Latest News

Sunday, March 26, 2017

အစိုးရဖြစ်ခဲ့သည့် ငါးနှစ်တာအတွင်း တရုတ်မကြောက်ရအောင် ဖန်တီပေး နိုင်ခဲ့ကြောင်း ပြည်ခိုင်ဖြိုး ဥက္ကဋ္ဌဆို


အစိုးရဖြစ်ခဲ့သည့် ငါးနှစ်တာကာလအတွင်း တရုတ်ကို ကြောက်ရွံ့ခြင်း မရှိသည့် အခြေအနေမျိုး ပြည်သူကိုဖန်တီးပေးနိုင်ခဲ့သည်ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးက ပြောဆိုခဲ့သည်။

"မြန်မာနိုင်ငံရဲ့ ပိုင်နက်နယ်မြေတွေ တည်တည်တံ့တံ့ ခိုင်ခိုင်မြဲမြဲ ကုလားလည်းမပေးရဘူး၊ အရှေ့ဖက်က ပေါက်ဖော်လည်း မကြောက်ရဘူးဆိုတဲ့ အခြေအနေမျိုး နေနိုင်အောင် ဖန်တီးနိုင်ခဲ့တာ ပြည်ခိုင်ဖြိုးအစိုးရဖြစ်ပါတယ်" ဟု ဦးသန်းဌေးက ဆိုသည်။

ယနေ့ မတ်လ ၂၆ ရက်နေ့ နံနက်ပိုင်းက ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်၊ အမှတ် ၁၂၄ ရပ်ကွက်၊ မင်းရဲကျော်စွာလမ်းနှင့် ဟံသာဝတီ လမ်းထောင့်တွင် ပြုလုပ်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ မဲဆွယ်စည်းရုံး ရေးပွဲတွင် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ယင်း ဟောပြောပွဲတွင် လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရ၏ စီးပွားရေးဆိုင်ရာလုပ်ဆောင်ချက်များ၊ သယ်ယူပို့ဆောင်ရေးဆိုင်ရာကိစ္စများ၊ နိုင်ငံတော်ကာကွယ်ရေးကိစ္စရပ်များကို ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးက ဝေဖန်ထောက်ပြပြောဆိုခဲ့ပြီး လာမည့် ဧပြီ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်သူများ မဲပေးမမှားကြရန် ထည့်သွင်းပြော ဆိုခဲ့သည်။

အဆိုပါ စုဝေးဟောပြောပွဲကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ထောက်ခံသူ နှစ်ထောင်ကျော်ခန့် တက်ရောက်ခဲ့သည်။

Mizzima - News in Burmese

No comments:

Post a Comment