Latest News

Tuesday, March 28, 2017

ပြင်သစ်၌ တရုတ်နိုင်ငံသားအား ရဲက ပစ်သတ်ခြင်းကြောင့် ပါရီမြို့က လမ်းများတွင် ဆန္ဒပြမှုများ ဒုတိယမြောက်ညအဖြစ် ဆက်လက်ဖြစ်ပွား

ပြင်သစ်၌ တရုတ်နိုင်ငံသားအား ရဲက ပစ်သတ်ခြင်းကြောင့် ပါရီမြို့က လမ်းများတွင် ဆန္ဒပြမှုများ ဒုတိယမြောက်ညအဖြစ် ဆက်လက်ဖြစ်ပွား

ပါရီ၊ မတ် ၂၉ ။        ။ ပြင်သစ်နိုင်ငံအတွင်း တရုတ်နိုင်ငံသားတစ်ဦးကို ရဲက ပစ်သတ်မိခြင်းအပေါ် ဆန္ဒပြသူများက ပါရီမြို့ လမ်းများတွင် ဒုတိယမြောက်ညအဖြစ် ဆက်လက်စုရုံးဆန္ဒပြလျက်ရှိသည်။

အဆိုပါ တရုတ်နိုင်ငံသား သေဆုံးမှုအတွက် မတ် ၂၇ ရက်တွင် ရဲစခန်းတစ်ခုရှေ့ အာရှနွယ်ဖွားများက စုရုံးဆန္ဒပြရာ ထိပ်တိုက်တွေ့မှုဖြစ်ပွားပြီး ရဲသုံးဦး ဒဏ်ရာရကာ ဆန္ဒပြသူ ၃၅ ဦးကိုလည်း ဖမ်းဆီးထားသည်။

မတ် ၂၈ ရက်ညတွင် ဆန္ဒပြသူများက သေဆုံးသူတရုတ်နိုင်ငံသားအတွက် ပါရီမြို့က လမ်းများတွင် စုရုံးကာ ဆက်လက်ဆန္ဒပြခြင်းဖြစ်သည်။

ကလေးငါးယောက် ဖခင် အိမ်ထောင်သည်တစ်ဦးဖြစ်သည့် အသက် ၅၆ နှစ်ရှိ တရုတ်အမျိုးသားက မတ် ၂၆ ရက်  ညပိုင်း၌ ပါရီရှိ အကွက်အမှတ် ၁၉ နေအိမ်တွင် ပစ်သတ်ခံရခြင်းဖြစ်သည်။

အိမ်တွင်းအကြမ်းဖက်မှု ဖြစ်ပွားသည် တိုင်ကြားချက်ကြောင့် စုံစမ်းစစ်ဆေးရန် ရဲ ရောက်ရှိလာရာမှ ယခုကဲ့သို့ သတ်ဖြတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ယင်းတရုတ်နိုင်ငံသားက ကက်ကြေးဖြင့် တိုက်ခိုက်၍ ပစ်သတ်လိုက်ရခြင်းဖြစ်ကြောင်း ရဲဌာနက ဆိုသော်လည်း ၎င်း၏ မိသားစုများက ငြင်းဆန်သည်။

ယခုသေဆုံးမှုနှင့် ပတ်သက်ပြီး ပြင်သစ်နိုင်ငံက စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်သော်လည်း တရုတ်နိုင်ငံက အရေးဆိုမှုပြုလုပ်ကာ ၎င်း၏ နိုင်ငံသားများအပေါ် အကာအကွယ်ပေးဖို့ တောင်းဆိုလိုက်သည်။

Mizzima

No comments:

Post a Comment