Latest News

Tuesday, March 28, 2017

နေပြည်တော်ကျောက်မျက်ရတနာပြပွဲ အောင်မြင်သောပြပွဲတစ်ခုဖြစ်ခဲ့

နေပြည်တော်ကျောက်မျက်ရတနာပြပွဲ အောင်မြင်သောပြပွဲတစ်ခုဖြစ်ခဲ့

နေပြည်တော် မတ် ၂၈

နေပြည်တော် မဏိရတနာကျောက်စိမ်းခန်းမ၌ မတ် ၁၉ ရက်မှ မတ် ၂၄ ရက်အထိ ကျင်းပခဲ့သည့် မြန်မာ ကျပ်ငွေ ဖြင့်ရောင်းချသော ကျောက်မျက်ရတနာပြပွဲတွင် စုစုပေါင်း တန်ဖိုး ကျပ် ၅၅၃၂၇ သန်းကျော်ရှိ ကျောက် တွဲများ ရောင်းချခဲ့ရကြောင်းနှင့် အောင်မြင်သော ပြပွဲ တစ်ခုဖြစ်ခဲ့ကြောင်း ပြပွဲတွင် ကျောက်ရောင်းဝယ်ခဲ့သူ များထံမှ သိရသည်။

''ဒီတစ်ကြိမ် ကျောက်အတွဲ ၅ဝကျော် ဝယ်ယူရပါ တယ်။ ဝယ်ယူသူကုမ္ပဏီတွေရဲ့ လုပ်ငန်းခွင်အရောက် ကျွန်တော်က တာဝန်ယူပို့ပေးပါတယ်''ဟု ဝယ်ယူပြီး သည့် ကျောက်များကို စနစ်တကျ စစ်ဆေး၍ ထုပ်ပိုးနေ သူ နေပြည်တော်မှ ကျောက်အေးဂျင့်တစ်ဦးက ပြော သည်။ ကျောက်တွဲများဝယ်ယူခဲ့သော ပြည်တွင်းကုန် သည်များသည် ဝယ်ယူရရှိခဲ့သော ကျောက်စိမ်းအတွဲ များ တန်ဖိုးကို နှစ်လအတွင်း သက်ဆိုင်ရာဌာနသို့ ပေး သွင်းပြီးနောက် ကျောက်တွဲများကို ထုတ်ယူနိုင်ကြောင်း သိရသည်။

ပြပွဲတွင် တင်သွင်းရောင်းချခဲ့သော ကျောက်စိမ်း အတွဲပေါင်း ၄၄၅၄ တွဲမှ ၄၁၁၁ တွဲကျော်အထိ ရောင်းချ နိုင်ခဲ့ခြင်းကြောင့် အောင်မြင်သောပြပွဲတစ်ခု ဖြစ်ခဲ့ ကြောင်း၊ ယခုပြပွဲတွင် ပြည်တွင်းကျောက်မျက် ကုမ္ပဏီ ပေါင်း ၄၇၄ ခုမှ ကျောက်အတွဲဝယ်ယူသူ ၁၈၆၅ ဦးရှိပြီး ရောင်းချရသော ကျောက်တွဲများတန်ဖိုး စုစုပေါင်းမှာ ကျပ် ၅၅၃၂၇ သန်းကျော်ရှိကြောင်း သိရသည်။

''ပြပွဲတွင်ရောင်းချသော ကျောက်မျက်ကုမ္ပဏီ တစ်ခုမှ တာဝန်ခံတစ်ဦးက ပြပွဲအခြေအနေက ကောင်း ပါတယ်။ ဈေးမရဘူးထင်ပေမယ့် ကျောက်အရည် အသွေးအပေါ် မူတည်ပြီး ဈေးရပါတယ်။ ကျောက်အတွဲ ၁၈ တွဲ တင်ပြ ရောင်းတာ ကျောက်အတွဲ ၁၅ တွဲ ရောင်း ရပါတယ်''ဟု ပြပွဲအခြေအနေနှင့်ပတ်သက်၍ ပြော ကြားခဲ့သည်။
ခွန်(ဝင်းပ)ပြန်/ဆက်

No comments:

Post a Comment