မူဆယ်မြို့နယ်၊ နမ့်ဆန်ဂိုဒေါင်ကျေးရွာ၌မိုင်းပေါက်ကွဲမှုဖြစ်ပွား
နေပြည်တော် မတ် ၂၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်၊နမ့်ဆန်ဂိုဒေါင်ကျေးရွာရှိ ဆီဆိုင်သို့ နမ့်ခမ်းမြို့နယ်၊ ကောင်းဝိုင် ကျေးရွာနေ ဦးဘမောင်(ဘ) ဦးခမ်းလှိုင်သည် မတ် ၂၇ ရက် နံနက် ၇ နာရီခန့်တွင် ဆိုင်ကယ်ဆီလာဖြည့်စဉ် လဲကျသွားသဖြင့်ပြန်ထောင်ရာ ထိုင်ခုံရှေ့၌ညှပ်၍ သယ်ဆောင်လာသည့် ပလတ်စတစ် အိတ်အမည်းရောင် အတွင်းမှ မိုင်းတစ်လုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။
မိုင်းပေါက်ကွဲမှုကြောင့် မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့သည့် ဦးဘမောင်အား ဒေသခံပြည်သူများက မူဆယ်မြို့နယ် ပြည်သူ့ဆေးရုံသို့ပို့ဆောင်ခဲ့ပြီး စစ်ဆေးမှုများအရ ၎င်း၏အနွေးထည်အင်္ကျီအိတ်အတွင်းမှ ရီမု မိုင်းခလုတ်တစ်ခုနှင့် ဓာတ်ခဲအသေးလေးလုံးကိုတွေ့ရှိခဲ့ရပြီး ၎င်းမှာလဲကျသွားသည့် ဆိုင်ကယ်ကိုဆွဲ ထောင်စဉ် ရီမုမိုင်းခလုတ်ကိုနှိပ်မိသဖြင့် အသင့်အသက်သွင်းထားသော မိုင်းပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ တပ်မတော်စစ်ကြောင်းနှင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များပူးပေါင်း၍ အမှုမှန် ပေါ်ပေါက်ရေးနှင့် အကြမ်းဖက်သောင်းကျန်းသူများနှင့်ဆက်စပ်မှု ရှိ၊ မရှိစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။ မြဝတီ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment