Latest News

Friday, March 24, 2017

အာဏာရှင်ဟောင်း မူဘာရက်ကို ထောင်ကပြန်လွှတ်


ရာထူးက ဖြုတ်ချခံရတဲ့အီဂျစ် အာဏာရှင်ဟောင်း မူဘာရက် ဟာ ထောင်ဒဏ် ၆ နှစ်ကျခံပြီးနောက် ထောင်မှပြန်လွှတ်လာခဲ့တယ်လို့ သူရဲ့ရှေနေဖြစ်သူကပြောပါတယ်။
 လက်ရှိအချိန်မှာ အသက် ၈၈ နှစ်အရွယ်ရှိမူဘာရက် ဟာဆေးရုံတက်ကုသမှုတွေလုပ်နေတယ်လို့သိရပါတယ်။
၂၀၁၁ခုနှစ်ကမူဘာရက်ကိုရာထူးကဖြုတ်ချတဲ့လူထုအုံကြွမှုအတွင်းဆန္ဒပြသူတွေကိုသေအောင်လုပ်ဆောင်တဲ့အချက်နဲ့ စွဲချက်တင်ခံရပြီး ထောင်ဒဏ်အပြစ်ပေးခံရပါတယ်။

၂၀၁၁ ခုနှစ်က ဆန္ဒပြမှုတွေအတွင်း ရဲတွေနဲ့ ဆန္ဒပြသူတွေကြား ထိပ်တိုက်ရင်ဆိုင်မှုတွေဖြစ်ခဲ့ပြီး ဆန္ဒပြသူပေါင်း ၈၅၀ ဦးသေဆုံးခဲ့ပါတယ်။ အခုလိုမျိုးဆန္ဒပြသူတွေ သေဆုံးအောင် အီဂျစ် သမ္မတဟောင်းမူဘာရက်က အမိန့်ပေးခဲ့တာဖြစ်တယ်လို့ ဆန္ဒပြသူတွေကစွပ်စွဲထားပါတယ်။

 အဆိုပါ စွဲချက်နဲ့ ပက်သက်ပြီး ၂၀၁၂ ခုနှစ်မှာ အီဂျစ်တရားရုံးကတစ်သက်တစ်ကျွန်းထောင်ဒဏ်အပြစ်ပေးခဲပြီး အဲဒီအပြစ်ဒဏ်ကိုအယူခံဝင်ခဲ့ချိန်မှာ ပြစ်ဒဏ်ကို ပယ်ချမှုတွေရှိခဲ့ပါတယ်။
၂၀၁၆ခုနှစ်ကအီဂျစ်အယူခံတရားရုံးကမူဘာရက်ကိုထောင်ဒဏ်သုံးနှစ်နဲ့သူရဲ့သားတွေကိုအကျင့်ပျက်လဘ်စားမှုနဲ့ ပြစ်ဒဏ်ပေးခဲ့ပါတယ်။
ဒါအပြင်နောက်ထပ် အီဂျစ် တရာရုံးက မူဘာရက်ကို အယ်လ်အယ်ဟမ် သတင်းစာဆီကနေ လဘ်စားမှုတွေလုပ်ခဲ့တယ်ဆိုပြီး စွဲချက်တင် ခဲ့ပါတယ်။အခုအချိန်မှာ မူဘာရက် ဟာ သူအပေါ်ချမှတ်တဲ့ထောင်ဒဏ်ကို ကျခံပြီးဖြစ်သလို သားနှစ်ဦးလည်း ပြန်လွှတ်ပေးခဲ့တယ်လို့သိရပါတယ်။
ref nhk
ဇက်အမ်အို (တိုင်းဧရာ)ဘာသာပြန်သည်

No comments:

Post a Comment