Latest News

Thursday, March 30, 2017

ထိုင်းမှာ စစ်အစိုးရက ဥပဒေကြမ်း တစ်ခု ရေးဆွဲ

ထိုင်းမှာ စစ်အစိုးရက ဥပဒေကြမ်း တစ်ခု ရေးဆွဲ


ထိုင်းမှာ စစ်အစိုးရက ဥပဒေကြမ်း တစ်ခု ရေးနေတယ်။ ဒီဥပဒေရဲ့ အဓိက ရည်ရွယ်ချက် ကတော့ ထိုင်း သံဃာ့ အင်အားစုကို အစိုးရရဲ့ ထိန်းချုပ်မှု အောက်မှာ ထားဖို့ပဲ။ ပြီးခဲ့တဲ့ ဓမ္မကာယ ကျောင်းတော် ကိစ္စမှာ သူတို့ကို အာခံ ခဲ့တဲ့ သံဃာထုကို ဦးချိုးလိုပုံ ရပါတယ်။

ထိုင်းသံဃာ့ နာယက ကောင်စီမှာ စုစုပေါင်း အဖွဲ့ဝင် ၂၇ ပါး ပါတယ်။ အခု ဥပဒေကြမ်း အရဆိုရင် အဲဒီထဲက ၃ နေရာကိုပဲ သံဃာထုကို ပေးတော့မယ်။ ကျန် ၂၄ နေရာကို ဝန်ကြီးချုပ်၊ ရဲချုပ်နဲ့ တခြား အစိုးရ အရာရှိတွေ၊ သံဃာ့ တက္ကသိုလ်​က ကိုယ်စားလှယ်တွေ၊ ဝန်ကြီးချုပ် ထောက်ခံတဲ့ ဘာသာရေး အဖွဲ့အစည်းက ကိုယ်စားလှယ်တွေကို ပေးမယ်။ ထိုင်း သံဃာ အသိုင်း အဝိုင်း မှာတော့ ဒီကိစ္စ အခု ပွက်လော ရိုက်နေတယ်။

ပြောချင်တာက အခု ကျွန်တော်တို့ ဆီမှာလည်း တိုင်းပြည်ကို စစ်တပ် လက်ထဲ ထည့်လိုက်ရင် အမျိုး၊ ဘာသာ၊ သာသနာကြီး တိုးတက် စည်ပင်သွားမယ် ထင်နေသူတွေ ကိုပါ။ စစ်အစိုးရ ဆိုတာ အချုပ်အခြာ အာဏာ တည်ဖို့နဲ့ ငြိမ်ဝပ် ပိပြားဖို့ပဲ ဦးစားပေးတဲ့ အစိုးရမျိုးပါ။ သူတို့ လက်အောက်မှာ ဘယ်အဖွဲ့ အစည်း မဆို ခေါင်းထောင်နိုင်ဖို့ မမျှော်လင့်ပါနဲ့။ ထိပ်တိုက် တွေ့စရာ ဖြစ်လာရင် နှိပ်ကွပ်မှာပါပဲ။ ဒီနိုင်ငံမှာ တကယ်လည်း နှိပ်ကွပ်ခဲ့ ဖူးတဲ့ သမိုင်းကြောင်းတွေ ရှိခဲ့တယ် ဆိုတာကို ပြောပြတာပါ။

Zin Thaw Naing

No comments:

Post a Comment