Latest News

Sunday, March 26, 2017

ဘီလီလမင်းအေးကို အမေရိကန်ပြည်ထောင်စုမှ ဖိတ်ကြားမည်


💜💜💜 Congratulations Billy အမေရိကန်ပြည်ထောင်စုမှာ ၂၀၁၇ ဇွန်လတွင် အမေရိကန်ဖွား မြန်မာအမျိုးသမီးငယ်များ နှင့် ပထမဆုံးအကြိမ် ကျင်းပမည့် ....

1st MIss Myanmar - USA 2017 Pageant (ပထမအကြိမ် မယ်အမေရိကန်-မြန်မာ ရွေးချယ်ပွဲ) ၂၀၁၇
 ပြိုင်ပွဲကြီးတွင်အောက်ပါ အဆိုတော်များအား ဖိတ်ကြား ရန်...ပွဲ organizers များမှ ...ဆုံးဖြတ်လိုက်ကြပါ
သည်...
စိုင်းစိုင်းခမ်းလှိုင်
ဆုန်သင်းပါရ်
မိမွန်မွန်သိုက် စောလားထောဝါး
အမ်ဇော်ရိန် ဘီလီလမင်းအေး https://www.facebook.com/thaw.nyain/posts/1349766238427953

ဤ post တင်သူ Thaw Nyain သည် 1st MIss Myanmar - USA 2017 Pageant organizer
တစ်ဦးဖြစ်သည်။ ကျနော်တို့ပွဲ၏ အရေးကြီးကဏ္ဍဖြစ်သည့် entertainment အတွက် မြန်မာနိုင် ငံမှ
အဆိုတော်များဖိတ်ကြားရန် ဆုံးဖြတ်ထားပြီးဖြစ်ပြီး မည်သူတွေကို ဖိတ်ကြားမည်ကို ထပ်မံ ဆုံးဖြတ်ရန် Myanmar Idol Season 2 ကို စောင့်ကြည့်နေခဲ့ခြင်းဖြစ်ပါသည်။ Los Angeles မြို့မှ လစဉ်ထုတ် Myanmar Gazette 2017 February Issue တွင်ဖေါ်ပြ ထားသော မြန်မာနိုင်ငံမှ အဆိုတော်မျာပါဝင်မည့် ကျနော်တို့ပွဲအကြောင်း အောက်ပါ link တွင် ဖတ်ရှုနိုင်သည်။

https://www.facebook.com/thaw.nyain/posts/1349766238427953

1st Miss Myanmar USA 2017 Pageant ပထမအကြိမ် မြန်မာ-အမေရိကန် အလှမယ်ပြိုင်ပွဲ ၂၀၁၇ Myanmar Gazette, Los Angeles, 2017 February Issue အမေရိကန်ပြည်ထောင်စုမှာ ပထမဆုံး
အကြိမ် First Miss Myanmar USA Pageant အလှမယ်ပြိုင်ပွဲ ပြုလုပ်ဖို့ စီစဉ်နေတဲ့ Ko Ronnie Nyein
ကို ဒီပွဲနဲ့ ပတ်သက်ပြီး Myanmar Gazette က မေးမြန်းထားပါတယ်။ Myanmar Gazette: အမေရိ
ကန်ပြည်ထောင်စုမှာ Miss Myanmar USA အလှမယ်ပြိုင်ပွဲ လုပ်ဖို့ ဘယ်လိုများ idea ရခဲ့လဲ စပြောပြပါ
ခင်ဗျ။
Ronnie Nyein: ဒီလိုပါ။ မနှစ်က 2016 Nov 19 မှာ Hollywood က Virgelia Prodcutions Inc. ရဲ့ 27th Miss Asia USA Pageant ပြိုင်ပွဲကို မြန်မာနိုင်ငံက လင်းကလျာဦး ၀င်ပြိုင်ဖို့ အုပ်ချုပ်သူအနေနဲ့ လိုက်လာ
ရင်းနဲ့ idea ရတာပါ။ Virgelia က အမေရိကားထဲမှာရှိတဲ့ အာရှသွေး အနည်းဆုံး ၂၀% ပါတဲ့ ကလေးတွေနဲ့ ဒီပြိုင်ပွဲကို လုပ်လာတာ ၁၉၈၉ ခုနှစ်ထဲကဖြစ်တယ်။ ဒီနှစ်မှာ အမေရိကားထဲကနေ အာရှ ၅၈ နိုင်ငံရဲ့ သွေးပါတဲ့ ကလေးတွေ ၀င်ပြိုင်ခဲ့ကြတယ်။ အခု ဒီပွဲလုပ်လာတာ ၂၇ နှစ်ရှိပြီ အမေရိကားထဲမှာနေတဲ့ မြန်မာသွေးပါတဲ့ ကလေး တစ်ခါမှ ၀င်မပြိုင်ဖူးသေးဘူးလို့ သိရလို့ အခုလာမယ့် 28th Miss Asia USA Pageant မှာ မြန်မာသွေးပါသူတွေကို ကိုယ်စားပြု အလှမယ်တစ်ယောက်ရွေးပြီး ၀င်ပြိုင်ေ စချင်တဲ့ ဆန္ဒနဲ့ Miss Myanmar USA အလှမယ်ပြိုင်ပွဲကို လုပ်ဖို့ဆုံးဖြတ်လိုက်တာပါ။

Myanmar Gazette: ဘယ်လိုအစီအစဉ်နဲ့ ပြိုင်ပွဲဝင်မယ့် contestant တွေကို ခေါ်ယူမှာလဲ။
Ronnie Nyein: ဟုတ်ကဲ့ Miss Asia USA Pageant ပြိုင်ပွဲနဲ့ဆက်နွယ်နေတာကို အရင်ပြောပြချင်ပါတယ်။ Miss Asia USA ပွဲက သူတို့ ရည်ရွယ်ချက် ၂ခုနဲ့လုပ်ကြတယ်။ ပြိုင်ပွဲမှာ winner အဖြစ် အနိုင်ရတဲ့ကလေးကို ပေးတဲ့ဆုတွေ ထဲမှာ တက္ကသိုလ်ကောလိပ်ပညာရေး ၂နှစ်အတွက် ပညာသင်ဆုအပြည့်ု 2 year full scholarship prize ပါပါတယ်။ ဒါက အမေရိကားက အာရှသွေးပါတဲ့ကလေးကို ပညာရေးမြေတောင်မြှောက်ပေးတာပါ။ နောက်တစ်ခုက အနုပညာပါ။ ဒီပွဲရဲ့ organizer Virgelia က Top Finalists ကလေးတွေကို Hollywood ရဲ့ အနုပညာအေဂျင်စီတွေနဲ့ ချိတ်ပေးတယ်။ အဲဒီ အေဂျင်စီတွေက ဓါတ်ပုံmodelတို့ ရုပ်ရှင်သရုပ်ဆောင်တို့အတွက် casting တွေ ရိုက်ယူထားပြီး အာရှသွေးပါတဲ့ ဒီကလေးတွေ Hollywood ကို ၀င်တိုးဖို့ အခွင့်အရေးရှာနိုင်အောင် တံခါးပေါက်တစ်ခုလုပ်ပေးထားပါတယ်။

Myanmar Gazette: အဲတော့ Miss Myanmar USA Pageant ကို ၀င်ပြိုင်မယ့် contestants တွေက အမေရိကန် တက္ကသိုလ် ကောလိပ်ကျောင်းသူတွေပဲ ဖြစ်ရမယ်ပေါ့။ Ronnie Nyein: ဒီပွဲကို အမေရိကားက မြန်မာသွေးပါတဲ့ကလေး သွားပြိုင်နိုင်ဖို့အတွက် ကျနော်တို့ ကလည်း ပညာရေးအခြေခံကောင်းတဲ့ကလေးတွေကိုပဲ ဦးစားပေးလိုချင်ပါတယ်။ ကျနော်တို့ရဲ့ 1st Miss Myanmar USA အလှမယ်ပြိုင်ပွဲအတွက် အမေရိကားရဲ့ ပြည်နယ် (၅၀) ထဲက အသက် (၁၈)နှစ် ပြည့်ပြီးတဲ့ အနည်းဆုံး high school မှာ (၁၂)တန်းကိုရောက်ေ နတဲ့ မြန်မာသွေးပါသူ မိန်းကလေးတွေကို ပြိုင်ပွဲဝင် contestants တွေအနေနဲ့ လက်ခံပါမယ်။အသက် (၂၅)နှစ်ထက်တော့ မကြီးရပေါ့။ ရှေ့လ February မှာ ဒီပွဲအတွက် ပြိုင်ပွဲဝင် form တွေကို ကျနော်တို့ဆီ စတင်တောင်းယူနိုင်ပါတယ်။ ကျနော်တို့ ဒီပွဲအတွက် website နဲ့ facebook page တွေကိုလည်း Feb 1st မှာ launch လုပ်ပါမယ်။ အဲဒီမှာ form တွေကို download လုပ်ဖို့နဲ့ ပြန်ပို့ဖို့ instructions တွေ ပါပါမယ်။
Myanmar Gazette: 1st Miss Myanmar USA Pageant 2017 က…ဘယ်တော့လုပ်မှာလဲ၊ Venue က ကော..ဘယ်မှာလုပ်မှာလဲ ခင်ဗျ။ Ronnie Nyein : high school တွေကော college နဲ့ university တွေကော final exam တွေပြီးတဲ့ spring semester ကုန်ဆုံး summer break ဖြစ်တဲ့ June လထဲမှာ လုပ်ပါမယ်။ venue ကတော့ သုံးခုကို လျာထားပြီး လိုက်ကြည့်နေပါတယ်။ သုံးခုထဲက တစ်ခုကို...မကြာ ခင် ရွေးမှာပါ။
(၁) Indiana ပြည်နယ် Fort Wayne မြို့က Indiana University-Perdue University of Fort Wayne IPFW ထဲက Auer Hall
(၂) California ပြည်နယ် Los Angeles မြို့, Redendo Beach က Performer Arts Center နဲ့
(၃) Florida ပြည်နယ် Miami မြို့က Florida International University FIU ထဲက Arena Hall တို့ပါ။ သုံးခုလုံးက အမေရိကားမှာ မြန်မာ community အားကောင်းတဲ့မြို့တွေပါ။ Fort Wayne က IPFW ရဲ့ Auer Hall က မြန်မာပွဲတွေ မကြာခဏလုပ်ဖူးပါတယ်။ LA Redendo Beach ရဲ့ Hall က မနှစ်က Miss Asia USA Pageant ရဲ့ venue ပါ။ Miami, FIU ရဲ့ Arena Hall က Miss Universe 2014 Pageant လုပ်သွားတဲ့ venue ပါ။ သုံးခုလုံးက beauty pageant ပွဲ လုပ်ဖို့ လိုအပ်တဲ့ facilities တွေ အကုန်ရှိပါတယ်။ Myanmar Gazette: Miss Myanmar USA Pageant ပြိုင်ပွဲရဲ့ ဆုကြေးတွေက ဘယ်လိုရှိပါသလဲ။

