Latest News

Friday, March 31, 2017

တောင်ဒဂုံ က ဦးဝီရသူ တရားပွဲ ရပ်ကွက်နေ ပြည်သူတွေ ကန့်ကွက်


ရန်ကုန်၊မတ် ၃၁ – တောင်ဒဂုံမြို့နယ် ၅၃ရပ်ကွက် ဦးဖိုးလှကြီးဘုရားမှာ ဒီနေ့ ည ကျင်းပမယ့် ဆရာတော် ဦးဝီရသူ ရဲ့ တရားပွဲကို ရပ်ကွက်နေ ပြည်သူတွေက လတ်မှတ် ထိုးပြီး ကန့်ကွက်ထားတယ်လို့ သိရပါတယ်။

” ရပ်ရွာအေးချမ်းသာယာရေးကို ထိခိုက်တယ်။ အမုန်းစကားလို့ ပြောတာ လက်မခံပါဘူး ” လို့ ၅၃ ရပ်ကွက်နေပြည်သူ တစ်ယောက် ဖြစ်တဲ့ ကိုမြတ်ကျော် က ပြောပါတယ်။

ကန့်ကွက်တဲ့ လတ်မှတ်တွေကို မတ်လ ၂၈ရက်ကတည်း က စတင်ကောက်ခံ ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ မတ်လ ၃၀ရက်နေ့မှာ ရပ်ကွက်ရုံးတွေ ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ရုံးတွေကိုလည်း ကန့်ကွက်စာတွေ တင်ပြီးပြီလို့ သိရပါတယ်။

အဲ့ဒါတွေအပြင် သာသနာရေးနဲ့ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို နဲ့ နိုင်ငံတော်သံဃမဟာနယကအဖွဲ့(မဟန)ဆီကို လည်း ပေးပို့ခဲ့တယ်လို့သိရပါတယ်။ ရပ်ကွက်နေ ပြည်သူ ၃၀၀နီးပါးက လက်မှတ်ရေးထိုး ကန့်ကွက်ခဲ့ကြတယ်လို့ သိရပါတယ်။

” ဗုဒ္ဓဘာသာတစ်ယောက်အနေနဲ့ အမ ကြည့်ရတာ လုံးဝမသင့်တော်တဲ့အနေအထား ဖြစ်နေတယ်။ တစ်နှစ်အပိတ်ခံရတာကို သူအနေနဲ့ ကြည်ကြည်ဖြူဖြူလက်ခံသင့်တယ် ” လို့ ရပ်ကွက်နေပြည်သူတစ်ဦးဖြစ်တဲ့မခင်ချိုနိုင် က ပြောပါတယ်။

ဒီနေ့ည တရားပွဲကို စောင့်ကြည့်မှာဖြစ်ပြီး လိုအပ်ရင် တရားစွဲဆိုသွားမယ်လို့ သိရပါတယ်။ နိုင်ငံတော်သံဃမဟာနယကအဖွဲ့ က ဆရာတော် ဦးဝီရသူကို ၂၀၁၆ခုနှစ် မတ်လ ၁၀ရက်နေ့ စပြီး တစ်နှစ်တိတိတရားဟောခွင့် ပိတ်ပင်ထားတာဖြစ်ပါတယ်။

ဒါပေမယ့် ဆရာတော်ဦးဝီရသူ ကတော့ အခုချိန်ထိ တရားပွဲတွေကို ပါးစပ်တိတ်ကပ်ပြီး အသံသွင်းတဲ့ အခွေဖွင့်ကာ လိုက်လံ ဟောပြောနေတယ်လို့ သိရပါတယ်။

Author – အောင်လေး
http://www.kumudranews.com

No comments:

Post a Comment