမယ့် အလုပ်တွေဟာ အများကြီးပါ။ အခုက ကျွန်တော်တို့ ခေါင်း ဆောင်တွေကိုယ်တိုင်က တစ်စစီတစ်စစီ ဆွဲထုတ်ပြီးတော့ လုပ်ကိုင်နိုင်သမျှ လုပ်ပေးသွားနေတာ ရှိပါတယ်’’ ဟု သူရဦးတင်ဦးက ဆိုသည်။

အစိုးရအပြောင်းအလဲဖြစ် ပြီး ရှစ်လအကြာတွင် တိုင်းပြည် စီးပွားရေးအခြေအနေကို ကုန် ဈေးနှုန်းနှင့် စားဝတ်နေရေးအဆင် မပြေမှုတို့က ဖော်ပြနေပြီး အစိုးရ သစ်သည် စီးပွားရေးဖွံ့ဖြိုးအောင် မစွမ်းဆောင်နိုင်သေးကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ၂၀၁၆ နိုဝင်ဘာအတွင်း ပြောကြားသည်။

ဒီချုပ်ပါတီနာယက ဦးတင်ဦးသည်  လက်ရှိနိုင်ငံ့ခေါင်းဆောင်များ၏ ကြိုးစားဆောင်ရွက်မှုများကြောင့် အောင်မြင်မှုရရှိသည်များရှိသကဲ့သို့ အခက်အခဲ၊ အကျပ်အတည်းဖြစ်နေသည့် စိန်ခေါ်မှုများလည်းရှိနေကြောင်း အထက်ပါမဲဆွယ်ပွဲ၌ ဝန်ခံပြော ကြားသည်။

 ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က လက်ရှိအစိုးရလက် ထက်တွင် ပြောင်းလဲမှုမရှိဟု ဝေ ဖန်မှုများနှင့်ပတ်သက်၍ ပြောင်း လဲမှုလုံးဝမရှိသည်မဟုတ်ဘဲ အတိုင်ပင်ခံပုဂ္ဂိုလ်ရာထူးကို ဖန်တီးနိုင်ခဲ့ခြင်းကဲ့သို့သော မြင်သာထင်သာသော ပြောင်းလဲမှုနှင့် မမြင်သာမထင်သာသော ပြောင်းလဲမှုများ လုပ်ဆောင်နိုင်ခဲ့ကြောင်း ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၌ ပြုလုပ်သည့် ဒီချုပ်မဲဆွယ်ပွဲတွင် တုံ့ပြန်ခဲ့သည်။



7Day News Journal

No comments:

Post a Comment