Ronnie Nyein: အဓိကကတော့ Miss Asia USA Pageant မှာ သွားပြိုင်ဖို့ လွှတ်ရမယ့် Miss Myanmar USA 2017Winner ဆုရတဲ့ ကလေးအတွက်က registration fee နဲ့ တခြား feesတွေက US$ 5,000 လောက်ရှိပါတယ်။ ဒါကြောင့် Miss Myanmar USA 2017 Winner ကို ဒီ fees တွေနဲ့ သူ Hollywood မှာ 28th Miss Asia USAm2017 သွားပြိုင်တဲ့အခါ costumes တွေ အ၀တ်အစားဖိုးတွေ/airticket/hotel accommodation/meal အပါအ၀င် ကုန်ကျစားရိတ်အားလုံးကို Miss Myanmar USA Pageant ရဲ့ organizer က တာဝန်ယူပါမယ်။ ဒါဟာ winner အတွက် ဆုကြေးသဘောပါပဲ။ နောက်ထပ် 1st Runner-up, Second Runner-up, Titles ဆုတွေကိုတော့ ကျနော်တို့ website နဲ့ fb page တွေ launch လုပ်တဲ့အခါမှာ အသေးစိပ် ပါပါမယ်။

Myanmar Gazette: Miss Myanmar USA Pageant 2017 organizer က Ko Ronnie ပေါ့့။
Ronnie Nyein: Miss Asia USA Pageant လုပ်တဲ့ Vergelia ဆီကနေ လုပ်ထုံးလုပ်နည်း အတိုင်း ကျနော်က Miss Myanmar USA Pageant organizer အနေနဲ့ franchise license ယူရပါမယ်။ ကျနော်တို့က သူ့ဆီလွှတ်ပြီးပြိုင်မယ့်ကလေးကို ရွေးဖို့ သူ့brand ဖြစ်တဲ့ Miss Asia USA ရဲ့ လက်အောက်ခံ Miss Myanmar USA ဆိုပြီးလုပ်ရတာကိုး။ ကျနော်နဲ့အတူ partner အဖြစ် Chicago က မြန်မာလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ မမေသံလွင်ဦးက Miss Myanmar USA 2017 ပွဲရဲ့ operator အဖြစ် ပါဝင် လက်တွဲမှာဖြစ်ပါတယ်။ မမေသံလွင်ဦးက ထိုင်းနိုင်ငံမှာ ကြီးပြင်းနေထိုင်ခဲ့လို့ ထိုင်းက beauty pageant ပွဲတွေမှာ organizer/operator လုပ်ခဲ့တဲ့ အတွေ့အကြုံအများကြီးရှိပြီးတော့ fluent Thai/English speaker လည်းဖြစ်တယ်။ ကျနော်တို့ရဲ့ Miss Myanmar USA Pageant ပွဲက မြန်မာနိုင်ငံအပြင် ထိုင်းနိုင်ငံနဲ့ပါဆက်စပ် ပြီး လိုအပ်တာတွေပြင်ဆင်လုပ်ကိုင်သွားရမှာ ဖြစ်ပါတယ်။

