Latest News

Thursday, March 30, 2017

လမ်းလျှောက်သင်္ကြန်တွင် အလှူငွေ ဆယ်သိန်းဖြင့် ရေကစားမဏ္ဍပ်နေရာလျှောက်ထားနိုင်

လမ်းလျှောက်သင်္ကြန်တွင် အလှူငွေ ဆယ်သိန်းဖြင့် ရေကစားမဏ္ဍပ်နေရာလျှောက်ထားနိုင်

မတ် ၃၀

မြန်မာ့ရိုးရာရေသဘင်ပွဲတော် မန္တလေးလမ်းလျှောက်သင်္ကြန်အဖြစ်ဆောင်ရွက်မည့် ၂၆ လမ်းတွင် ရေကစားမဏ္ဍာပ်များနေရာချထားပေးမည်ဖြစ်ရာ ရေကစားလိုသူများအနေဖြင့် အလှူငွေ ဆယ်သိန်း ထည့်ဝင်ရမည်ဖြစ်ကြောင်း မန္တလေးမြို့တော်ဝန်၏ ဖေ့ဘုတ်တွင် မတ်လ ၃၀ ရက်နေ့ ည ၈ နာရီခန့်က ရေးသားဖော်ပြထားချက်အရ သိရသည်။

ရေကစားမဏ္ဍပ်အား ၁၂ ပေ × ပေ ၃၀ အရွယ်ခွင့်ပြုပေးမည်ဖြစ်ကာ လျှောက်လွှာများအား မတ်လ ၂၉ ရက်နေ့မှ မတ်လ ၃၁ ရက်နေ့ထိ ရုံးချိန်အတွင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ အခွန်ဌာနတွင် တင်သွင်းလျှောက်ထားရမည်ဖြစ်ကြောင်း မတ်လ ၂၉ ရက်နေ့ထုတ် မန္တလေးနေ့စဉ်သတင်းစာ၌ ကြေငြာချက် ထုတ်ပြန်ထားသော်လည်း ယခုအခါ လျှောက်လွှာများကို ဧပြီလ ၆ ရက်နေ့ မတိုင်ခင် ရယူလျှေက်ထားနိုင်ပြီးမဏ္ဍပ်ဆောက်လုပ် ရေကစားချင်သူများ အခက်အခဲမရှိစေရန် လျှောက်လွှာတင်သည့်နေ့တွင် နေရာရွေးချယ်၍ ချက်ချင်းစတင်ဆောက်လုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

''ပေ ၃၀ အကျယ် နေရာ ၃၅ နေရာ သတ်မှတ်လျာထားပါသည်။ တစ်နေရာအတွက် အလှူငွေ ၁၀သိန်းပါ။ ရေစက်ဘိုးထပ်မကောက်ပါ။ DJ၊ တီဝိုင်းများခွင့်မပြုပါ။ တေးသီချင်းများသာခွင့်ပြုသည်။ မဏ္ဍပ်အမြင့် ၃ ပေ နောက်ခံအမြင့် ၆ ပေ။ မဏ္ဍပ်မဆောက်လိုလျှင်လည်း ခွင့်ပြုမည်။ မိသားစုအစီအစဉ်ဖြင့် ရေပက်လိုပါက ၂ လက်မပိုက်ထက်မကြီးရ။ မီးသတ်ခေါင်းမတတ်ရ။ ရေစက်တခု ၂ သိန်းပါ။ သန့်ရှင်းသပ်ယပ်သော စားသောက်ဆိုင်များလည်းခွင့်ပြုမည်။''ဟု မန္တလေးမြို့တော်ဝန်ဖေ့ဘုတ်တွင် ဖော်ပြထားသည်။

ငယ်ငယ် ( TheMandalayNewsJournal )

No comments:

Post a Comment