Latest News

Sunday, March 12, 2017

အရပ်ပု၍ အသားအရောင်ဖျော့တော့သူများ အရွယ်မတိုင်မီ ထိပ်ပြောင်နိုင်ခြေ ပိုများ

အရပ်ပု၍ အသားအရောင်ဖျော့တော့သူများ အရွယ်မတိုင်မီ ထိပ်ပြောင်နိုင်ခြေ ပိုများ

ဥရောပအနွယ်မှ ဆင်းသက်လာသည့် အရပ်ပုသူများသည် ထိပ်ပြောင်နိုင်ခြေ ပို၍များကြောင်း လေ့လာချက်အသစ်အရ သိရသည်။

“နှိုင်းရသဘောအရ အရပ်ပုတဲ့သူတွေဟာ သူတို့ဆံပင်တွေ ဆုံးရှုံးနိုင်ခြေ ပိုပြီးမြင့်မားပါတယ်” မတ် ၉ ရက်တွင် ဖော်ပြခဲ့သည့် လေ့လာချက်ကို ဦးဆောင်သူ ဘွန်းတက္ကသိုလ်မှ ပါမောက္ခ စတက်ဖနီဟေး မန်းဟိန်းဘာ့ခ်ျက ပြောကြားခဲ့သည်။


“ကျွန်မတို့ရဲ့ အချက်အလက်တွေက ထိပ်ပြောင်မှုမှာ ပါဝင်ပတ်သက်တဲ့ ဗီဇအချို့ဟာ အရပ်ပုစေတဲ့ ဗီဇတွေနဲ့လည်း ပျမ်းမျှသဘောအရ ဆက်နွှယ်နေတယ်ဆိုတာကို ပြနေပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

အစောပိုင်း သုတေသနအရ အမျိုးသားများပုံစံ ထိပ်ပြောင်သည့် အမျိုးအစားရှိသူများသည် ကိန်းဂဏန်း အချက်အလက်များအရ နှလုံးရောဂါများနှင့် ဆီးကျိတ်ကင်ဆာရောဂါတို့ ဖြစ်နိုင်ခြေပိုများကြောင်း သိရှိခဲ့ရပြီး ဖြစ်သည်။

ခန္ဓာကိုယ်အရွယ်အစား သေးခြင်းနှင့် ကြီးကောင်ဝင်ချိန် စောခြင်းတို့သည်လည်း အမျိုးသားများတွင် ဆံပင်ဆုံးရှုံးမှုနှင့် ဆက်နွှယ်နေသည်။

လူတို့၏ အရပ်အနိမ့်အမြင့်ကို ထိန်းချုပ်သော အချို့ဗီဇများသည်ပင်လျှင် ယင်းအခြေအနေရပ်များနှင့် ယင်းရောဂါများ ပေါ်ထွက်လာရာ၌လည်း အရေးပါသော အခန်းကဏ္ဍ၌ ရှိနေပုံရသည်။

Nature Communications တွင် ဖော်ပြခဲ့သော လေ့လာချက်၌ အရွယ်မတိုင်မီ ထိပ်ပြောင်စေသော ဗီဇမျိုးကွဲပေါင်း ၆၃ ခုကို တွေ့ရှိခဲ့သည်ဟု ဟေးမန်းဟိန်းဘာ့ခ်ျက ပြောကြားခဲ့သည်။

သုတေသနပြုသူများသည် အရပ်အမြင့်နှင့် ဆက်နွှယ်နေမှု တစ်ရပ်ကိုမူ ဖော်ထုတ်ခဲ့ခြင်း မရှိပေ။

၎င်းအပြင် သူတို့သည် ခန္ဓာကိုယ်တည်ဆောက်ပုံ အမျိုးမျိုးနှင့် ဆက်နွှယ်နေသည့် သက်ဆိုင်ရာ ထိပ်ပြောင်နိုင်ခြေများကိုလည်း သတ်မှတ်ခဲ့ခြင်း မရှိပေ။

“ဆံပင်ဆုံးရှုံးမှုနဲ့ အရပ်အမြင့် နှစ်ခုလုံးကို လေ့လာတဲ့ အနာဂတ် လေ့လာချက်တွေက ဒီမေးခွန်းတွေကို ဖြေဆိုနိုင်ဖွယ်ရှိပါတယ်” ဟု ဟေး မန်းဟိန်းဘာ့ခ်ျက ပြောကြားခဲ့သည်။

သို့သော် စာရင်းဇယားအရ ဆက်နွှယ်မှုမှာမူ ကွဲပြားမှုမရှိပေ။                            


Ref: AFP

Eleven Media Group

No comments:

Post a Comment