Latest News

Monday, March 13, 2017

ဗန်းမောက်မြို့နယ်အတွင်း တရားမ၀င်ကျွန်းသစ်လုံးများတွေ့ရှိသိမ်းဆည်းရမိ

ဗန်းမောက်မြို့နယ်အတွင်း တရားမ၀င်ကျွန်းသစ်လုံးများတွေ့ရှိသိမ်းဆည်းရမိ

နေပြည်တော် မတ် ၁၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ်အတွင်း တပ်မတော်စစ်ကြောင်းက နယ်မြေလုံခြုံရေး ဆောင်ရွက်နေစဉ် မတ် ၁၂ ရက် ညနေ ၃ နာရီခန့်တွင် ဗန်းမောက်မြို့နယ်၊ ခေါင်းတုံကျေးရွာ၏အရှေ့ဘက် ၁ မိုင်ခန့်အကွာသို့အရောက်၌ တရားမ၀င်ကျွန်းသစ်လုံး ၂၆ လုံး(၁၃ ဒသမ ၅ တန်ခန့်)ကို ပိုင်ရှင်မဲ့တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
အဆိုပါသိမ်းဆည်းရမိသစ်များအား မံထုံရဲကင်းမှ တာဝန်ရှိသူများထံသို့ စနစ်တကျလွှဲပြောင်း အပ်နှံခဲ့ကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

No comments:

Post a Comment