Latest News

Saturday, March 11, 2017

တရားဟောခွင့် ပိတ်ပင်ခံရပြီး နောက်တစ်နေ့တွင် ဦးဝီရသူ ပါးစပ် တိပ်ဖြင့်ပိတ်ပြီး ၀စီပိတ်တရားပွဲ ပြုလုပ်

တရားဟောခွင့် ပိတ်ပင်ခံရပြီး နောက်တစ်နေ့တွင် ဦးဝီရသူ ပါးစပ် တိပ်ဖြင့်ပိတ်ပြီး ၀စီပိတ်တရားပွဲ ပြုလုပ်

တရားဟောပြောခွင့် တစ်နှစ်ပိတ်ပင်ခံရပြီးနောက်တစ် နေ့တွင် ဆရာတော်ဦးဝီရသူသည် မတ်လ ၁၁ ရက်က အိမ်မဲမြို့နယ် သီးကွင်းကျေးရွာ၌ ပါးစပ်ကိုတိပ် ဖြင့်ပိတ်ပြီး ယခင် ဟောခဲ့သော တရားခွေဖွင့်ကာ ၀စီပိတ်တရားပွဲ ပြုလုပ်ခဲ့သည်။

‘‘သူ့တရားခွေကို ဖွင့်ပြီးလုပ် နေတာပါ။ အလုပ်ပေးတရားခွေ ဖွင့်ပြီး လုပ်နေတာပါ။ ဆရာတော် ဟောတာတော့ မဟုတ်ပါဘူး။ ပါးစပ်ကို တိပ်ပိတ်တာလည်း ဆရာတော့်ဆန္ဒအရပါ’’ဟု အိမ်မဲ မြို့နယ် အထွေထွေအုပ်ချုပ်ရေး မှူး ဦးသက်ဇော်ဦးက ပြောသည်။

မတ်လ ၁၁ ရက်တွင် သီး ကွင်းကျေးရွာ၌ တရားဟောရန် စီစဉ်ထားသော ဦးဝီရသူသည် တရားပလ္လင်ပေါ်သို့ တက်၍ ပါး စပ်ကို တိပ်အနီတစ်ခုကို အောက် တွင် ကပ်ပြီး တိပ်အမည်းကို အ ပေါ်မှ ကြက်ခြေခတ်ပိတ်ကာ ယခင်ဟောပြောခဲ့သော တရား  ခွေဖွင့်၍ပြုလုပ်သော တရားပွဲသို့ တရားနာပရိသတ် ၂,၀၀၀ ကျော် တက်ရောက်ခဲ့သည်။

 ‘‘တရားဟောရင်လည်း ကျွန်တော်တို့က ဘာမှလုပ်ဖို့ရာ အစီအစဉ်မရှိပါဘူး။ ဒီလိုဟော သွားပါတယ်ဆိုတဲ့အကြောင်း ဆက်လက်ဆောင်ရွက်နိုင်ဖို့အ တွက် တင်ပြသွားဖို့ပဲရှိပါတယ်’’ ဟု ဦးသက်ဇော်ဦးက ပြောသည်။

‘‘တရားပွဲတွေ လက်မခံဖို့ရာ အတွက် ဧရာဝတီတိုင်းအစိုးရက တားထားပါတယ်။ မြို့နယ်ထွေ အုပ်တွေကလည်း တားထားပါ တယ်။ သံဃနာယကကလည်း ဧရာဝတီတိုင်းတစ်တိုင်းလုံးကို စာတွေပို့ထားပါတယ်’’ဟု အိမ်မဲ မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဒေါ်သန္တာကပြောသည်။

‘‘ကျွန်တော်တို့လည်း မသိရ သေးဘူးဗျ။ ပွဲအခမ်းအနား လုပ် နေရလို့လေ။ အဲဒီလိုမျိုး နိုင်ငံ တော် သံဃနာယကရဲ့ ညွှန်ကြား ချက်နဲ့ ညီတယ်၊ မညီဘူးက ဆရာ တော်တွေပဲ ဆုံးဖြတ်မှာပါ။ မညီလို့ အရေးယူဆောင်ရွက်တာ တွေလည်း သံဃာတွေကပဲ ဆုံး ဖြတ်မှာပါဗျ’’ဟု သာသနာရေး ဦးစီးဌာန မူဝါဒနှင့် ဥပဒေလုပ်ထုံး လုပ်နည်းစိစစ်ရေးနှင့် လုပ်ငန်း စစ်ဆေးရေးဌာနခွဲ ညွှန်ကြားရေး မှူး ဦးမြင့်ဇော်ဝင်းက ပြောသည်။

