Latest News

Saturday, March 4, 2017

အရက်ကိုကြိုက်လို့ သောက်တဲ့ခင်

အရက်ကိုကြိုက်လို့ သောက်တဲ့ခင်

မနွယ်နွယ်ခင်သည် သူ့ ကိုယ်သူ အရက်စွဲသူဟု ဘယ် တော့မျှ မယူဆခဲ့ပါ။ သူသည်သောကြာနေ့ ရုံးဆင်းရက်များမှသာ ရန်ကုန်မြို့ထဲ ၁၉ လမ်းသွားပြီး သူငယ်ချင်းများနှင့် တစ်ခွက်တစ်ဖလားလောက် သောက်တတ်သူ။ အလုပ်ပင်ပန်း လွန်းမှသာ တကီလာခေါ် မက္ကဆီ ကန် အရက်ကလေး တစ်ခွက် လောက် သောက်တတ်သူဟုထင်မှတ်ခဲ့သည်။

‘‘ဒါပေမဲ့ တကယ်တော့ အဲဒီလိုမဟုတ်ဘူး။ ကျွန်မက အရက်သောက်ရတာကို စွဲမှန်း မသိ စွဲလာပြီ။ စိတ်ပြေလက် ပျောက် အပျော်သောက်တာဆို တာထက် အကြောင်းအမျိုးမျိုးပြ ပြီး နေ့စဉ်ရက်ဆက် သောက်ချင် နေပြီ။ ငါမသောက်တော့ဘူးလို့ ဆိုပေမယ့် သောက်မိတာပဲ’’ဟု အသက် (၄၂)နှစ်အရွယ် မနွယ် နွယ်ခင်က ပြောသည်။

ယခုနှစ်များမှာ မနွယ်နွယ် ခင်ကဲ့သို့ အရက်ကို အပျော် သဘောထက်ပိုပြီး သောက်နေကြ သော အမျိုးသမီးများ မြန်မာပြည် မှာ ပိုတိုးများလာနေသည်ကို သတိထားမိကြမည်။ ယနေ့ခေတ် မှာ မြန်မာအမျိုးသမီးများ ဘီယာ သောက်သည်က ဘာမှမဆန်း တော့ပါ။ ဘီယာထက်ပြင်းသည့် တကီလာကဲ့သို့ အရက်ပြင်းများ ကို ခုံခုံမင်မင် သောက်နေသူများ ပင် အတော်များလာနေပြီ ဖြစ် သည်။ အရက်မူးပြီး ယိမ်းထိုးနေ သော မြန်မာအမျိုးသမီးများကို လမ်းများမှာ တွေ့ရသည်ကလည်း အဆန်းမဟုတ်တော့ပါ။

၁၉၉၀ ပြည့်နှစ်များဝန်းကျင် က သုတေသနပြုချက်များအရ ကမ္ဘာပေါ်တွင် အရက်သောက်သုံး သူများ၌ အမျိုးသားဦးရေကသာ အမျိုးသမီးများထက် အမြဲတမ်း အဆများစွာ ပိုများခဲ့သည်ဟု သိရသည်။ သို့ရာတွင် ၂၀၁၅  က ပြုလုပ်ခဲ့သော သုတေသနပြု ချက်များအရ အမျိုးသားနှင့် အမျိုးသမီးအရက်သောက်သုံးသူဦးရေ ကွာခြားမှုမှာ တစ်စထက် တစ်စ လျော့နည်းလာနေပြီဟု ဆိုသည်။ အဓိပ္ပာယ်က နိုင်ငံတကာ မှာ အမျိုးသမီးများကလည်း အမျိုးသားများနှင့်တန်းတူ အရက်သောက်လာနေကြပြီ ဆိုသည့် သဘော ဖြစ်၏။

မည်သည့်အတွက်ကြောင့် အမျိုးသမီးများ အရက်ပိုသောက် လာကြသည်ဟု အဆိုပါသုတေ သနပြုချက်မှာ ရှင်းပြမထားသော် လည်း ဆရာဝန်များနှင့် တခြား ကျွမ်းကျင်သူများက အမျိုးသမီး များမှာ အရက်သောက်စရာ အ ကြောင်းအရာများ ပိုရှိသည်ဟု ဆိုသည်။

‘‘ဒါက လွန်ခဲ့တဲ့ နှစ် ၁၀၀ လောက်ကထက်စာရင် ဒီနေ့ အမျိုးသမီးတွေရဲ့ အနေအထိုင် ယဉ်ကျေးမှုပုံစံက ပြောင်းလဲသွား လို့ဖြစ်နိုင်ပါတယ်။ ဟိုတုန်းကလို အိမ်မှာနေတာထက်စာရင် သူတို့ က လူမှုအသိုင်းအဝိုင်းထဲမှာ ပို အနေများလာရတယ်။ အရက် သောက်တာက သူတို့ရဲ့ အလုပ် (ဒါမှမဟုတ်) လူမှုဆက်ဆံရေးရဲ့ အစိတ်အပိုင်းဖြစ်လာတာလည်း ပါတယ်’’ဟု အမေရိကန်နိုင်ငံရှိ အရက်ကြောင့်ဖြစ်သော ပြစ်မှုများနှင့် အရက်သောက်သုံးခြင်း ဆိုင်ရာဌာနက ညွှန်ကြားရေးမှူးဂျော့်ခ်ျနော့ဘ်က ပြောကြားခဲ့သည်။

