Latest News

Friday, March 31, 2017

မန်းစည်ပင်က လူငယ်တွေ အတွက် ထူးထူးခြားခြား စီစဉ် ပေးမယ့် မနော်ရမ္မံက သင်္ကြန်ပွဲ

မန်းစည်ပင်က လူငယ်တွေ အတွက် ထူးထူးခြားခြား စီစဉ် ပေးမယ့် မနော်ရမ္မံက သင်္ကြန်ပွဲ

မတ် ၃၁

သင်္ကြန်တွင် လူငယ်များ ပျော်မြူးစွာ ရေကစားနိုင်ရန် ထူးထူးခြားခြား အစီအစဉ် တစ်ခုကို မနော်ရမ္မံ ဥယျာဉ် အနီးတွင် လူငယ်ဆန်သည့် သင်္ကြန် ဧရိယာ တစ်ခုအဖြစ် မန္တလေးမြို့တော် စည်ပင် သာယာရေး ကော်မတီက စီစဉ် ဖန်တီး ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

၂၆ လမ်းအားအဖြစ် နိုင်ငံတကာ ဧည့်သည်များကို ဆွဲဆောင်နိုင်စေမည့် မန္တလေး သင်္ကြန်၊ မြန်မာ့ရိုးရာ သင်္ကြန် ပုံရိပ်အား ဖော်ဆောင်သော လမ်းလျှောက် သင်္ကြန် အပါအ၀င် ကျုံးပတ်လည်တွင် ကျုံးမြို့ရိုး၊ ကျုံးအလှကို ထိခိုက် စေမည့် သင်္ကြန်မဏ္ဍပ် အရေအတွက် လျော့ချ လိုက်ပြီး လူငယ်များ အတွက် ပျော်ရွှင်မြူးကြွစွာ ရေကစားနိုင်မည့် လူငယ်သင်္ကြန်ကို ၆၂ လမ်းရှိ မနော်ရမ္မံတွင် စီစဉ်ထားရှိခြင်း ဖြစ်သည်။

လူငယ်သင်္ကြန် ဧရိယာတွင် Haven Born Band တေးဂီတ အဖွဲ့နှင့်အတူ ဝေလ၊ ထွန်းအိန္ဒြာဗိုလ်၊ ဆုန်သင်းပါရ်၊ G လတ်၊ ရှမ်းလေး၊ ဟေဇယ် တို့က သီဆို ဖျော်ဖြေကြမည် ဖြစ်​ပြီး ဒီဂျေ ချမ်းငြိမ်း၏ မြူးကြွသော တေးသံသာများ ဖြင့်​လည်း ​ဖျော်​​ဖြေမည်​ ဖြစ်ကြောင်း သိရသည်။

ငယ်ငယ် ( TheMandalayNewsJournal )

No comments:

Post a Comment