Myanmar Gazette: ပွဲမှာ ဖျော်ဖြေရေး entertainment ကော ပါသေးလား။
Ronnie Nyein: ဟုတ်ကဲ့၊ ကျနော်တို့ မြန်မာနိုင်ငံက အဆိုတော်အနုပညာရှင်တွေနဲ့ အကဲဖြတ် ဒိုင် တွေအဖြစ်ဆောင်၇ွက်ပေးဖို့ နိုင်ငံတကာပြိုင်ပွဲအတွေ့အကြုံရှိ အလှမယ် Miss တွေကို လည်း ဖိတ်ကြားမှာဖြစ်ပါတယ်။
Myanmar Gazette: ဒီလောက်ဆို ကနဦးသတင်းအနေနဲ့ အတော်ပြည့်စုံပါပြီ၊ ကျေးဇူးတင်ပါ တယ်။ Ronnie Nyein: ဟုတ်ကဲ့ ကျနော်နဲ့ မမေသံလွင်ဦးတို့ကလည်း ဒီပွဲအကြောင်း မေးမြန်းပေးတဲ့ Myanmar Gazette ကို ကျေးဇူးတင်ပါတယ် ခင်ဗျာ။ (Ko Ronnie Nyein ဟာ လက်ရှိမှာ မလေးရှားနိုင်ငံ Kuala Lumpur အခြေစိုက် Miss & Mrs Asia Noble Queen International Organization ရဲ့ မြန်မာနိုင်ငံဆိုင်ရာ National Director ဖြစ်ပါတယ်။ Miss Universe Myanmar Organization ရဲ့ Volunteer Chief Operations Coordinator (2013 -2015) အဖြစ် ရန်ကုန်မြို့မှာ ပြုလပ်ခဲ့တဲ့ Miss Universe Myanmar 2013 နဲ့ 2014 ပွဲတွေနဲ့ Moscow 62nd Miss Universe 2013 Pageant နဲ့ Miami 63rd Miss Universe 2014 ပွဲတွေမှာ လိုက်ပါဆောင်ရွက်ခဲ့ဖူးပါတယ်။ Miss Myanmar International Org. မှ National Director ၏ ကိုယ်စားလှယ်အဖြစ် Tokyo မြို့တွင် 2014, 2015, 2016 ခုနှစ်များမှာ သွားရောက်ယှဉ်ပြိုင်ကြသည့် MMI မြန်မာအလှမယ် များအတွက် Coordinator အဖြစ် လိုက်ပါဆောင်ရွက်ခဲ့ဖူးပါတယ်။

Miss Universe Myanmar Org. ရဲ့Mandalay City Director (2015 - 206) အဖြစ် ၂နှစ် ဆောင်ရွက်ခဲ့ပြီးတော့ Miss Universe Mandalay 2015 & 2016 ပြိုင်ပွဲတွေကို ပြုလုပ်ခဲ့ပါ တယ်။ Miss Universe Mandalay 2016 First Runner-up ဒုတိယဆုရခဲ့သူ လင်းကလျာဦး ဟာ Miss Myanmar Noble Queen International 2016 အဖြစ် မလေးရှားက Miss Asia Noble Queen International 2016 ကို
သွားရောက်ယဉ်ပြိုင်ခဲ့တာမှာ winner အဖြစ် crown ရရှိခဲ့ပါတယ်။ ထို့ကြောင့် အာရှဒေသ Asia zone ကို ကိုယ်စားပြုပြီး ပြီးခဲ့တဲ့ 2016November 19 မှာ Los Angeles က 27th Miss Asia USA Pageant ပြိုင်ပွဲကို Miss Asia Noble Queen International 2016 အနေနဲ့ ၀င်ရောက်ယဉ်ပြိုင်ဖို့ လာရောက်ခဲ့ပေမယ့် American visa ရရှိ မှုနောက်ကျတာကြောင့် ပြိုင်ပွဲကို မပြိုင်နိုင်တော့ပဲ အထူးဖိတ်ကြားထားတဲ့ VIP Guest အဖြစ် ပွဲတက်ရောက်ခဲ့ပါတယ်။
Myanmar Gazette )
https://www.facebook.com/missasiausa/?fref=ts https://www.facebook.com/missandmrsmyanmarnoblequeeninter…/… https://www.facebook.com/asianoblequeen/?fref=ts https://www.facebook.com/missuniversemandalay/?fref=ts
MCNEWS.BIZ

No comments:

Post a Comment