ထို့အပြင် အမျိုးသမီးများ သည် အမျိုးသားများထက်စာ လျှင် စိတ်ပူပင်သောကဖြစ်မှုနှင့် စိတ်ဓာတ်ကျမှု နှစ်ဆခန့် ပိုများ သည်ဟုဆိုသည်။ စိတ်ပူပင်ခြင်း နှင့် စိတ်ဓာတ်ကျခြင်းကလည်း အရက်ကို ပိုပြီးစွဲလာစေသည်ဟု သူက ရှင်းပြသည်။ အမျိုးသမီး များသည် အရက်သောက်သည့် အခါ အမျိုးသားများထက် ပိုပြီး အမူးရှိန်တက်မှု ပိုပြင်းသည်ဟု သုတေသီများကဆို၏။

အမျိုးသမီးများ အရက် သောက်ရာတွင် အဓိကပြဿနာ မှာ သူတို့သည် အမျိုးသားများနှင့် ကိုယ်ခန္ဓာဖွဲ့စည်းပုံ မတူသည့် အတွက် အရက်ဒဏ်ကို ပိုခံရခြင်း ဖြစ်သည်။ အမျိုးသမီးများ၏ ကိုယ်တွင်းရေဓာတ် ပိုနည်းပါး သဖြင့် အရက်အာနိသင်ကို လျှော့ချမှုနှုန်းလည်း နည်းပါး သည်။ ထို့ကြောင့် အရက်သောက် သည့်အခါ အမျိုးသမီးများမှာ ကျန်းမာရေးထိခိုက်မှု ပိုများသည်။

‘‘ဒါကြောင့် အမျိုးသမီးတွေ ရဲ့ ဦးနှောက်နဲ့ ကိုယ်အစိတ် အပိုင်းတချို့ အရက်နဲ့ပိုထိတွေ့ ကြတယ်။ အရက်ကပါတဲ့ အဆိပ် အတောက်တွေနဲ့ ပိုထိတွေ့မှုများ တယ်။ ရေရှည် အရက်သောက်တဲ့ အမျိုးသမီးတွေက ရင်သားကင် ဆာ၊ အသည်းရောဂါတွေနဲ့ နှလုံး ရောဂါတွေကို အမျိုးသား အရက် သောက်သူတွေထက် ပိုအဖြစ် များတယ်’’

မြန်မာနိုင်ငံတွင် ကျေးလက် နေ အမျိုးသမီးများထက် ခေတ် ပညာတတ် မြို့ကြီးများရှိ အမျိုး သမီးများက အရက်သောက်သုံးမှု ပိုများသည်ကို တွေ့ရမည်။ ကျေး လက်မှာ ယဉ်ကျေးမှုနှင့်ဘာသာ ရေးက အမျိုးသမီးများကို အရက် သောက်ရန် အခွင့်အလမ်း မပေး ပါ။ မြို့ကြီးများမှာ အမျိုးသမီး ငယ် တချို့က အရက်ဘီယာ သောက်စားခြင်းကို ခေတ်မီသည့် လူမှုပုံစံတစ်ခုအဖြစ် မြင်ကြ သည်။ ထို့ကြောင့် ဖက်ရှင်တစ်ခု ကဲ့သို့ လက်တည့်စမ်း ခါစ သောက်ကြသည်။ တကယ်တမ်း တွင် ပူပြင်းသော မြန်မာနိုင်ငံမှာ အရက်သောက်ခြင်းသည် ရုပ်ပိုင်း နှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ ပိုဖြစ်နိုင်သည်။ အရည်အသွေး ကောင်းပြီး ကျန်းမာရေးထိခိုက်မှု နည်းသော နိုင်ငံခြားဖြစ်အရက် များကလည်း ဈေးကြီးလှ၏။ အများစုက ဈေးချိုသော ပြည်တွင်းဖြစ် အရက်ပြင်းများကို သောက်နေကြသည်။

