Latest News

Saturday, March 11, 2017

ဦးကိုနီလုပ်ကြံခံရမှု နောက်ဆက်တွဲ ပါဝင်ပတ်သက်သူများ မဖော်ထုတ်နိုင်ခြင်းကို အံ့အားသင့်မိဟု ဒီချုပ်နာယကပြောကြား

ဦးကိုနီလုပ်ကြံခံရမှု နောက်ဆက်တွဲ ပါဝင်ပတ်သက်သူများ မဖော်ထုတ်နိုင်ခြင်းကို အံ့အားသင့်မိဟု ဒီချုပ်နာယကပြောကြား

ဦးကိုနီကို လုပ်ကြံခဲ့ သူအား လက်ပူးလက်ကြပ်ဖမ်းမိခဲ့ သော်လည်း နောက်ဆက်တွဲအမှု တွဲများ မဖော်ထုတ်နိုင်ခြင်းကို အံ့ အားသင့်မိကြောင်း အမျိုးသားဒီ မိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးက ပြောကြားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီနှင့် တာဝန် သိယာဉ်မောင်း ဦးနေ၀င်းတို့ ကျ ဆုံးခြင်း ရက် ၄၀ ပြည့် အောက် မေ့ဂုဏ်ပြုအခမ်းအနားနှင့် ဘာ သာပေါင်းစုံဆုတောင်းပွဲကို မတ် လ ၁၁ ရက်က သခင်မြပန်းခြံ၌ ကျင်းပခဲ့သည်။

ယင်း အခမ်းအနားတွင် ‘‘သမိုင်းမှာတော့ ဦးကိုနီမသေပါ ဘူး။ ဘယ်တော့မှလည်း သေမှာ မဟုတ်တော့ဘူး။ ကိုနေ၀င်း လည်း အလားတူပဲ။ လူတစ် ယောက်က တာဝန်သိသိနဲ့ လုပ်ရ မယ့်အရာကို လုပ်လိုက်တဲ့အတွက် ပေါ်သင့်ပေါ်ထိုက်တဲ့အရာကို တရားခံကို လက်ပူးလက်ကြပ်မိခဲ့တဲ့ အခြေအနေဖြစ်ခဲ့တယ်။ ဒီလောက်လက်ပူးလက်ကြပ် မိထားတာ တောင်မှ နောက်ဆက်တွဲအမှုတွေ မပေါ်နိုင်တာ ကျွန်တော် တော့ အံ့သြတယ်’’ဟု ဦးတင်ဦး ကပြောကြားသည်။

အဆိုပါအခမ်းအနားသို့ အ မျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာ ယက ဦးတင်ဦး၊ ရန်ကုန်မြို့တော် ၀န်နှင့် လွှတ်တော်ကိုယ်စားလှယ် များ၊ Myanmar Now အယ်ဒီတာ ချုပ် ကိုဆွေဝင်း၊ ရွှေဝါရောင် တော်လှန်ရေး ဦးဆောင်ဆရာ တော်များ၊ ဘာသာပေါင်းစုံမှ ဘာသာရေးခေါင်းဆောင်များ၊ဦးကိုနီနှင့် ဦးနေ၀င်း၏မိသားစု ၀င်များ တက်ရောက်ခဲ့ကြသည်။

ဦးကိုနီလုပ်ကြံခံရခြင်းသည် သာမန်ရာဇ၀တ်မှုမျိုး မဟုတ်ဘဲ နိုင်ငံရေးအရ လုပ်ကြံမှုဖြစ်သည့် အတွက် တရားခံများအပေါ် သာ မန်လူသတ်မှုပုဒ်မ ၃၀၂ ဖြင့်သာ အမှုဖွင့်စွဲဆိုထားသဖြင့် ပြစ်ဒဏ် ပေါ့လျော့သွားနိုင်သည့်အတွက် ၂၀၁၄ အကြမ်းဖက်မှုတိုက်ဖျက် ရေးဥပဒေဖြင့် တရားစွဲဆိုစုံစမ်း စစ်ဆေးသင့်ကြောင်း ပြည်ထောင်စုရှေ့နေများနှင့် ဥပဒေအထောက်အကူပြုသူများအဖွဲ့ဥက္ကဋ္ဌ ဦးကြီး မြင့်က တိုက်တွန်းသည်။

‘‘ဦးကိုနီအသတ်ခံရတာ ရိုး ရိုးလူသတ်မှုမဟုတ်ပါဘူး။ နိုင်ငံ ရေးလုပ်ကြံမှုဖြစ်ပါတယ်။ ဒါ ကြောင့်မို့လို့ ဦးကိုနီအမှုကို အ ရေးယူ ဆောင်ရွက်တဲ့အခါမှာ လက်ရှိနိုင်ငံတော်အစိုးရ ရဲတပ်ဖွဲ့တွေကလည်း ပုဒ်မ ၃၀၂ နဲ့ လုံးဝ မသုံးရပါဘူး။ ပုဒ်မ ၃၀၂ ဆိုတာ သာမန် လူသတ်မှုလောက်သာ ဖြစ်ပါတယ်။ တရားစွဲဆိုမှုမှားနေ ပါတယ်’’ဟု ၎င်းကပြောသည်။

ကွယ်လွန်သူ ကိုနေ၀င်း၏ ဇနီးဖြစ်သူ ဒေါ်စုသက်ခိုင်က ‘‘အားလုံးမိဘပြည်သူတွေရဲ့ စေ တနာနဲ့ ကူညီမှုကြောင့် အေးအေး ချမ်းချမ်းလေး နေနိုင်ပါတယ်။ ဒါပေမဲ့ မအေးချမ်းနိုင်သေးပါ ဘူး။ အဲဒါကတော့ ကွယ်လွန် သွားတဲ့ ကိုနေ၀င်းအတွက် အမှန် တရားလေးတစ်ခုတော့ လိုချင်ပါ တယ်။ ဘာကြောင့် သူသေသွား တယ်ဆိုတာ သူမသိသွားပါဘူး။ အမှန်တရားလေးတစ်ခု ပေါ်လာ မယ်ဆိုရင်တော့ တမလွန်ကနေ သူကျေနပ်မယ်လို့ ထင်ပါတယ်’’ ဟု အခမ်းအနားတွင်ပြောသည်။

အခမ်းအနားတွင် NLD အဖွဲ့ချုပ်နာယက ဦးတင်ဦး၊ ရွှေဝါ ရောင်တော်လှန်ရေး ဦးဆောင် ဆရာတော် အရှင်စန္ဒာသီရိ၊ ဘာ သာပေါင်းစုံမှ ခေါင်းဆောင်များ နှင့် Myanmar Now သတင်း ဌာနအယ်ဒီတာချုပ် ကိုဆွေဝင်း တို့က အောက်မေ့ဂုဏ်ပြုစကား ပြောကြားခြင်းနှင့် ဆုတောင်း မေတ္တာပို့သခြင်းများ ဆောင်ရွက် ခဲ့သည်။

7Day News Journal

No comments:

Post a Comment