Latest News

Wednesday, March 29, 2017

ဘီကီနီဘောင်းဘီတို ၀တ်ပြီး ကောင်မလေးတွေကို စားပွဲထိုးခိုင်းတဲ့ စားသောက်ဆိုင်


ထိုင်ဝမ် က စားသောက်ဆိုင်တစ်ဆိုင် ဟာအခြား ဆိုင်တွေနဲ့ မတူဘဲ ဆိုင် က ၀န်ထမ်းကောင်မလေးတွေကို ဘီကီနီ ဘောင်းဘီတိုလေးတွေ ၀တ်ပြီး စားပွဲထိုးခိုင်းမှုအပေါ် လူတွေစိတ်ဝင်စားနေပါတယ်။
Fresh Feast’ အမည်ရှိစားသောက်ဆိုင်ဟာ အမျိုးသမီးငယ်လေးတွေကို ဘီကီနီ ဘောင်းဘီတို့  နဲ့ ရင်သား ဘရာစီယာဝတ်ဆင်ပြီး စားပွဲထိုးစေခဲ့တာဖြစ်ပါတယ်။
 အဆိုပါ စားသောက်ဆိုင်မှာ ဖောက်သည်တွေကိုဆွဲဆောင်နိုင်မှု ရှိအောင်လို အမျိုးသမီးငယ်တွေကို အခုလိုမျိုး ၀တ်စားဆင်ယင်ခိုင်းတာဖြစ်တယ်လို့သိရပါတယ်။
စားသောက်ဆိုင် ဟာ အမျိုးသမီး ၀န်ထမ်းအဖြစ် ရုပ်ချောတဲ့ကောင်မလေးတွေကို သာရွေးခန့်တာဖြစ်ပြီး
ကောင်မလေးတွေကို ဘောင်းဘီတို ၀တ်ဆင် ကာအလုပ်ခိုင်းတာဖြစ်ပါတယ်။
လက်ရှိအချိန်မှာ အဲဒီစားသောက်ဆိုင်အပေါ် ထိုင်ဝမ်မှာ လူသိများ စိတ်ဝင်စားပြီး ဖောက်သည် လာရောက်မှု များတယ်လိုသိရပါတယ်။ လက်ရှိအချိန်မှာ ထိုင်ဝမ်စားသောက်ဆိုင်ရဲ့အပြုအမှုအပေါ် လူအခွင့်ရေး လှုပ်ရှားသူတွေက ဝေဖန်မှုတွေ ပြုလုပ်နေပါတယ်။
ref odd
ဇက်အမ်အို( တိုင်းဧရာ) ဘာသာပြန်သည် 


No comments:

Post a Comment