ပျောက်ဆုံးနေသူ လယ်သမားကို စပါးကြီးမြွေဗိုက်ထဲမှာ တွေ့ရှိ
၇ ပေရှည်လျားတဲ့ စပါးကြီးမြွေဖြစ်ပါတယ်။
လယ်ရိတ်သိမ်းဖို့ အိမ်ကထွက်သွားတဲ့လယ်သမားတစ်ဦးဟာ ရုတ်တရက်ပျောက်ဆုံးသွားခဲ့ပြီးနောက် ၇ ပေအရှည်ရှိတဲ့ စပါးကြီးမြွေရဲ့ ဝမ်းဗိုက်အတွင်းက ပြန်လည်တွေ့ရှိလိုက်ရပါတယ်။
အင်ဒိုနီးရှားနိုင်ငံ အနောက်ဘက်က စူလာဝေစီကျွန်းရဲ့ ရွာကလေးတစ်ရွာမှာ ဒီဖြစ်ရပ်ဖြစ်ပွားခဲ့တာပါ။ အသက် ၂၅ နှစ်ရှိပြီဖြစ်တဲ့ လယ်သမား အက္ကဘာဆာလူဘီရိုဆိုတဲ့ အမျိုးသားဟာ အိမ်ကထွက်သွားပြီးနောက် ညဘက်ပြန်မလာပဲ ပျောက်ဆုံးသွားခဲ့တာပါ။ သူဟာ အုန်းခြံရှိဘက်ကိုထွက်သွားခဲ့တာဖြစ်ပြီး ပြန်မလာနိုင်ခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန်မှာ အက္ကဘာရဲ့ဇနီးသည်ကလည်းအိမ်မှာ မရှိပဲအဝေးရောက်နေခဲ့ပါတယ်။
အက္ကဘာပျောက်ဆုံးပြီးနောက်တစ်ရက်ညနေခင်းမှာတော့ သူတို့အိမ်ရဲ့ ခြံအနောက်ဘက်မှာ ၇ ပေအရှည်လောက်ရှိတဲ့ စပါးကြီးမြွေကြီးဟာ ဘယ်မှမသွားနိုင်ပဲ ရှိနေတာကို ရွာသားတွေတွေ့ခဲ့ရပါတယ်။ ရွာသားတွေမြင်လိုက်ရတဲ့ စပါးကြီးမြွေရဲ့ ဝမ်းဗိုက်ဟာ စူဖောင်းနေခဲ့ပြီးသားကောင်းတစ်ခုခုကို မြိုချစားသောက်ထားမှန်း သိသာစေခဲ့ပါတယ်။ ရွာသားတွေက မြွေကြီးရဲ့ ဝမ်းဗိုက်ကိုခွဲကာ ရှာဖွေခဲ့ကြတယ်လို့ အင်ဒိုနီးရှားဒေသခံ သတင်းတွေက ရေးသားခဲ့ကြတာကို ပြန်လည်ကိုးကားပြီး Daily Mail သတင်းတစ်ရပ်မှာ ရေးသားဖော်ပြပါတယ်။
မြွေရဲ့ဝမ်းဗိုက်ထဲက လူတစ်ယောက်ကို မြင်လိုက်ရတဲ့အချိန်မှာပဲ ရွာသားတွေဟာ အဝတ်အစားကိုကြည့်ကာ ပျောက်နေတဲ့ အက္ကဘာမှန်းခန့်မန်းသိရှိခဲ့ပြီး အသက်မဲ့ခန္ဓာကိုယ်တစ်ခုလုံး အပြင်ကိုထွက်လာချိန်မှာတော့ ပိုပြီးသေချသာသွားခဲ့ပါတယ်။ " အက္ကဘာအိမ်ပြန်မလာတဲ့နေ့ညက အုန်းခြံထဲကနေ ငိုသံတွေကြားရတယ်လို့ လူတွေကို ပြောနေကြတယ်။ အဲဒီနောက်တော့ မြွေဗိုက်ထဲကနေ အက္ကဘာကိုပြန်တွေ့တာပါပဲ။ ရွာသားတွေက ဝမ်းဗိုက်ကိုခွဲလိုက်တဲ့အချိန်မှာတော့ အက္ကဘာအသက်မရှိတော့ပါဘူး" လို့ ကျေးရွာအတွင်းရေးမှူး ဂျူနိုင်ဒီက ဒေသခံသတင်းစာတွေထံ ပြောပြခဲ့ပါတယ်။
Source : Daily Mail : Duwun
Tuesday, March 28, 2017
ပျောက်ဆုံးနေသူ လယ်သမားကို စပါးကြီးမြွေဗိုက်ထဲမှာ တွေ့ရှိ
ပျောက်ဆုံးနေသူ လယ်သမားကို စပါးကြီးမြွေဗိုက်ထဲမှာ တွေ့ရှိ
Reviewed by Ar Ti
on
10:55 PM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment