Latest News

Saturday, March 4, 2017

ဘာသာတရား၊ လူမျိုးရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး

ဘာသာတရား၊ လူမျိုးရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး

(၁)

ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်လို ကိုးကွယ်ရာ ဘာသာမဆို လူ့ လောကကြီး ရှင်သန်ဖွံ့ဖြိုးစေတဲ့ အဆုံးအမတွေကိုပဲ လမ်းညွှန်ကြ တာဖြစ်ပါတယ်။ မတူညီတဲ့ ဘာ သာတရားတွေရဲ့ စတင်ထွန်း ကားရာ နေရာဒေသရဲ့ ပထဝီအ နေအထား၊ လူမှုစီးပွားရေးအခြေ အနေ၊ နောက်ခံသမိုင်းကြောင်း၊ နိုင်ငံရေးအခြေအနေ၊ ယဉ်ကျေး မှု၊ ဓလေ့ထုံးတမ်း စသည်စသည် ဖြင့် ကွဲပြားခြားနားမှုတွေအပေါ် အခြေခံပြီး ဘာသာတရားတစ်ခု နဲ့ တစ်ခုဟာ ဟောပြောပို့ချချက် (Presentation)တွေ ကွဲပြားခြား နားပေမယ့် အနှစ်သာရ (Essen-ce) ကတော့ လူ့လောကတိုးတက် သာယာကောင်းမွန်ဖို့အတွက် လူ သားအချင်းချင်းကြား မေတ္တာ ထားနိုင်ဖို့၊ ဖေးမကူညီဖို့ပဲ ဖြစ်ပါ တယ်။

မနုဿဗေဒလေ့လာမှုတွေ၊ သိပ္ပံဆိုင်ရာတွေ့ရှိချက်တွေအရ ဘာသာတရားတွေက လူသား တွေကို ဖန်တီးခဲ့တာမဟုတ်ဘဲ လူသားတွေကသာ ဘာသာတရားတွေကို ဖန်တီးခဲ့ကြတာကို အား လုံးလက်ခံထားကြပြီး ဖြစ်ပါ တယ်။ ကမ္ဘာကြီးဖြစ်တည်လာ တာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၄,၆၀၀ ခန့်ကတည်းကဖြစ်ပါ တယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းခြောက် သန်းမှာတော့ ခေတ်ဦးလူသား တွေ စတင်ပေါ်ပေါက်လာပြီဖြစ် ပါတယ်။ ပြီးခဲ့တဲ့ နှစ်ပေါင်း ၁ ဒသမ ၄ သန်းခန့်မှာ မီးကိုရှာဖွေ တွေ့ရှိရာကစလို့ လူ့သမိုင်းတစ် ဆစ်ချိုးခဲ့ကြပါတယ်။ ဒါပေမဲ့ ဘာသာတရားတွေကို စတင်တီထွင် ကိုးကွယ်လာကြတာကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃,၀၀၀ ခန့်ကမှ စတင်တာဖြစ်ပါတယ်။ လူ့လော ကရဲ့ မတရားမှု၊ ဆိုးယုတ်မှု၊ မညီမျှမှုတွေကို လျော့ပါးစေဖို့အတွက် လူသားတွေကိုယ်တိုင် ဘာသာ တရားတွေကို တီထွင်ဖန်တီးခဲ့ကြ သလို အဲဒီဘာသာတရားတွေရဲ့ လမ်းညွှန်ပဲ့ပြင်မှုနဲ့ လူ့လောကကြီးက အဆင့်ဆင့်တိုးတက်ရှင်သန် ဖြစ်ထွန်းလာတာ ဒီနေ့ထက်ထိ အောင်ပါပဲ။

