Latest News

Sunday, March 26, 2017

အိုဟိုင်းအိုး ပြည်နယ် နိုက်ကလပ်မှာ ပစ်ခတ်မှုဖြစ်ပွား


အမေရိကန်နိုင်ငံ အိုဟိုင်းအိုး ပြည်နယ် ကနိုက်ကလပ် တစ်ခုမှာ သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့တာကြောင့်
၁ ဦးသေဆုံးပြီး ၁၄ ဦး ဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။
စင်စင်နတီမြို့ ကာမီအို နိုက်ကလပ်မှာတနင်္ဂနွေနေ့မှာ သေနတ်ပစ်ခတ်မှု ဖြစ်ခဲ့တာဖြစ်ပြီး ပစ်ခတ်သူ ၂ ဦးပါဝင်တယ်လို့ ရဲတွေက အစောပိုင်းက ပြောပေမယ့် နောက်ပိုင်းမှာတစ်ဦးသာ ပစ်ခတ်ခဲ့တာလို့ ရဲတွေ
ကပြောပါတယ်။

အခု သေနတ်ပစ်ခတ်မှု ဟာ အကြမ်းဖက်တိုက်ခိုက်မှု ဟုတ် မဟုတ်ဆိုတဲ့အချက်ကို ဖော်ပြတာမရှိသေးပါဘူး၊ ဒေသခံရဲတပ်ဖွဲတာဝန်ရှိသူက ဒဏ်ရာရသူအများစု အသက်အန္တာရယ်စိုးရိမ်ရမှုအခြေနေမျိုးရှိတေယ်လို့ ပြောပါတယ်။
လက်ရှိအချိန်မှာ အမေရိကန်ရဲတပ်ဖွဲတာဝန်ရှိသူတွေ ဟာအသေးစိတ်အခြေနေကို သိနိုင်ဖို့ မျက်မြင်
သက်သေတွေကို စုံစမ်းမေးမြန်းနေပါတယ်။

ရဲတပ်ဖွဲဟာ သေနတ်ပစ်ခတ်ခဲ့သူကို စုံစမ်းရှာဖွေနေတယ်လို့သိရပါတယ်။ သေနတ်ပစ်ခတ်မှုဖြစ်ပွားချိန်မှာ နိုက်ကလပ်အတွင်း လူရာချီရှိနေတယ်လို့ သိရပါတယ်။ အဆိုပါ နိုက်ကလပ် ဟာအရင်ကလည်း အ ခု
လိုမျိုးပြသာနာတွေ ရှိခဲ့ဖူးတဲ့ ကလပ်တစ်ခုဖြစ်ကြောင်း ၊အခု ပစ်ခတ်မှု မှာ အရင်အခြေနေနဲ နှိုင်းယှဉ်ရင် ဆိုးရွားမှုမရှိဘူးလို့ အမေရိကန်ရဲတပ်ဖွဲတာဝန်ရှိသူကပြောပါတယ်။
Ref bbc
ဇက်အမ်အို(တိုင်းဧရာ)ဘာသာပြန်သည်



No comments:

Post a Comment