‘‘နိုင်ငံတော်သံဃနာယက ဆရာတော်ကြီးများက တံခါးပိတ် ဆွေးနွေးတဲ့အခါမှာ၊ တရားဟော ခွင့်တစ်နှစ်ပိတ်လိုက်တဲ့အခါမှာ၊ နယ်လှည့်တရားဟောခွင့်မရတဲ့ အခါမှာပေါ့လေ။ အွန်လိုင်းကဖြစ် စေ၊ ၀က်ဘ်ဆိုက်ကဖြစ်စေ၊ ဖေ့စ်ဘွတ်ခ်ကဖြစ်စေ တရား ဥပဒေစိုးမိုးမှုမရှိတဲ့ ဟောပြောမှု တွေ၊ လှုံ့ဆော်မှုတွေ ဆက်လုပ် လာနိုင်တယ်လို့ ဆရာတော်ကြီး တချို့က သုံးသပ်လာပါတယ်။ ပြည်ထဲရေးဥပဒေက ကျင့်သုံးတဲ့ ဥပဒေများနှင့်သာ ဆက်ပြီးဆောင် ရွက်ပါလို့ ဆွေးနွေးဆုံးဖြတ်တာ ရှိပါတယ်။ ရဲတပ်ဖွဲ့အနေနဲ့ ညှိ နှိုင်းထားတာရှိပါတယ်။ အမုန်း စကားတွေ ဟောပြောလာမယ်ဆို ရင် တစ်ခုနဲ့တစ်ခု၊ တစ်မျိုးနဲ့တစ် မျိုးကြားမှာ အမုန်းစကားတွေ ဖြစ်လာမယ်ဆိုရင်၊ ဟောပြောမှု တွေ လုပ်မယ်ဆိုရင်၊ ရပ်ရွာအေး ချမ်းမှုတွေကို ထိပါးမယ်ဆိုရင်၊ ထိရောက်စွာအရေးယူဖို့ကို သာ သနာရေးရယ်၊ ပြည်ထဲရေးရယ် ညှိနှိုင်းထားပြီးဖြစ်တယ်ဆိုတာ ကို နိုင်ငံတော်သံဃနာယကအဖွဲ့ က ပထမအဆင့်အနေနဲ့ ဓမ္မစက် နဲ့ ထိထိရောက်ရောက်ဟန့်တား မယ်။ ဟန့်တားလို့မရရင် မလိုက် နာဘူးဆိုရင် အာဏာစက်ကို လွှဲ ပေးပါမယ်။ အရေးယူဖို့ကိစ္စတွေ က နိုင်ငံတော်သမ္မတကြီးတို့၊ အ တိုင်ပင်ခံပုဂ္ဂိုလ်တို့က အခုကစပြီး တော့ နိုင်ငံတွင်းမှာ တရားဥပဒေ စိုးမိုးမှုအားကောင်းအောင် သူတို့ အစွမ်းကုန်ကြိုးစားလုပ်ဆောင် သွားကြမယ်’’ဟု သာသနာရေးနှင့် ယဉ်ကျေးမှုပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက RFA သတင်း ဌာနအား ဖြေကြားထားသည်။

ဦးဝီရသူ၏ ပြောဆိုရေး သားချက်များသည် အများပြည် သူအကြား ဘာသာရေး၊ လူမျိုး ရေး၊ နိုင်ငံရေးကိစ္စများ၌ မလို လားအပ်သည့် အငြင်းပွားမှုများ၊ ဖြစ်ပွားစေရန် ဖန်တီးသကဲ့သို့ဖြစ် နေပြီး ရဟန်းတော်တစ်ပါး၏ ၀ိနည်းသိက္ခာနှင့်မညီသော ရေး သားချက်များဖြစ်သောကြောင့် တစ်နိုင်ငံလုံးတွင် တရားဟောခွင့် တစ်နှစ်ပိတ်ပင်ရန် မတ်လ ၁၀ ရက် စွဲဖြင့် နိုင်ငံတော်သံဃမဟာ နယကက ထုတ်ပြန်ကြေညာထား သည်။ ဦးဝီရသူအား ၂၀၁၇ မတ် လ ၁၀ ရက်မှ ၂၀၁၈ မတ်လ ၉ ရက်အထိ မြန်မာနိုင်ငံအတွင်း တရားဟောခွင့်တစ်နှစ်ပိတ်ပင် ကြောင်းနှင့် လိုက်နာမှုမ ရှိပါက တည်ဆဲဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးထားသည်။

7Day News Journal

No comments:

Post a Comment