Latest News

Monday, March 13, 2017

လိပ်ကျွန်းလူသတ်မှုသေဒဏ် အယူခံတင်သွင်းရန် ဥပဒေအကြံပေးအဖွဲ့ စေလွှတ်မည်

လိပ်ကျွန်းလူသတ်မှုသေဒဏ် အယူခံတင်သွင်းရန် ဥပဒေအကြံပေးအဖွဲ့ စေလွှတ်မည်



လိပ်ကျွန်းလူသတ်မှုဖြင့် သေဒဏ် အပြစ်ပေးခံရသော မြန်မာလုပ်သားနှစ်ဦးအား ထိုင်း နိုင်ငံဗဟိုတရားရုံးချုပ်သို့ အယူခံ ၀င်တင်သွင်းရန် မြန်မာနိုင်ငံမှ ဥပဒေအကြံပေးအဖွဲ့တစ်ဖွဲ့စေ လွှတ်ရန် ဆောင်ရွက်နေကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက မတ် လ ၁၃ ရက်တွင် သတင်းထုတ်ပြန် သည်။

မြန်မာလုပ်သားနှစ်ဦးအရေး နှင့်ပတ်သက်၍ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ တာဝန်ရှိသူများက မတ်လ ၇ ရက်တွင် ထိုင်းနိုင်ငံခြား ရေးဝန်ကြီးဌာန၊ အရှေ့အာရှရေးရာဌာန ညွှန်ကြားရေးမှူး Mr.Chatchai Viriyavejakul နှင့် ဆွေးနွေးခဲ့သည်။

တရားခံ၏ ရှေ့နေများသည် နောက်ဆုံးအဆင့်အဖြစ် ရက် ပေါင်း ၃၀ အတွင်း ထိုင်းနိုင်ငံ၏အမြင့်ဆုံးဖြစ်သော ဗဟိုတရား ရုံးချုပ်သို့ ဆက်လက်အယူခံဝင် ခွင့်ရှိဦးမည်ဟု ဖော်ပြသည်။

 သေဒဏ်ချမှတ်ခံထားရ သော မြန်မာလုပ်သားနှစ်ဦးအ တွက် ပြည်ထောင်စုအစိုးရအဖွဲ့ အနေဖြင့် ထိုင်းဥပဒေနှင့်အညီ သက်သာမှုရစေရန် ဆက်လက် တင်ပြမည်ဟု အလုပ်သမား၊ လူ ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင် အားဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးသိန်းဆွေကပြောသည်။

‘‘ဒါ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ကိုယ်တိုင်နဲ့ နိုင်ငံတော်မှာ တာဝန်ရှိတဲ့သူတိုင်း စိတ်ဝင်စား ပါတယ်။ သံရုံးကအဖွဲ့တွေလည်း သွားပြီးတော့မှ ဆောင်ရွက်နေ တယ်’’ဟု ၎င်းက ပြောသည်။

 သေဒဏ်ချမှတ်ခံထားရ သော မြန်မာလုပ်သားနှစ်ဦးအ တွက် အဆင့်မြင့်တရားရုံး (High Court)အယူခံကို သုံးလအတွင်း တင်သွင်းမည်ဖြစ်ပြီး လာမည့် အယူခံရုံးသည် ကောင်းမွန်သည့် ရလဒ်များ ထွက်လေ့ရှိသဖြင့် မြန်မာပြည်သူများ စိတ်မပူကြရန် မြန်မာလုပ်သားနှစ်ဦးအရေး အ ကျိုးဆောင်ပေးနေသော ထိုင်း နိုင်ငံရှေ့နေများကောင်စီ ဒုဥက္ကဋ္ဌ Mr.Damrongsak Kruakeaw က မတ်လ ၈ ရက် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

  မြန်မာလုပ်သားနှစ်ဦးကို ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ တာဝန်ရှိသူများနှင့် FED အဖွဲ့မှ တာဝန်ရှိသူများသည် မတ်လ ၈ ရက်တွင် မြန်မာလုပ်သားနှစ်ဦး ထားရှိသော ဘန်ခွမ်အကျဉ်း ထောင်သို့ ထောင်ဝင်စာသွား ရောက်တွေ့ဆုံခဲ့သည်။

မြန်မာလုပ်သားနှစ်ဦးသည် လိပ်ကျွန်းလူသတ်မှုဖြင့် သေဒဏ် အပြစ်ပေးခံထားရသဖြင့် အယူခံ တင်ပြသော်လည်း ထိုင်းအောက် တရားရုံးက မတ်လ ၁ ရက်၌ အ ယူခံကိုပယ်ချပြီး သေဒဏ်အမိန့် ထပ်မံအတည်ပြုခဲ့သည်။

 မြန်မာလုပ်သားနှစ်ဦးကို ထိုင်းအယူခံအောက် တရားရုံးက သေဒဏ်အမိန့်ထပ်မံချမှတ်သည့် အပေါ် နိုင်ငံတော်သမ္မတနှင့် အ တိုင်ပင်ခံပုဂ္ဂိုလ်တို့က စိတ်မ ကောင်းဖြစ်နေပြီး အဆင့်မြင့် တရားရုံးသို့ အယူခံတင်ပြရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် က ညွှန်ကြားထားသည်။



7Day News Journal

No comments:

Post a Comment