အင်းစိန် ကိုအောင်စိုး ပြောပြသော အိုးဘိုထောင်၌
ဦးဝီရသူနှင့် ဆုံစဉ်က ...
အခုပြဿ နာမှာ ဆရာတော်ဦးဝီရသူနဲ့ ထောင်ထဲအတူနေခဲ့ဖူးတယ်၊ တွေ့ခဲ့ဖူး တယ်ဆိုတော့ ထောင်ထဲမှာ ဆရာတော် ရဲ့ စိတ်နေသဘောထားကရော ဘယ်လို ရှိတယ်ထင်ပါသလဲ။
.....
ဟုတ်ပါတယ်။ ကျွန်တော်နဲ့ မန္တလေးထောင်ထဲမှာ အတူနေခဲ့ဖူးပါတယ်၊ တွေ့ခဲ့ဖူးပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်လို့ အချိန်မတန်သေးဘူးဗျ။ ဒါပေမဲ့ ကျွန်တော် သိရသလောက်ကတော့ သူက နည်းနည်း အစွန်းရောက်တယ်ပေါ့။ ဘာသာရေး အစွန်းရောက်တယ်ပေါ့။
ထောင်ထဲမှာ တွေ့ရတဲ့သဘောထားနဲ့ လက်ရှိဖြတ်သန်း နေတဲ့လုပ်ရပ်တွေက ကိုက်ညီမှုမရှိဘူး လို့ သုံးသပ်တယ်။ တစ်ချိန်က သူလည်း ဒုက္ခပေးခံခဲ့ရဖူးတယ်။ အခုတော့ ဘယ်လို သဘောထားတွေပြောင်းပြီး ဘယ်လို လျှောက်နေတယ်ဆိုတာတော့ ကျွန်တော် လည်း မသိဘူး။
ထောင်ထဲမှာ ကျွန်တော့် လို လူဆိုးလူမိုက်တစ်ယောက်တောင်မှ ထောင်ထဲမှာ အံတုနေတာ သူက အံတု မနေဘူးဗျ။ ပြေလည်အောင် ပေါင်းပြီးနေ တာ ထောင်ထဲမှာက ပေးမှ ကျွေးမှ ရတာ ကိုးဗျ။ သူက အဲဒီပုံစံနဲ့ ဖြတ်သန်းတယ်။ သူက ထောင်အာဏာပိုင်တွေနဲ့ ပြေလည် အောင် ပေါင်းသင်းဆက်ဆံခဲ့တာကို ကျွန် တော် မြင်ခဲ့ရတယ်။
ကျွန်တော်က ၁၉၉၉ ခုနှစ် လေးလပိုင်းမှာ မန္တလေးထောင်ရောက် ခဲ့တာ။ အဲဒီတုန်းက တိုက်ထဲမှာ ငါးလ ကျော် ခြောက်လလောက်နေခဲ့ရတာ တိုက် ဖွင့်တော့ အဆောင်ရောက်ပေါ့ဗျာ။ ပိုက်ဆံ ပေးလိုက်ကမ်းလိုက်တဲ့အခါ ရာထူးလေး ရ၊ ပြဿ နာတက်တော့ တိုက်ကိုပြန်ရောက် ပေါ့။
အဲဒီမှာ ဦးဝီရသူနဲ့ သွားဆုံတာ။ အဲဒီလိုဆုံတော့ ထောင်အာဏာပိုင်တွေ က ကျွန်တော့်ကို ဒုက္ခပေးဖို့ ကြိုးစားတဲ့ အချိန်မှာ တွေ့ရတာပေါ့။ ဦးဝီရသူက သူတို့အုပ်စုနဲ့ သူတို့နေတာ။ အဲဒီမှာ ဦးဝီ ရသူက သူပြောပေးမယ်ဆိုလို့ ထောင်ဝင် အမှတ်တွေ ဘာတွေပေးပေါ့။ ဦးဝီရသူ နဲ့ တိုက်ရိုက်တော့မဟုတ်ဘူး။
သူတို့အုပ်စု မှာတော့ သူက ဆရာကြီးပေါ့။ သူ့နောက် ကလည်း ထောင်ဝင်စာပြည့်ပြည့်စုံစုံလာ တဲ့ဒကာတွေက အများကြီးရှိတယ်။ နေ တာကလည်း သူ့တပည့်တစ်ယောက်နဲ့ နှစ်ယောက်ပဲ သီးခြားနေတယ်။ ထမင်း ပန်းကန်ဆေး၊ ခွက်ဆေး အဝတ်ဘာညာ လျှော်ဖို့ပေါ့။ ကျွန်တော်တို့ခေတ် ထောင် ဝတ်စုံအဖြူဝတ်တဲ့ခေတ်၊ ပိတ်ဖြူပတ်ပြီး နေတာပေါ့။ သူက အများနဲ့ ရောရောနှော နှောမနေဘူး။ သီးခြားနေတာ၊ သူ့ပုံစံကြည့် ရတာ အမြဲတမ်း တစ်ခုခုကို တွေးတော ကြံစည်နေတဲ့ပုံပဲ။
FlowerNewsJournal
Subscribe to:
Post Comments (Atom)
No comments:
Post a Comment