Latest News

Friday, March 3, 2017

လိပ်ကျွန်းအမှုတွင် သေဒဏ်စီရင်ချက် ချမှတ်ခြင်းကို သေဆုံးသူ ဒေးဗစ်မီလာ၏မိသားစု မလိုလား

လိပ်ကျွန်းအမှုတွင် သေဒဏ်စီရင်ချက် ချမှတ်ခြင်းကို သေဆုံးသူ ဒေးဗစ်မီလာ၏မိသားစု မလိုလား



လိပ်ကျွန်းလူသတ်မှုတွင် အသတ်ခံရသူ ဗြိတိန်နိုင်ငံသား ဒေးဗစ်မီ လာ၏မိသားစုက မြန်မာလုပ်သား နှစ်ဦးအား သေဒဏ်စီရင်ခြင်းအ ပေါ် မလိုလားကြောင်း ကြေညာ ချက်ထုတ်ပြန်သည်။

ဇော်လင်းနှင့် ဝင်းဇော်ထွန်း တို့နှစ်ဦးသည် မီလာကို သတ်ဖြတ်ပြီး ၎င်း၏အမျိုးသမီးအဖော် ဟန်နာဝစ်သာရစ်ခ်ျကိုလည်း မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သည်ဆိုသော စွပ်စွဲချက်ဖြင့် ၂၀၁၅ ဒီဇင်ဘာ ၂၄ ရက်တွင် သေဒဏ်ချမှတ်ခံခဲ့ရ သည်။ မီလာနှင့် ဝစ်သာရစ်ခ်ျတို့ သည် ကမ္ဘာလှည့်ခရီးသည်များ သွားရောက် လည်ပတ်လေ့ရှိရာ လိပ်ကျွန်းတွင် ၂၀၁၄ စက်တင် ဘာ ၁၅ ရက်က အသတ်ခံခဲ့ရ သည်။

လိပ်ကျွန်းရှိ မြန်မာလုပ်သား နှစ်ဦးကို လူသတ်မှုဖြင့် စွဲချက် တင်ရာ၌ ထိုင်းရဲတပ်ဖွဲ့၏ လုပ် ထုံးလုပ်နည်း အားနည်းချက်များ စွာ ရှိနေကြောင်း ဝေဖန်မှုများ ထွက်ပေါ်ခဲ့သကဲ့သို့ မြန်မာလူငယ် နှစ်ဦးကလည်း ထိုင်းရဲများ၏ နှိပ် စက်ညှဉ်းပန်းမှု ခံခဲ့ရကြောင်း ဖွင့် ဟဝန်ခံခဲ့သည်။ အသက်(၂၂)နှစ်အရွယ် လူငယ်နှစ်ဦးသည် ယခုအမှုတွင် မြေစာပင် ဖြစ်ခဲ့ရသည် ဟု ယူဆမှုများလည်း ရှိနေသည်။

သို့သော် သေဒဏ်ချမှတ်မှု ကို အယူခံဝင်ရာ၌ ယခုသီတင်း ပတ်တွင် အယူခံရုံးက မူရင်းပြစ် ဒဏ်အတိုင်း စီရင်ချမှတ်ရန် အ တည်ပြုခဲ့သည်။

မီလာမိသားစုက အပြစ်မရှိသူများ သေဒဏ်စီရင်ခံရမည်ကို မလိုလားကြောင်း လူသတ်မှုကို စစ်ဆေးနေသည့် အစောပိုင်းကာ လများက ပြောကြားခဲ့ဖူးသည်။ သို့သော် အယူခံရုံးဆုံးဖြတ်ချက် အပြီးတွင် မီလာမိသားစုက မြန် မာနှစ်ဦးသည် အမှန်တကယ် တရားခံများဟု လက်ခံယူဆလိုက် ကြသည်။

 သက်သေ အထောက်အ ထားများ အလွန်ခိုင်လုံနေသော အခြေအနေတွင် မှန်ကန်သည့် တရားစီရင်မှုကို ရှာဖွေနိုင်ပြီဟု ယုံကြည်ကြောင်း၊ တရားခံများ သည် ၎င်းတို့ ကျူးလွန်ခဲ့သော ရာဇဝတ်မှုအတွက် အကျဉ်းကျ ခံပြီး အစဉ်အမြဲ အမှတ်ရနေစေ လိုကြောင်း မီလာမိသားစုက ကြေ ညာချက်ထုတ်ပြန်ခဲ့သည်။

 အဆိုပါ ကြေညာချက်ကို လိပ်ကျွန်းလူသတ်မှုအပေါ် အသေးစိတ် လေ့လာဆန်းစစ်နေ သည့် တော်ဖီဖစ်ဂင်းစ်က ဖေ့စ် ဘွတ်ခ်ပေါ်တွင် မျှဝေခဲ့သည်။ ထိုကြေညာချက်တွင် ‘‘ထိုင်းရဲ တပ်ဖွဲ့ဟာ လူသတ်သမားတွေကို ဖော်ထုတ်နိုင်ခဲ့ပါပြီ။ ထိုင်းတရား ရုံးကလည်း မျှမျှတတ၊ ထိထိ ရောက်ရောက်နဲ့ ပွင့်လင်းမြင်သာစွာ စစ်ဆေးကိုင်တွယ်ခဲ့ပါတယ်။ ဇော်လင်းနဲ့ ဝေဖြိုး(ဝင်းဇော်ထွန်း) တို့ဟာ အကျဉ်းထောင်ထဲမှာ ဖြတ်သန်းနေထိုင်ပြီး သူတို့ရဲ့ ကြောက်စရာ ရာဇဝတ်မှုကို အမှတ်ရနေရ ပါမယ်’’ဟု ပါရှိသည်။

ဇော်လင်းနှင့် ဝင်းဇော်ထွန်း တို့သည် သေဒဏ်စီရင်ခံရမည့် အခြေအနေ ကြုံနေသော်လည်း မီလာမိသားစုကမူ ယင်းစီရင် ချက်ကို မလိုလားဟုဆိုသည်။ ၎င်းတို့အနေဖြင့် ဒေးဗစ်၏ တိုတောင်းသောဘဝတွင် ရှင်သန်နေထိုင်ခဲ့မှုများကို အစဉ်ဂုဏ်ယူ နေမည်ဖြစ်ကြောင်း၊ သို့သော် အဆိုပါဘဝသည် ရက်စက်စွာ ဖျက်ဆီးခြင်း ခံခဲ့ရကြောင်းလည်း ကြေညာချက်၌ ထည့်သွင်း ဖော် ပြထားသည်။

—Ref: Bangkok Post



7Day News Journal

No comments:

Post a Comment