Latest News

Wednesday, March 29, 2017

သင်္ကြန်ကာလသတိပြုရှောင်ကြဉ်ဖို့ အချက်၁၂ ချက် ရဲတပ်ဖွဲ့ထုတ်ပြန်

သင်္ကြန်ကာလသတိပြုရှောင်ကြဉ်ဖို့ အချက်၁၂ ချက် ရဲတပ်ဖွဲ့ထုတ်ပြန်

မှုခင်းများ မဖြစ်စေရန် သင်္ကြန်ကာလအတွင်း ပြည်သူများသတိပြုရှောင်ကြည်ရန် အချက် ၁၂ ချက်ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ က ထုတ်ပြန်လိုက်သည်။

သင်္ကြန်ပွဲတော်အတွင်း အရက်သေစာ လွန်ကဲစွာ သောက်စားမူးယစ်ခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ တုတ်၊ ဓား လက်နက်များ ဝှက်သိမ်းကိုင်ဆောင်ခြင်း၊ ကာမရာဂကို နိုးထစေသော ဆေးများရောင်းချခြင်းနှင့် ဝယ်ယူသုံးစွဲခြင်း၊ မြန်မာ့ယဉ်ကျေးမှု နှင့် မလျော်ညီသည့် ဝတ်စားဆင်ယင်ခြင်း၊ မိန်းကလေးများ ဆွေမျိုးသားချင်း မဟုတ်သူများနှင့်အတူ လည်ပတ်ခြင်း၊ မသိသောသူတို့မှ ကျွေးသော အစားအသောက်များကို မချင့်မချိန် စားသောက်ခြင်း၊ တို့ ကို ရှောင်ကြည်ဖို့ လိုသည် ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

ယင်းအပြင် အချိန်လွန် ရေပက်ကစားခြင်း  လည်ပတ်ခြင်း၊ရေပက်ကစားပြီး နားသည့်အချိန်၌ ဆိတ်ကွယ်ရာ၌ အနားယူခြင်း၊ အရက်သေစာ၊မူးယစ်ဆေးဝါးသောက်စားခြင်း၊ ဝန်ပိုများတင်ဆောင်၍ မော်တော်ယာဉ်များ မောင်းနှင်ခြင်း၊ ရေပက်ကစားသူအချင်းချင်း နောက်ပြောင်ကျီစယ်လွန်ခြင်း၊ သင်္ကြန်ကာလအတွင်း အရက်မူးပြီး ရေကန်၊ ချောင်းများ၌ ရေကူးခြင်းနှင့် ရေချိုးခြင်း၊ ရေကစားရာတွင် ယဉ်ကျေးမှုနှင့်ဆန့်ကျင်ပြီး အများအမြင်တွင် မတင့်တယ်သော မဖွယ်မရာ ပုံစံပြုလုပ်ထားသည့် ရေပက်ကိရိယာများ နှင့် ရေပက်ကစားခြင်း တို့အားရှောင်ကြဉ်ရန် လိုအပ်ကြောင်းထုတ်ပြန်ထားသည်။
ယခင် က သင်္ကြန်ကာလတွင် ယခုကဲ့ သို့ ထုတ်ပြန်ချက်မျိုး ထုတ်ပြန်ခဲ့ ခြင်းမရှိခဲ့ ပေ။
Myo  Min Paiing

No comments:

Post a Comment