Latest News

Thursday, March 30, 2017

အမုန်းစကားများ တားဆီးကာကွယ်ရေးဥပဒေကြမ်း ယခုနှစ်အတွင်း လွှတ်တော်တင်နိုင်မည်

အမုန်းစကားများ တားဆီးကာကွယ်ရေးဥပဒေကြမ်း ယခုနှစ်အတွင်း လွှတ်တော်တင်နိုင်မည်


“အစိုးရသစ်နဲ့ နိုင်ငံတော်သံဃနာယကအပါအဝင် သံဃအဖွဲ့အစည်းအဆင့်ဆင့်ကြားမှာ အပြန်အလှန်လေးစားမှု၊ နားလည်မှုတွေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ပါတယ်။ မဘသနဲ့ပတ်သက်ပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က ကြေညာချက်တစောင် ထုတ်ပြန်နိုင်ခဲ့ပါတယ်။ မဘသအဖွဲ့အစည်းမှာပါဝင်တဲ့ ဆရာတော်သံဃာတော်အများစုကတော့ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တွေနဲ့ပြည့်စုံကြပါတယ်။

အနည်းစုလေးဘဲ အစွန်းရောက်တဲ့အတွေးအခေါ်ရှိပြီး ဘာသာတခုနဲ့တခုကြားမှာ ဟောပြောပို့ချလုပ်တာပဲ ရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီး အမုန်းစကားများ တားဆီးကာကွယ်ရေးဥပဒေကို တတိယမူကြမ်းအထိရေးဆွဲပြီး နိုင်ငံတော်အတိုင်ပင်ခံရုံးနဲ့ အစိုးရအဖွဲ့ရုံးကို တင်ပြနိုင်ခဲ့ပါတယ်။ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင်က အမုန်းစကားနဲ့ပတ်သက်ပြီး တခြားကမ္ဘာ့ဒီမိုကရေစီနိုင်ငံတွေမှာကျင့်သုံးတဲ့ အလေ့အထနဲ့ ရေးဆွဲထားမှုတွေကိုသိချင်လို့ နိုင်ငံတကာကို အကူအညီတောင်းခဲ့ပါတယ်။

နိုင်ငံတကာရဲ့အကြံပြုချက်တွေရခဲ့လို့ စတုထ္တမူကြမ်းကို အတိုင်ပင်ခံရုံးနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြင်ဆင်ဖြည့်စွက်ရေးဆွဲနေပြီဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်မှာတော့ အမုန်းစကား တားဆီးကာကွယ်ရေးဥပဒေကြမ်းကို လွှတ်တော်သို့တင်နိုင်လိမ့်မယ်။”

News Watch

No comments:

Post a Comment