ဒါကြောင့် ဘာသာတရား အသီးသီးကို ယုံကြည်သက်ဝင် ကိုးကွယ်ကြသူတွေအနေနဲ့ မိမိ ကိုးကွယ်ရာ ဘာသာတရားဟာ မိမိကို ဖြူစင်မြင့်မြတ်သူဖြစ် အောင် ထိန်းကျောင်းပဲ့ပြင်ပေး မယ့် လမ်းညွှန်ရာအဖြစ်နဲ့ရော မိမိ ရဲ့ပတ်ဝန်းကျင်ကို၊ လူ့လောက ကြီးကို ဟန်ချက်ညီစေဖို့ ထိန်း ကျောင်းနေတဲ့ ပဲ့ကိုင်ရှင်အဖြစ်နဲ့ ပါ ရှင်းလင်းပြတ်သားစွာ မြင်နိုင် စွမ်းရှိဖို့လိုပါတယ်။ မိမိကိုးကွယ် ရာ ဘာသာတရားဟာ မိမိကိုယ် တိုင် လူ့လောကမှာ ဘယ်လိုအ သက်ရှင်နေထိုင်သွားမလဲဆိုတာ ကို လမ်းကြောင်းသတ်မှတ်ပေးပါ တယ်။ ဘာသာတရားက သင် ကြားသတ်မှတ်ပေးတဲ့ လမ်း ကြောင်းကိုလျှောက်ဖို့၊ စည်းကမ်း ကို လိုက်နာဖို့အတွက်တော့ မိမိ ရဲ့ ဘာသာတရားအပေါ်မှာ ယုံ ကြည်တဲ့စိတ်၊ မြတ်နိုးတဲ့စိတ်က နှိုးဆော်ပေးတာဖြစ်ပါတယ်။

လူ့ဘဝနဲ့ လူ့လောကမှာ ဘာသာတရားရဲ့ အခန်းကဏ္ဍ ဟာ ဘယ်လိုရှိတယ်ဆိုတာကို ပြတ်ပြတ်သားသား၊ ရှင်းရှင်းလင်းလင်း မြင်နိုင်စွမ်းမရှိတဲ့အခါ ‘ဘာ သာမဲ့ခြင်း’နဲ့ ‘ဘာသာရေးအစွန်း ရောက်မှု’ဆိုတာ ဖြစ်ပေါ်လာတာ ပါပဲ။

ဘာသာတရားရဲ့ သင်ကြား ပို့ချချက်ကို လိုက်နာဖို့ အဓိက ထားရမှာဖြစ်ပေမယ့် လူတချို့ ဟာ ရေလိုက်လွဲပြီး အဲဒီဘာသာ တရားကိုချစ်တဲ့စိတ်၊ တန်ဖိုးထား တဲ့စိတ်တွေပဲ ရှေ့တန်းတင်လာ တတ်ကြပါတယ်။ အဲဒီလိုရှေ့ တန်းတင်မိတဲ့အခါ မိမိကိုယ်တိုင် ကိုးကွယ်နေတဲ့ ဘာသာတရားရဲ့ အဆုံးအမတွေကိုပါ အထိအတွေ့နည်းလား မေ့လျော့လာသလို ငါ့ဘာသာသာ အမြတ်ဆုံးဆိုတဲ့ အတ္တမာနတွေ ထောင်လွှားလာ တတ်ကြပါတယ်။ အဲဒီလို လူမျိုး ဟာ ဘာသာရေးအစွန်းရောက်ဖို့ အလွယ်ဆုံးလူသားတွေပဲ ဖြစ်ပါ တယ်။

တစ်ချိန်တည်းမှာ သူတို့ဟာ ဘာသာရေးကို ခုတုံးလုပ်ပြီး နိုင်ငံ ရေး၊ စီးပွားရေး၊ လူမှုရေးအမြတ် ထုတ်မယ့်သူတွေရဲ့ လှည့်ဖြား သိမ်းသွင်းခြင်းကို ခံရဖို့လည်း အလွန်လွယ်ကူပါတယ်။

(၂)

မိမိရဲ့ ပတ်ဝန်းကျင်၊ မိမိရဲ့ နယ်နိမိတ်၊ မိမိရဲ့ အမျိုးဇာတိ တွေကို ချစ်မြတ်နိုးတတ်တာ လူ သားရဲ့ သဘာဝတရားတစ်ခုပါ။ မိမိရဲ့ အမျိုးကိုချစ်တဲ့စိတ်၊ ဇာတိ ပုညဂုဏ်မာနတွေကို ပညာဉာဏ် ချွန်းနဲ့ မအုပ်နိုင်တဲ့အခါမှာလည်း လူမျိုးရေး အစွန်းရောက်မှုတွေ ဖြစ်ပေါ်လာပြန်တာပါပဲ။