‘‘အနောက်နိုင်ငံကလို မြန် မာမှာက အရက်သိပ်သောက်လို့ မကောင်းဘူး။ ရာသီဥတုပူတော့ ချွေးထွက်များတော့ နံလည်းပိုနံ တယ်။ အနောက်မှာက အမျိုး သမီးတွေ အရက်သောက်တာက အချိန်အဆနဲ့ သောက်ကြတာ။ သောက်တာကို ခေတ်မီတယ်လို့ မထင်ဘူး။ သူတို့က အရက်မ သောက်တဲ့သူကိုလည်း သောက်ပါလို့ မတိုက်တွန်းဘူး။ ဝိုင်ပဲအသောက်များတယ်။ ဒီမှာက အပြင်းစားအရက်တွေ သောက်ကြတာ။ အချိန်အဆလည်း မရှိဘူး။ မသောက်တဲ့ သူကိုလည်း ခေတ်မမီသလို ပြောပြီး အတင်းသောက်အောင် ဆွယ်ကြတယ်’’ဟု အရက်သောက်သူ အမျိုးသမီးသူငယ်ချင်း အတော်များများရှိသော်လည်း အရက်လုံးဝ မသောက်သူ အင်္ဂလိပ်စာ နည်းပြ မစုချစ်က ပြောသည်။

သူ့သူငယ်ချင်း အမျိုးသမီး များသည် ဘီယာတောင် မ သောက်တော့ဘဲ အပြင်းစား အရက်များကို အမျိုးသားများနှင့် တန်းတူ သောက်နေကြပြီဟုဆို သည်။ တချို့ဆိုလျှင် အရက် သောက်သည့် အမျိုးသားများမှာ ဖြစ်တတ်သော အသည်းရောဂါ များပင် ဖြစ်နေကြသည်။ ထို့ ကြောင့် သည်ယဉ်ကျေးမှုကြီးကို မစုချစ်က စိတ်ပျက်လက်ပျက် ရှုတ်ချ၏။

သို့သော်လည်း မနွယ်နွယ်ခင်မှာ အရက်သောက်စရာ အကြောင်းပြချက်ကောင်းကောင်း ရှိသည်။ သူ၏ခင်ပွန်းသည် အသက်ငယ်ငယ်ရွယ်ရွယ်နှင့် ကွယ်လွန်သွားပြီးသည့်နောက် စိတ်ဖြေစရာအဖြစ် ညဘက် သူငယ်ချင်းများနှင့် ဘီယာဆိုင်ထိုင်ခဲ့သည်။ ထိုကနေမှ ယခုကဲ့သို့ အရက်ကို ပုံမှန်သောက်လာခြင်းဖြစ်၏။ အရက်သောက်ကြသော သူ့သူငယ်ချင်း အမျိုးသမီး အတော်များများသည် သူတို့၏ စိတ်ဖိစီးမှုသောကများတွက် ဝိုင်တစ်ခွက်ပဲဖြစ်ဖြစ် စသောက်ရာမှ စတင်ခဲ့ခြင်းဖြစ်သည်ဟု မနွယ်နွယ်ခင်က ဆိုသည်။

‘‘ကျွန်မတို့တွေမှာ စိတ် သောကတွေ အများကြီးနဲ့ နေနေ ရတယ်။ အိမ်အပူ၊ မိသားစုအပူ၊ အလုပ်ကအပူတွေနဲ့။ အဲဒီတော့ ညဘက် ဝိုင်ပုလင်းလေးထဲက ဝိုင်တစ်ခွက်ကိုသောက်ပြီး အိပ် ပျော်အောင်လုပ်တာက စိတ် သောကတွေဖြေဖို့ အလွယ်ဆုံး’’

အရက်သောက်ခြင်းသည် မကောင်းဘူးဆိုသည်ကို လက်ခံ ထားသော မနွယ်နွယ်ခင်ကအရက် သောက်ခြင်းကို လျှော့ချဖို့ ကြိုး စားနေသည်။ ထိုကနေမှ တဖြည်း ဖြည်း လုံးဝအရက်မသောက်ဘဲ နေသွားဖို့ သူကြိုးပမ်းသွားမည်ဖြစ် သည်။ သူလုပ်နိုင်မည်ဟုလည်း ယုံကြည်ထား၏။ သူ့ကိုယ်သူ စည်းကမ်းတွေ ချမှတ်ထားသည်။ အရက်ကို ညတိုင်းမသောက်ရန်၊ တစ်ယောက်တည်းမသောက်ရန် နှင့် တစ်ခွက်ထက်ပိုပြီးမသောက် ရန် အကျင့်စလုပ်သည်။

‘‘ကျွန်မ ဟင်းချက်ပြုတ်တာ ဝါသနာပါတယ်။ အရက်သောက် မယ့်အစား ဟင်းပိုကောင်းကောင်း ချက်စားနေတယ်။ တစ်ခါတလေ တော့လည်း ဝိုင်လေးတစ်ခွက် လောက်တော့ သောက်မိတာပေါ့။ ဒီထက်မကအောင် သောက်လိုက် ချင်ပေမယ့် သောက်လို့မရဘူးဆို တာကိုတော့ ကျွန်မသိပါတယ်’’

ကိုးကား - ဝါရှင်တန်ပို့စ်

 
7Day News Journal

No comments:

Post a Comment