Latest News

Friday, March 24, 2017

မြောက်ကိုရီယား နိုင်ငံ ရက်ပိုင်းအတွင်း နျူကလီယား စမ်းဖွယ်ရှိနေ


မြောက်ကိုရီယားနိုင်ငံ ဟာ နောက်ထပ် နျူကလီယားစမ်းသပ်မှုပြုလုပ်ဖို့ ပြင်ဆင်နေပြီး လာမယ့်ရက်ပိုင်းအတွင်း စမ်းသပ်ဖွယ်ရှိနေတယ်လို့ အမေရိကန်အစိုးရတာဝန်ရှိသူကပြောပါတယ်။
 အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနတာဝန်ရှိသူတွေကမြောက်ကိုရီယား  နျူကလီယားစမ်းသပ်ရာနေရာဖြစ်တဲ့ ပွန်ဂဲရီနေရာမှာ ဥမင်လိုဏ်းခေါင်းတွေတူးနေကြောင်း၊ စမ်းသပ်မှုလုပ်ဖို့ လိုအပ်တဲ့  ပစ္စည်းကိရိယာတွေကို ရွေယူနေဆဲဖြစ်ကြောင်း ပြောပါတယ်။

 အမေရိကန်ထောက်လှမ်းရေး လေယာဉ် ဟာ မကြာသေးမီကမြောက်ကိုရီယားနိုင်ငံရဲ့ နျူကလီယား စမ်းသပ်တဲ့နေရာကို ထောက်လှမ်းမှုလုပ်ခဲ့ကြောင်း၊ မြောက်ကိုရီယားနိုင်ငံ ဟာ နျူကလီယားစမ်းသပ်မှုတွေလုပ်ဖိုပြင်ဆင်နေတယ်လို့ သတင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
အမေရိကန်နိုင်ငံ လေတပ်က Wc 135 လေယာဉ် ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ဂျပန်နိုင်ငံကိုရောက်ရှိလာခဲ့ပြီး ကိုရီယားကျွန်းဆွယ် တစ်ဝိုက်မှာ ကင်းလှည့်ပျံသန်းမှုတွေ လုပ်မှာဖြစ်ပါတယ်။

မြောက်ကိုရီယားနိုင်ငံ ဟာ ၂၀၀၆ခုနှစ်နောက်ပိုင်းတည်းက နျူကလီယား စမ်းသပ်မှုပေါင်း ၅ ကြိမ်လုပ်ဆောင်ခဲ့ပြီး ပြီးခဲ့တဲ့နှစ် ဇန်န၀ါရီလနဲ့ စက်တင်ဘာလတို့မှာနောက်ဆုံးစမ်းသပ်ခဲ့ပါတယ်။
ဒါအပြင်မြောက်ကိုရီယားနိုင်ငံ ဟာ အခုလအတွင်းမှာလည်း ဒုံးကျည်စမ်းသပ်မှုတွေလုပ်ခဲ့တယ်လို့ သိရပါတယ်။ မြောက်ကိုရီယားနိုင်ငံအပေါ် ကုလသမဂ္ဂက ပိတ်ဆို့မှုတွေ လုပ်နေပေမယ့် မြောက်ကိုရီယားကတော့ ဒုံးကျည်နဲ့ နျူကလီယားစမ်းသပ်မှု လုပ်ဆောင်ဖို့ ကြိုးပမ်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။
ref nhk
ဇက်အမ်အို(တိုင်းဧရာ)ဘာသာပြန်သည်

No comments:

Post a Comment