နေအဖွဲ့အစည်းအတွင်းမှာ ဖြစ်ပေါ်လာတဲ့ ပေါက်ကွဲမှုကြီး တွေကနေ ကမ္ဘာဂြိုဟ်ဖြစ်ပေါ်ခဲ့ ပါတယ်။ အဲဒီကမ္ဘာပေါ်မှာ မမျှော်လင့်တဲ့ တိုက်ခိုက်မှုကြောင့် ဖြစ် ပေါ်လာတဲ့ ကမ္ဘာဦးသက်ရှိတွေ ဖြစ်လာပြီး ဆင့်ကဲဖြစ်စဉ် (Evo-lution) ကြောင့် ဒီနေ့မြင်တွေ့နေ ရတဲ့ လူအပါအဝင် သတ္တဝါတွေ ဖြစ်ပေါ်လာတာပါ။ ဒါကြောင့် မျိုးဗီဇပညာ (Genetic) အရ လေ့ လာမှုတွေက လူသားတစ်ယောက်ဟာ ကမ္ဘာပေါ်က တခြားလူသား တစ်ယောက်နဲ့ (နေရာဘယ် လောက်ကွဲကွဲ၊ လူမျိုးဘယ် လောက်ခြားခြား၊ အသားအရောင် ဘယ်လောက်ပဲမတူတူ၊ ရန်သူဖြစ်ဖြစ်၊ မိတ်ဆွေဖြစ်ဖြစ်) မျိုးဗီဇ (DNA) အားဖြင့် ၉၅ ဒသမ ၅ ရာခိုင်နှုန်းတူညီကြတယ်လို့ လေ့လာတွေ့ရှိထားပါတယ်။ ဆိုလိုတာက တော့ လူသားအားလုံးဟာ အမျိုး တွေ ဖြစ်ကြတယ်ဆိုတာပါပဲ။ ဘယ်သူကမှ မြင့်မြတ်တယ်၊ ဘယ်သူကမှ နိမ့်ကျတယ်ရယ်လို့ မရှိပါ ဘူး။

မနုဿဗေဒ၊ မျိုးဗီဇပညာ၊ သတင်းအချက်အလက်တွေဟာ လက်တစ်ကမ်းမှာ ရှိနေပါလျက်၊ သိနိုင်ပါလျက် စဉ်းစားတွေးခေါ် နိုင်စွမ်းမရှိလောက်အောင် မျိုးရိုး မာနကို တံခွန်ထူထားသူတွေဟာ အမျိုးကို ချစ်ရာမှာ အစွန်းရောက် လာတတ်ကြပြန်ပါတယ်။ ဘာ သာရေးအစွန်းရောက်မှုလိုပဲ လူ မျိုးရေး အစွန်းရောက်တဲ့သူတွေ ဟာလည်း လူမျိုးရေးကို ခုတုံး လုပ်အသုံးချခြင်းကိုခံရဖို့ အခွင့်အ လမ်းများတဲ့သူတွေဖြစ်ပါတယ်။

(၃)

မြန်မာ့နိုင်ငံရေးမှာ ဘာသာ ရေး၊ လူမျိုးရေးကို ခုတုံးလုပ်ပြီး နိုင်ငံရေးအမြတ်ထုတ်ဖို့ ကြိုးစား ကြတာအစဉ်အလာကို ဖြစ်ခဲ့တာ ပါ။ အထူးသဖြင့် ဒီဘက်ခေတ်မှာ ဘာသာရေး၊ လူမျိုးရေးအစွန်း ရောက်မှုကို အခြေခံတဲ့ နိုင်ငံရေး ကစားကွက်တွေကို ပိုပြီးမြင်လာ ရတယ်လို့ ထင်ပါတယ်။ ဒီနေရာ မှာ သတိထားရမှာက မိမိကိုယ် ကိုယ် ဉာဏ်ပညာနဲ့ ထိန်းချုပ်ပြီးဘာသာရေး၊ လူမျိုးရေးကို ခုတုံး လုပ် အမြတ်ထုတ်လိုသူတွေရဲ့ သားကောင်မဖြစ်ဖို့၊ ကြိုးစားကြဖို့ဖြစ်ပါတယ်။

