Latest News

Wednesday, March 29, 2017

တရုတ်နိုင်ငံသား ပစ်ခတ်ခံရမှုအတွှက် တရုတ် နဲ့ ပြင်သစ် ကြား တင်းမာမှု မြင့်တက်နေ


ပြင်သစ်နိုင်ငံ ပဲရစ်မြိုမှာ အသက် ၅၆ နှစ်အရွယ်ရှိ တရုတ်နိုင်ငံသား တစ်ဦးသေ နတ်နဲ့ ပစ်ခံရမှုအပေါ် စုံစမ်းစစ်ဆေးမှု လုပ်သွားမယ်လို့ သိရပါတယ်။
တရုတ်နိုင်ငံသားကို ပြင်သစ်ရဲက သေနတ်နဲ့ ပစ်ခတ်ပြီးနောက် ပြင်သစ်နိုင်ငံရှိ လူမျိုးရေးခွဲခြားရေးအဖွဲစည်းတွေနဲ့ အာရှအဖွဲစည်းတွေ ဟာ ပြင်သစ် အစိုးရကို ဆန့်ကျင်ဆန္ဒပြခဲ့ပါတယ်။

အိမ်နီးချင်း နဲ့ အငြင်းပွားတာကြောင့် တရုတ်နိုင်ငံ ကို ဖမ်းဆီးဖို့ အိမ်ကိုလာချိန်မှာ တရုတ်နိုင်ငံသား က ရဲတွေကို ဓါးနဲ့တိုက်ခိုက်တာကြောင့် ရဲတွေက တရုတ်နိုင်ငံသားကို ပစ်ခဲ့တာလို့ ပြင်သစ်ရဲတပ်ဖွဲတာဝန်ရှိသူကပြောပါတယ်။
 ပစ်သတ်ခံရတဲ့ တရုတ်နိုင်ငံသားနဲ့ နီးစပ်သူတွေ က သေဆုံးခဲ့တဲ့ တရုတ်နိုင်ငံ သား ဟာ တံခါးမဖွင့်ပေးမီမှာပဲ ပြင်သစ်ရဲတွေက ပစ်သတ်ခဲ့တာဖြစ်ပြီး မီသားစုဝင်တွေ ရှေ့မှာ ပစ်သတ်ခံရတာဖြစ်တယ်လို့ပြောပါတယ်။

တရုတ်အစိုးရ ဟာအဆိုပါ တရုတ်နိုင်ငံသား သေဆုံးမှုအပြစ် ဒေါသဖြစ်ပြီး ပြင်သစ်နိုင်ငံအတွင်း ရှိတရုတ်နိုင်ငံသားတွေရဲ့  အကျိုးစီးပွားနဲ့ အသက် အိုးအိမ့်ကို ကာကွယ်ပေးဖို့ ပြင်သစ်အစိုးရကိုတောင်းဆိုခဲ့ပါတယ်။
 တရုတ်အစိုးရ ဟာ သူနိုင်ငံသားသေဆုံးမှုအပေါ် မကျေနပ်တာကြောင့် ပြင်သစ်အစိုးရဆီတိုင်တန်းမှုတွေလုပ်ဆောင်ထားပြီးပြင်သစ် ရဲတပ်ဖွဲအကြီး အကဲတွေ ဟာတရုတ်နိုင်ငံသား သေဆုံးမှုအပေါ် စုံစမ်းနေတာဖြစ်ပါတယ်။
 တရုတ်နိုင်ငံသား  ပစ်သတ်ခံရတာကို မကျေနပ်တာကြောင့် ပဲရစ်မြို့ ရဲစခန်းရှေ့မှာ အာရှတိုက်အဖွဲစည်းတွေ ဆန္ဒပြမှုတွေ ၂ ရက် ဆက်တိုက်ဖြစ်ခဲ့ပြီး ရဲတွေနဲ့ထိပ်တိုက်တွေဆုံတာကြောင့် ရဲသုံးဦး ဒဏ်ရာရမှုနဲ့အတူ ၃၅ ဦးဖမ်းခံရတယ်လို့သိရပါတယ်။
ref reuter
ဇက်အမ်အို (တိုင်းဧရာ) ဘာသာပြန်သည်

No comments:

Post a Comment