အလျဉ်းသင့်လို့ ဥပမာတစ် ခုကို ထုတ်ပြရရင် ပြီးခဲ့တဲ့နှစ်ပိုင်း တွေအတွင်း အမျိုး၊ ဘာသာ၊ သာသနာအတွက်လို့ ကြွေးကြော် ရင်း၊ ဗုဒ္ဓဘာသာဝင်တွေနဲ့ တခြား ဘာသာဝင်တွေကြား သွေးခွဲ စကားဆိုခဲ့သူတွေ၊ လူမျိုးရေး အဓိကရုဏ်းတွေဖြစ်အောင် လှုံ့ ဆော်ခဲ့သူတွေဟာ ဘာသာရေး၊ လူမျိုးရေး အဓိကရုဏ်းတွေကို ပြည်သူတွေက မုန်းတီးလာတဲ့အ ခါ၊ ဆန့်ကျင်လာတဲ့အခါ လုံးဝ လေသံပြောင်းသွားတာကို သတိ ထားကြည့်ကြစေချင်ပါတယ်။ သူ တို့ဟာ ဘာသာရေး၊ လူမျိုးရေး အမုန်းစကားတွေနဲ့ လူထုကို စည်း ရုံးလို့မရတဲ့အခါ သူတို့ရဲ့ ပန်းတိုင်၊ သူတို့ဖြစ်ချင်တာကို ပြောင် ပြောင်တင်းတင်းပြောဆိုလာကြ တာကို တွေ့ရမှာပါ။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးလို လားသူတွေ၊ ကြိုးစားအားထုတ် သူတွေကို သတိပေးတာလိုလို၊ ခြိမ်းခြောက်တာလိုလို လူမိုက် စကားတွေ ပြောလာတာကို နားနဲ့ မဆံ့အောင် ကြားနေရပါတယ်။ ဒါက အမျိုး၊ ဘာသာ၊ သာသနာ အရေခြုံထားတဲ့ အာဏာလောဘ အစွယ်တွေကို ထုတ်ပြလိုက်တာ ပါပဲ။ သူတို့ ဘာတွေလုပ်နေ သလဲ၊ ဘာကြောင့် လုပ်နေသလဲ၊ ဘယ်သူ့အတွက် လုပ်နေတာလဲ ဆိုတာတွေကို ပြန်လည်စေ့ငုလေ့ လာကြဖို့ လိုအပ်ပါလိမ့်မယ်။

သူတို့ဟာ မိမိတို့ လူမျိုးကို အမှန်တကယ်ချစ်လို့၊ မိမိတို့ဘာ သာကို အမှန်တကယ်မြတ်နိုး တန်ဖိုးထားလို့ ရပ်တည်နေကြ၊ ဆောင်ရွက်နေကြတာမဟုတ်ဘဲ နိုင်ငံရေးရည်မှန်းချက်ဖြစ်တဲ့ စစ်အာဏာတစ်ပိုင်း ဖွဲ့စည်းပုံအခြေ ခံဥပဒေကို ပြင်ဆင်လို့မရအောင် ကာကွယ်ဖို့၊ အာဏာရှင်စနစ်ကို ကျားကန်ပေးဖို့ ဆောင်ရွက်နေကြ တာသာ ဖြစ်တယ်ဆိုတာကို ရှင်း ရှင်းလင်းလင်း မြင်နိုင်မှာဖြစ်ပါ တယ်။

(၄)

နိဂုံးချုပ်အနေနဲ့တော့ မိမိ ကိုးကွယ်တဲ့ ဘာသာကို ဘာ ကြောင့် ကိုးကွယ်နေသလဲ ပြန် လည်ဆန်းစစ်ဝေဖန်ပြီး မိမိကိုယ် ကိုယ်သတိပေးပါ၊ မိမိတို့ ကိုးကွယ်ယုံကြည်ရာ ဘာသာတရားအသီးသီးရဲ့ အဆုံးအမတွေကို လေ့လာပါ၊ လိုက်နာကျင့်သုံးပါ၊ အမျိုး တော်တဲ့ လူသားအချင်းချင်း မေတ္တာတရားပွားများပါ၊ ဘာသာရေး၊ လူမျိုးရေးကို အခြေခံတဲ့ အ မြတ်ထုတ်မှုမျိုးကို မခံကြပါနဲ့လို့ ပဲ ဆန္ဒပြုလိုက်ရပါတယ်။

ဘာသာရေး၊ လူမျိုးရေး အရေခြုံတွေရဲ့ ရည်ရွယ်ချက်ကို သိမြင်ပြီး သူတို့လိုချင်တာမရ အောင် ဝိုင်းဝန်းတားဆီးကြပါစို့၊ ပြည်သူတစ်ရပ်လုံးအတွက် အမှန်တကယ်လိုအပ်တဲ့ ဖွဲ့စည်းပုံအ ခြေခံဥပဒေ ပြင်ဆင်ရေးကိုလည်း အားလုံးက ဝိုင်းဝန်းကြိုးစားကြပါ စို့လို့ တိုက်တွန်းလိုက်ရပါတယ်။

 
7Day News Journal

No comments:

Post a Comment